ယူဂိုဆလားဗီးယားဆိုရှယ်လစ်ဖက်ဒရယ်သမ္မတနိုင်ငံ

အလယ်နှင့်အရှေ့တောင်ဥရောပနိုင်ငံ
ဤဆောင်းပါးသည် ၁၉၄၅ မှ ၁၉၉၂ ကာလ ယူဂိုစလားဗီးယားနိုင်ငံ အကြောင်း ဖြစ်သည်။ တစ်နိုင်ငံလုံးစာ အတွက် ယူဂိုဆလားဗီးယား ကို ကြည့်ပါ။

ကိုဩဒိနိတ်: 42°47′N 19°28′E / 42.783°N 19.467°E / 42.783; 19.467


ယူဂိုဆလားဗီးယား ဆိုရှယ်လစ်ဖက်ဒရယ်သမ္မတနိုင်ငံသည် ဗောလကန်ကျွန်းဆွယ်တွင် မြောက်ဘက်အကျဆုံး နိုင်ငံဖြစ်သည်။ မြောက်ဘက်တွင် ဩစတြီးယားနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံ၊ အရှေ့ဘက်တွင် ရူမေးနီးယားနိုင်ငံနှင့် ဘူဂေးရီးယားနိုင်ငံ၊ တောင်ဘက်တွင် ဂရိနိုင်ငံနှင့် အယ်လဗေးနီးယားနိုင်ငံ၊ အနောက်ဘက်တွင် အေဒြီယက်တစ်ပင်လယ်နှင့် အီတလီ နိုင်ငံတို့ အသီးသီး ရှိကြ သည်။ ယူဂိုစလားဗီးယားနိုင်ငံသည် ၁၉၁၄-၁၉၁၈ ခုနှစ် ပထမကမ္ဘာစစ်ပြီးသည့် နောက်တွင် ဩစတြီးယား၊ ဟန်ဂေရီနိုင်ငံ၏ တစ်စိတ်တစ်ဒေသဖြ်စသော ဗော့စနီးယား၊ ဟာဇီဂိုဗီးနား၊ ဒါလမေးရှား၊ ကရိုးအေးရှီးယား၊ ဆလာဗိုးနီးယားနှင့် ဆလိုဗင်းနီးယားပြည်နယ် တစ်စိတ်တစ်ဒေသတို့ကို ယခင် ဗားဗီးယားနိုင်ငံ၊ မွန်တီနီးဂရိုးနိုင်ငံတို့နှင့် စုပေါင်း၍ တည်ထောင်ခဲ့သောနိုင်ငံ ဖြစ်လေသည်။ ထိုစဉ် အခါက ဆဗ်၊ ကရိုးအက်နှင့် ဆလိုဗင်းနိုင်ငံဟု အမည်တွင်ခဲ့၏။ ဆားဗီးယားနိုင်ငံ ရင်ခွက်ပိုက် မင်းသားကြီးသည် ပထမ အယ်လက်ဇန္ဒာ ဘုရင်အဖြစ် အုပ်စိုးခဲ့လေသည်။ ပြည်သူပြည်သားများမှာ ယခင်က သီးခြားပြည်နယ်များဖြင့် နေထိုင်ခဲ့ကြသော်လည်း သွေးတူသားတူ ဆလဗ အမျိုးအနွယ် ဆဗ်လူမျိုး၊ ကရိုးအက်လူမျိုးနှင့် ဆလိုဗင်းလူမျိုးသာ ဖြစ်ကြ၏။

ဖက်ဒရယ်ပြည်သူ့သမ္မတ ယူဂိုဆလားဗီးယားနိုင်ငံတော်
Federal People's Republic of Yugoslavia
(၁၉၄၅–၁၉၆၃)
ဆိုရှယ်လစ်ဖက်ဒရယ်သမ္မတ ယူဂိုဆလားဗီးယားနိုင်ငံတော်
Socialist Federal Republic of Yugoslavia
(၁၉၆၃–၁၉၉၂)

