မြိတ်မြို့နယ်

တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်

မြိတ်မြို့နယ် သည် မြန်မာနိုင်ငံတနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မြိတ်မြို့ ဖြစ်သည်။ စီးပွားရေးအရ ဆုံချက်ကျပြီး၊ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း ဆက်သွယ်မှု ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် ကုန်စည်ကူးသန်းခြင်း အဓိက လုပ်ကိုင်ကြသည်။ သားငါး၊ ရာဘာ၊ သီဟိုဠ်စေ့၊ ကွမ်းသီး၊ ငှက်သိုက်တို့မှာ အဓိကထွက်ကုန် ဖြစ်ကာ၊ ရန်ကုန်သို့ တင်ပို့ ရောင်းချသည်။

မြိတ်မြို့နယ်
မြို့နယ်
မြိတ်ခရိုင်အတွင်းတည်နေရာ
မြိတ်ခရိုင်အတွင်းတည်နေရာ
မြိတ်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြိတ်မြို့နယ်
မြိတ်မြို့နယ်
မြိတ်မြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 12°26′N 98°36′E / 12.433°N 98.600°E / 12.433; 98.600ကိုဩဒိနိတ်: 12°26′N 98°36′E / 12.433°N 98.600°E / 12.433; 98.600
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
ခရိုင်မြိတ်ခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့မြိတ်မြို့
လူဦးရေ (၂၀၁၄)၂၈၄,၄၈၉[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မြစ်ချောင်းနည်းပါးပြီး၊ တောရိုင်းများတွင် ရာဘာ၊ ဆီအုန်းစိုက်ပျိုးသည်။ အဓိကမြစ် သုံးသွယ်မှ မြောက်မှတောင်သို့ စီးဆင်းသော ကျောက်ဖျာမြစ်တနင်္သာရီမြစ်နှင့် သမုတ်မြစ် ဖြစ်သည်။ လှေသင်္ဘောများ ခုတ်မောင်း သွားလာနိုင်သည်။ အီကွေတာမြောက်ဘက် လုံးဝကျရောက်သော ပင်လယ်ကမ်းရိုးတန်းဒေသ ဖြစ်၍ ပိုနွေးစိုစွတ်သော ရာသီဥတု ပိုင်ဆိုင်သည်။

အရှေ့ဘက်တွင် တနင်္သာရီရိုးမတောင်တန်း၊ အနောက်ဘကတွင် ကျွန်းစုမြို့နယ်၊ တောင်ဘက်တွင် တနင်္သာရီမြို့နယ်၊ မြောက်ဘက်တွင် ပုလောမြို့နယ်နှင့် ထိစပ်နေသည်။ တောင်ကုန်းပေါများသဖြင့် မြေမျက်နှာသွင်ပြင် မညီညာချေ။ ကျွဲကူး-ကျောက်ဖျာတံတားပသောင်း-ကြေးနန်းတိုင်တံတား နှစ်စင်းဖြင့် ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်သွယ်ထားသည်။ ဤဒေသတွင် ဆည်မြောင်း မရှိသည့်အပြင် မီးရထားလမ်းလည်း မပေါက်ရောက်ပေ။

ကျေးရွာအုပ်စု ပြင်ဆင်ရန်

25em

မြို့နယ်အတွင်းရှိ ရွာများ ပြင်ဆင်ရန်

25em

ကိုးကား ပြင်ဆင်ရန်

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၄။
  2. GAD