မြောက်ဥက္ကလာပမြို့နယ်

(မြောက်ဥက္ကလာပ မှ ပြန်ညွှန်းထားသည်)

မြောက်‌ဥက္ကလာပမြို့နယ် သည် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းခရိုင်တွင် တည်ရှိသည်။

မြောက်‌ဥက္ကလာပမြို့နယ်
မရမ်းကုန်းခရိုင်အတွင်း တည်နေရာ
မရမ်းကုန်းခရိုင်အတွင်း တည်နေရာ
မြောက်‌ဥက္ကလာပမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြောက်‌ဥက္ကလာပမြို့နယ်
မြောက်‌ဥက္ကလာပမြို့နယ်
မြောက်‌ဥက္ကလာပ တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°49′N 96°6′E / 16.817°N 96.100°E / 16.817; 96.100ကိုဩဒိနိတ်: 16°49′N 96°6′E / 16.817°N 96.100°E / 16.817; 96.100
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ရန်ကုန်
မြို့ရန်ကုန်မြို့
ခရိုင်မရမ်းကုန်း
လူဦးရေ (မတ် ၂၀၁၇)[၁]
 • စုစုပေါင်း၂၈၄,၀၉၅
စာပို့သင်္ကေတ၁၁၀၃၁

သမိုင်းကြောင်း ပြင်ဆင်ရန်

မြောက်‌ဥက္ကလာပမြို့နယ်သည် ၁၉၅၉ ခုနှစ်တွင် တည်‌ထောက်ခဲ့သော မြို့သစ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ဆေးတက္ကသိုလ်(၂)ရန်ကုန်၏ တွဲဖက်သင်ကြားရေးဆေးရုံဖြစ်သော မြောက်‌ဥက္ကလာပဆေးရုံသည် မြောက်‌ဥက္ကလာပမြို့နယ်နှင့် အနီးတဝိုက်ရှိနေရာများမှ လူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။ ဖွဲ့စည်းချိန်တွင် ရပ်ကွက်ပေါင်း ၁၇ ရပ်ကွက်ဖြင့် စတင်ခဲ့သည်။ ၁၉၈၉ တွင် ဝေဘာဂီရပ်ကွက်၊ ၁၉၉၀ တွင် ပေါက်တလောက် မြို့သစ်ရပ်ကွက် ရွှေပေါက်ကံမြို့သစ်ရပ်ကွက်ကိုလည်းကောင်း တိုးချဲ့ ဖွဲ့စည်းပေးသဖြင့် ယခုအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်သည် ရပ်ကွက်ပေါင်း ၁၉ ခုရှိသည်။[၁]

တည်နေရာနှင့် အကျယ်အဝန်း ပြင်ဆင်ရန်

မြောက်‌ဥက္ကလာပမြို့နယ်သည် ရန်ကုန်မြို့အရှေ့ပိုင်းတွင် တည်ရှိပြီး မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၁၆ မိနစ်၊ အရှေ့လာင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၀ မိနစ်တွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၂.၇၈ မိုင် ကျယ်ဝန်းပြီး၊ တောင်မှ မြောက်သို့ ၃.၇၁ မိုင် ရှည်လျားပါသည်။ စတုရန်းမိုင်ပေါင်း ၁၀.၃၂မိုင် ကျယ်ဝန်းပါသည်။ မြောက်‌ဥက္ကလာပမြို့နယ်၏ မြောက်ဘက်တွင် မင်္ဂလာဒုံမြို့နယ်နှင့် လှည်းကူးမြို့နယ်၊ အရှေ့ဘက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ အနောက်ဘက်တွင် မင်္ဂလာဒုံမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်၊ တောင်ဘက်တွင် ကမာရွတ်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့်တောင်ဥက္ကလာပမြို့နယ်တို့ တည်ရှိသည်။

ပထဝီဝင်အနေအထား ပြင်ဆင်ရန်

မြေမျက်နှာသွင်ပြင်မှာ မြေပြန့်လွင်ပြင်ဒေသဖြစ်သည်။ ငမိုးရိပ်ချောင်းသည် မြို့၏ အရှေ့ဘက်မှ ဖြတ်သန်းစီးဆင်းပြီး ငမိုးရိပ်ချောင်းအတွင်းသို့ မယ်လမုချောင်း၊ ဆင်ဖုံချောင်းနှင့် ပေါက်တလောက်ချောင်းတို့ စီးဝင်သည်။ ငမိုးရိပ်ချောင်းသည် ရေအတက်အကျရှိသော ချောင်းတစ်ခုဖြစ်ပြီး ယခုအချိန်ထိ ချောင်းကျိုး၊ မြစ်ကျိုး၊ အင်းနှင့် သဲသောင်များ ဖြစ်ထွန်းလာမှု မရှိသေးသော တစ်ခုဖြစ်သည်။ မြောက်ဥက္ကလာပမြို့နယ်သည် အပူချိန်လျော့နည်းသော ရာသီဥတုရှိပြီး၊ အမြင့်ဆုံး ၃၅ ဒီဂရီ ဆဲလ်စီးယက်စ်နှင့် အနိမ့်ဆုံးအပူချိန်မှာ ၂၄ ဒီဂရီ ဆဲလ်စီးယက်စ်ဖြစ်သည်။ နှစ်အလိုက် မိုးရွာရက်ပေါင်း ၉၀ ရက်ဝန်းကျင်ရှိပြီး ၂၀၁၆ ခုနှစ်တွင် မိုးရေချိန်လက်မ ၁၀၁ လက်မ ရရှိခဲ့သည်။[၁]

