မြဝတီခရိုင် (အင်္ဂလိပ်: Myawaddy District) သည် ကရင်ပြည်နယ်တွင် ပါဝင်သောခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ မြဝတီမြို့ဖြစ်သည်။

မြဝတီခရိုင်
ကရင်ပြည်နယ်အတွင်းရှိ ခရိုင်
ကရင်ပြည်နယ်အတွင်းတည်နေရာ
ကရင်ပြည်နယ်အတွင်းတည်နေရာ
မြဝတီခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြဝတီခရိုင်
မြဝတီခရိုင်
ကရင်ပြည်နယ်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 16°32′N 98°32′E / 16.533°N 98.533°E / 16.533; 98.533ကိုဩဒိနိတ်: 16°32′N 98°32′E / 16.533°N 98.533°E / 16.533; 98.533
နိုင်ငံ မြန်မာ
ပြည်နယ်ကရင်ပြည်နယ်
မြို့နယ်ပေါင်း
မြို့တော်မြဝတီမြို့
လူဦးရေ (၂၀၁၄)၂၁၀,၆၉၅[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပါဝင်​သောမြို့နယ်များ ပြင်ဆင်ရန်

မြဝတီခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။[၂]

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၄၅ခုနှစ်တွင် မြဝတီမြို့သည် တရုတ်ဖြူများ၏ သိမ်းပိုက်ခြင်း ခံခဲ့ရသည်။ ထို့ကြောင့် မြန်မာ့တပ်မတော်မှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရသည်။ မြဝတီမြို့နယ်သည် ဘားအံခရိုင်၊ ကော့ကရိတ်နယ်တွင်ပါဝင်ခဲ့သော မြို့နယ်ဖြစ်သည်။ ကော့ကရိတ်နယ်တွင် ကော့ကရိတ်ကြာအင်းမြဝတီဟူ၍ မြို့နယ်(၃)ခု ပါဝင်သည်။၁၉၉၅ခုနှစ် စက်တင်ဘာ (၁၉)ရက်နေ့တွင် မြဝတီမြို့နယ်အား မြဝတီခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။[၃]

မြဝတီခရိုင်တွင် မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့နယ်ခွဲ၊ စုကလိမြို့နယ်ခွဲတို့ ပါဝင်ခဲ့သည်။၂၀၁၄-၂၀၁၅ခုနှစ်များတွင် မြို့နယ်ခွဲဟူသော စကားရပ်များကို ပယ်ဖျက်ပြီး မြို့အဆင့်သာ ပြန်လည်သတ်မှတ်ခဲ့သဖြင့် မြဝတီမြို့နယ်တစ်ခုသာ ကျန်ရှိတော့သည်။ ထို့ကြောင့် မြဝတီခရိုင်သည် မြဝတီမြို့နယ်ဖြစ်ကာ မြဝတီမြို့နယ်သည် မြဝတီခရိုင်ဖြစ်သည်။

ပထဝီဝင်အနေအထား ပြင်ဆင်ရန်

တည်နေရာနှင့်အကျယ်အဝန်း ပြင်ဆင်ရန်

မြဝတီခရိုင်သည် ကရင်ပြည်နယ်၏ အရှေ့တောင်ဘက်တွင် တည်ရှိကာ မြန်မာ-ထိုင်း နယ်စပ်အဖြစ် ရှိနေသည်။၁၂၁၀.၈၅၆ စတုရန်းမိုင်ကျယ်ဝန်းကာ အရှေ့မှအနောက်သို့ (၃၁)မိုင်၊ တောင်မှမြောက်သို့ (၇၃)မိုင် ရှည်လျားသည်။

နယ်နိမိတ် ပြင်ဆင်ရန်

မြောက်ဘက်တွင် ဘားအံခရိုင်နှင့် ထိုင်းနိုင်ငံ တက်ခ်ပြည်နယ်၊ အရှေ့ဘက်နှင့် တောင်ဘက်တွင် ထိုင်းနိုင်ငံ တက်ခ်ပြည်နယ်၊ အနောက်ဘက်တွင် ဘားအံခရိုင်နှင့် ကော့ကရိတ်ခရိုင်တို့ တည်ရှိသည်။ ထိုင်းနိုင်ငံနှင့် ကုန်းကြောင်း (၆၈)မိုင်၊ ရေကြောင်း (၁၁၈)မိုင် နယ်နိမိတ် ထိစပ်လျက်ရှိသည်။

မြေမျက်နှာသွင်ပြင် ပြင်ဆင်ရန်

မြဝတီခရိုင်သည် တောင်ကုန်းတောင်တန်းများ ထူထပ်သောခရိုင်ဖြစ်သည်။ဒေါနတောင်သည် ခရိုင်အတွင်း အမြင့်ဆုံးဖြစ်ကာ (၃၇၁၇)ပေ မြင့်မားသည်။

