ဦးမြတ်သက်ဦး[၂] သည် မြန်မာလူမျိုး သံအမတ်ကြီးတစ်ဦး ဖြစ်သည်။သူသည် တပ်မတော်မှ အငြိမ်းစားယူပြီး နိုင်ငံခြားရေးဝန်ကြီးဌာန သို့ကူးပြောင်းလာကာ သံအမတ်ကြီး ဖြစ်လာသူဖြစ်သည်။သံအမတ်ကြီးအဖြစ် လအနည်းငယ်သာ တာဝန်ထမ်းဆောင်လိုက်ရသူလည်းဖြစ်သည်။

မြတ်သက်ဦး
လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၁၆ ဇွန် ၂၀၂၃ – ၁၀ နိုဝင်ဘာ ၂၀၂၃
ယခင်လူဦးကိုကိုနိုင်
ဆက်ခံသူဦးအောင်ကို [၁]
အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး
တာဝန်သက်တမ်း
​ဩဂုတ်၂၀၂၂ – မတ်၂၀၂၃
ယခင်လူဗိုလ်ချုပ် ကိုကို​မောင်
ဆက်ခံသူဗိုလ်မှူးချုပ်စိုးမင်း
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး
တာဝန်သက်တမ်း
၂၀၂၁ – ၂၀၂၂
ယခင်လူဗိုလ်မှူးချုပ် ထွန်းထွန်း​နောင်
ဆက်ခံသူဗိုလ်ချုပ် ကိုကို​မောင်
ကိုယ်ရေး အချက်အလက်များ
ကြင်ဖော်(များ)မီမီဆွေလှိုင်
သားသမီးဘုန်းပြည့်မြတ်လှိုင် ၊ လင်းပြည့်မြတ်လှိုင်
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
ရာထူးဗိုလ်ချုပ်

စစ်မှုထမ်းခြင်း ပြင်ဆင်ရန်

သူသည် စစ်တက္ကသိုလ် အပါတ်စဉ် (၃၈) ဆင်း ဖြစ်သည်။ ကိုယ်ပိုင်အမှတ်မှာ ကြည်း - ၂၀၂၇၈ ဖြစ်သည်။ စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ နောက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ပေးခံရသည်။[၃] ယင်းနောက် ၂၀၂၂ ဩဂုတ်လတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။၂၀၂၃ မတ်လ တွင် ထိုတာဝန်မှ အနားပေးခံရကာ နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ပြောင်းရွှေ့သည်။စစ်တိုင်းမှူးတာဝန်များ မထမ်းဆောင်မီ သူသည် တပ်မ(၇၇) တပ်မမှူး တာဝန် ထမ်းဆောင်ခဲ့သေးသည်။

သံအမတ်ကြီး ဖြစ်လာပုံ ပြင်ဆင်ရန်

၂၀၂၃ မတ်လ နောက်ပိုင်းတွင် သူ့ကို နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သံအမတ်ကြီး အဆင့်ဖြင့် တာဝန်ထမ်းဆောင်ရန် တပ်မတော်က နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းသည်။ ၂၀၂၃ ဇွန်လ ၁၆ ရက်တွင် ၎င်းကို လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာသည်။ [၄] ၂၀၂၃ ဇွန်လ ၂၆ ရက်ကစပြီး လာအိုသမ္မတထံ သံတမန်ခန့်အပ်လွှာပေးပြီး ထိုရာထူးတွင် တရားဝင်တာဝန်ထမ်းဆောင်သည်။ [၅][၆]

ထောင်ဒဏ်ချမှတ်ခံရခြင်း ပြင်ဆင်ရန်

သူသည် လာအိုသမ္မတ ထံ သံအမတ်ခန့်အပ်လွှာပေးအပ်ပြီး  ၄လခန့်အကြာတွင်  နေပြည်တော် သို့ ပြန်လည် ဆင့်ခေါ်ခြင်းခံရသည်။ ၎င်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တွင် တိုင်းမှူးတာဝန်ထမ်းဆောင်စဉ် အခါက ကိစ္စရပ်များကြောင့် ဖြစ်သည်။[၇]၂၀၂၄ ခုနှစ် ဇန်နဝါရီ လတွင် သူ့ကို စစ်ကောင်စီက သံအမတ်ကြီးအဖြစ်မှ ရပ်စဲပြီး  ထောင် ၁၀နှစ် ချသည်။[၈]

ပုဂ္ဂိုလ်ရေးဘဝ ပြင်ဆင်ရန်

အိမ်ထောင်သည်တစ်ဦးဖြစ်သည်။ဇနီးဖြစ်သူမှာ ဒေါ်မီမီဆွေလှိုင် ဖြစ်ကာ ဘုန်းပြည့်မြတ်လှိုင် နှင့် လင်းပြည့်မြတ်လှိုင် ဆိုသည့် သား၂ဦးရှိသည်။[၉]

ကိုးကား ပြင်ဆင်ရန်

  1. စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးသားမက် လာအိုသံအမတ်ဖြစ်လာBBC Burmese (၁၈ ဇန်နဝါရီ ၂၀၂၄)။ ၁၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. တိုင်းမှူးနေရာမှ ဖယ်ရှားခံရသည့် ဗိုလ်ချုပ်မြတ်သက်ဦး လာအိုသံအမတ်ဖြစ်လာMyanmar Now (၁၉ ဇွန် ၂၀၂၃)။ ၂၂ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်MWD (၁၆ ဇွန် ၂၀၂၂)။ ၂၂ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. တိုင်းမှူးဟောင်းကို ဘာကြောင့် လာအိုသံအမတ်ကြီး ခန့်သလဲBBC Burmese (၁၉ ဇွန် ၂၀၂၃)။ ၂၂ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. U Myat Thet Oo presents Credentials to President of the Lao People’s Democratic RepublicThe Global New Light of Myanmar (27 June 2023)။ 27 June 2023 တွင် ပြန်စစ်ပြီး။
  6. Junta Watch: Failed Commander Sent to Laos; Bad Omens Trigger Regime Rituals; and MoreThe Irrawaddy (24 June 2023)။ 27 June 2023 တွင် ပြန်စစ်ပြီး။
  7. လာအိုသံအမတ်ကြီး ဗိုလ်ချုပ်(ငြိမ်း) မြတ်သက်ဦး စစ်ဆေးခံနေရBBC Burmese (၂၉ နိုဝင်ဘာ ၂၀၂၃)။ ၁၃ ဇန်နဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. လာအိုသံအမတ်ကြီး ဗိုလ်ချုပ် (ငြိမ်း) ဦးမြတ်သက်ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်The Irrawaddy (၁၃ ဇန်နဝါရီ ၂၀၂၄)။ ၁၃ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. ရတခ တိုင်းမှူး အပြောင်းအလဲဖြစ်KIC News (၁၉ ဩဂုတ် ၂၀၂၂)။ ၂၂ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။