လူဦးရေ ပြင်ဆင်ရန်

မြောက်ဥက္ကလာမြို့နယ်တွင် ၂၀၁၇ ခုနှစ် မတ်လကုန်တွင် ကျား ၁၃၅၀၈၉ နှင့် မ ၁၄၈၀၉၁ ဦးဖြင့် စုစုပေါင်း ၂၈၄၀၉၅ ဦးရှိသည်။ အများအားဖြင့် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး ဗမာလူမျိုးအများစုနေထိုင်သည်။ အိမ်ခြေပေါင်း ၄၃၁၃၀ ရှိပြီး အိမ်ထောင်စုပေါင်း ၅၈၃၄၄ စု ရှိသည်။[၁]

အုပ်ချုပ်ရေး ပြင်ဆင်ရန်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အုပ်ချုပ် သည်။ ရပ်ကွက်ပေါင်း (၁၉) ခုရှိပြီး ရွှေပေါက်ကံမြို့သစ် သည် မြောက်ဥက္ကလာပမြို့နယ်ထဲ ပါဝင်သည်။[၁]

ပညာရေး ပြင်ဆင်ရန်

မူလတန်းကျောင်း (၄၅) ကျောင်း၊ အလယ်တန်းကျောင်း (၈) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၄) ကျောင်းနှင့် အထက်တန်းကျောင်း (၇) ကျောင်းရှိသည်။[၁]

အဆင့်မြင်ပညာရေး ပြင်ဆင်ရန်

စီးပွားရေး ပြင်ဆင်ရန်

အဓိကထွက်ကုန်မရှိပါ။ မြို့နယ်အတွင်း ကုမ္ပဏီလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အစိုးရဝန်ထမ်းအဖြစ် လုပ်ကိုင်ကြသည်။ မြောက်ဥက္ကလာပမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့တစ်မြို့ဖြစ်သည်။ စက်မှုဇုန်များအဖြစ် မြောက်ဥက္ကလာပစက်မှုဇုန်နှင့် ရွှေပေါက်ကံစက်မှုဇုန်တို့ တည်ရှိသည်။ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းအဖြစ် ၈၄ ခုရှိသည်။ ဈေးများအဖြစ် ၂ ဈေး၊ ရတနာသိင်္ဂီဈေး၊ ခ ဈေး၊ က ဈေး၊ မေဓာဝီ ဈေး၊ ဃ ဈေး၊ မြနန္ဒာ ဈေး၊ ဌ ဈေး၊ ကျောက်ရေတွင်းဈေး၊ ရွှေပေါက်ကံမြို့သစ်ဈေးနှင့် ဝေဘာဂီ ဈေးတို့ တည်ရှိသည်။ အစိုးရနှင့် ပုဂ္ဂလိကဘဏ်ပေါင်း ၁၀ ခုရှိသည်။ စတိုးဆိုင်နှင့် အရောင်းဆိုင်ပေါင်း ၆၇၁ ခုရှိပြီး ၂၈၃ ခုမှာ လက်ဖက်ရည်ဆိုင်ဖြစ်သည်။ GDP မှာ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စုစုပေါင်းအဖြစ် ကျပ်သန်းပေါင်း ၆၇၅၃၁၂ ရှိသည်။ အလုပ်လုပ်ကိုင်နိုင်သူလူဦးရေမှာ ၂၃၉၆၄၂ ဦးဖြစ်သည်။[၁]

ကျန်းမာရေး ပြင်ဆင်ရန်

အစိုးရနှင့် ပုဂ္ဂလိကဆေးရုံပေါင်း ၈ ခုရှိပြီး ကုတင်အရေအတွက် ၁၂၂၈ ခုရှိသည်။ ဆေးပေးခန်းပေါင်း ၄ ခုရှိသည်။ ၂၀၁၇ ခုနှစ်တွင် စာရင်းများအရ ရောဂါဖြစ်ပွားသူ ၄၁၃ ယောက်ရှိပြီး တီဘီရောဖြစ်ပွားမှုမှာ ၂၈၀ ရှိသည်။ မွေးသေနှုန်း ၁၃.၃၁ % ရှိသည်။[၁]

ထင်ရှားသော အဆောက်အဦးများ ပြင်ဆင်ရန်

မြောက်‌ဥက္ကလာပမြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

အမည် အမျိုးအစား လိပ်စာ မှတ်ချက်
မယ်လမုစေတီ စေတီ သုဓမ္မာလမ်း

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေး အခြေခံ လက်စွဲစာအုပ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၁ ဖေဖော်ဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်