ရေဆင်း ပြင်ဆင်ရန်

မြဝတီခရိုင်အတွင်း မဲကုလားရွာအနီးတွင် တောင်မှမြောက်သို့စီးသော ဂေါ်လီချောင်း၊ အနောက်မှအရှေ့သို့စီးသော မဲကုလားမြစ်တို့ပေါင်းဆုံ၍ သောင်းရင်းမြစ် ဖြစ်ပေါ်လာကာ မြန်မာ-ထိုင်း နယ်နိမိတ်အဖြစ် စီးဆင်းနေသည်။ မဲကနယ်ချောင်း၊ မဲပလဲ့ချောင်း၊ သင်္ဃန်းညီနောင်ချောင်းတို့မှာ ထင်ရှားသည်။

လူဦးရေ ပြင်ဆင်ရန်

၂၀၁၄သန်းခေါင်စာရင်းအရ မြဝတီခရိုင်တွင် လူဦးရေ ၂၁၀,၅၄၀ ဦးရှိကာ အမျိုးသား ၁၀၇,၆၀၇ဦး၊ အမျိုးသမီး ၁၀၂,၉၃၃ဦးဖြစ်သည်။ ကရင်ပြည်နယ်ရှိ ခရိုင်(၄)ခုတွင် တတိယမြောက် လူဦးရေအများဆုံးဖြစ်သည်။ မြို့ပြတွင် ၁၁၆,၅၈၀ဦးနေထိုင်ကာ မြို့ပြနေရာခိုင်နှုန်းမှာ ၅၅.၄ရာခိုင်နှုန်းဖြစ်သည်။ကရင်လူမျိုးများနှင့် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။

စီးပွားရေး ပြင်ဆင်ရန်

မြဝတီခရိုင်သည် ကရင်ပြည်နယ်အတွင်းရှိ စီးပွားရေးကောင်းမွန်သော ခရိုင်တစ်ခူဖြစ်သည်။ ခရိုင်ရုံးစိုက်ရာ မြဝတီမြို့မှာ အရေးပါသော နယ်စပ်မြို့ဖြစ်သဖြင့် ရောင်းဝယ်ဖောက်ကားမှုများဖြင့် စည်ကားသည်။ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားများ၊ နယ်စပ်ကုန်သွယ်ရေးစခန်းများ စသည်တို့လည်းတည်ရှိသည်။ ဒေသခံများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ ဆန်စပါး၊ အစေ့ထုတ်ပြောင်း၊ ပဲတီစိမ်းတို့ကို အဓိကစိုက်ပျိုးကာ ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့သည်။ ထိုင်းနိုင်ငံဘက်ခြမ်းရှိ မဲဆောက်မြို့သို့ သွားရောက်လည်ပတ်သည့် မြဝတီ-မဲဆောက်ခရီးစဉ်များကြောင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများလည်းရှိသည်။[၄]

ပို့ဆောင်ဆက်သွယ်ရေး ပြင်ဆင်ရန်

မြဝတီခရိုင်သည် မော်တော်ကားလမ်းများဖြင့် ဆက်သွယ်ထားသည်။ အာရှနိုင်ငံများကို ဆက်သွယ်ထားသည့် အာရှအဝေးပြေးလမ်းမကြီး (၁)မှာ မြန်မာနိုင်ငံ၌ မြဝတီမြို့တွင် အစပြုသည်။ မြဝတီမြို့တွင် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)နှင့် အမှတ်(၂)တို့ရှိသည်။ မြဝတီမြို့မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မုံရွာ၊ သထုံ၊ တောင်ငူ စသည့်မြို့များသို့ အဝေးပြေးယာဉ်များဖြင့် တိုက်ရိုက်သွားရောက်နိုင်သည်။

ပညာရေး ပြင်ဆင်ရန်

၂၀၁၄သန်းခေါင်စာရင်းအရ မြဝတီခရိုင်တွင် အသက်(၁၅)နှစ်နှင့်အထက် စာတတ်မြောက်နှုန်းမှာ ၈၁.၁ရာခိုင်နှုန်းဖြစ်သည်။

ကျန်းမာရေး ပြင်ဆင်ရန်

မြဝတီခရိုင်တွင် ကုတင်(၁၀၀)ဆံ့ ခရိုင်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံတို့ တည်ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၁၆၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး
  2. မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲမှုဌာန။ 1 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2015 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
  4. နယ်စပ်ဒေသ မြဝတီ-မဲဆောက်သို့။ 21 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 October 2021 တွင် ပြန်စစ်ပြီး။