ယူဂိုဆလားဗီးယားဆိုရှယ်လစ်ဖက်ဒရယ်သမ္မတနိုင်ငံ၏ အလံတော်
Emblem of Yugoslavia (1943–1963).svg
Emblem of Yugoslavia (1963–1992).svg
အလံတော် တံဆိပ်‌တော်
အပေါ်: ၁၉၄၃–၁၉၆၃
အောက်: ၁၉၆၃–၁၉၉၂
နိုင်ငံတော် သီချင်း: "ဟေ့ ဆလပ်ဗ်တို့"
Hey, Slavs
ယူဂိုဆလားဗီးယားဆိုရှယ်လစ်ဖက်ဒရယ်သမ္မတနိုင်ငံ ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
ဘဲလ်ဂရိတ်
44°48′N 20°28′E / 44.800°N 20.467°E / 44.800; 20.467
ရုံးသုံး ဘာသာစကားများဖက်ဒရယ်အဆင့်အဖြစ်မသတ်မှတ်
အသိအမှတ်ပြု နိုင်ငံတော် ဘာသာစကားများဆာဘိုခရိုအေးရှန်း
ဆလိုဗင်း
မက်ဆီဒိုးနီးယန်း
တရားဝင် အရေးအသားစနစ်ဆားဘီးယန်း ဆရေးလစ်အက္ခရာ  • ဂက်ဂျ်၏ လက်တင်အက္ခရာ
လူမျိုးစု (၁၉၈၁)
ကိုးကွယ်မှုမသတ်မှတ်[၂][၃]
Demonymယူဂိုဆလပ်ဗ်
ယူဂိုဆလားဗီးယန်း
အစိုးရ၁၉၄၅–၁၉၄၈: ဖက်ဒရယ်မက်စ်–လီနင်ဝါဒီ တစ်ပါတီ ပါလီမန် ဆိုရှယ်လစ်နိုင်ငံ
၁၉၄၈–၁၉၇၁: ဖက်ဒရယ်တီတိုးဝါဒီ တစ်ပါတီ သမ္မတစနစ် ဆိုရှယ်လစ်နိုင်ငံ
၁၉၇၁–၁၉၉၀: ဖက်ဒရယ်တီတိုးဝါဒီ တစ်ပါတီ ပါလီမန် ဆိုရှယ်လစ် ပူးတွဲစနစ် သမ္မတနိုင်ငံ
၁၉၉၀–၁၉၉၂: ဖက်ဒရယ်ပါလီမန် ပူးတွဲစနစ် သမ္မတနိုင်ငံ
ဥပဒေပြုလွှတ်တော်ဖက်ဒရယ်လွှတ်တော်
သမ္မတနိုင်ငံများလွှတ်တော်
ဖက်ဒရယ်ခန်းမ
သမိုင်းဝင်ဖြစ်ရပ်များ
၂၉ နိုဝင်ဘာ ၁၉၄၃
• ကြေညာချက်
၂၉ နိုဝင်ဘာ ၁၉၄၅
၃၁ ဇန်နဝါရီ ၁၉၄၆
၁၉၄၈–၁၉၅၅
၁ စက်တင်ဘာ ၁၉၆၁
၇ ဧပြီ ၁၉၆၃
၄ မေ ၁၉၈၀
၂၇ ဇွန် ၁၉၉၁
၂၇ ဇပြီ ၁၉၉၂
ဧရိယာ
• စုစုပေါင်း
၂၅၅,၈၀၄ km2 (၉၈,၇၆၆ sq mi)
လူဦးရေ
• ၁၉၉၁ ခန့်မှန်း
၂၃,၂၂၉,၈၄၆
HDI (၁၉၉၀)Decrease ၀.၉၁၃[၄]
အလွန်မြင့် · ၃၁
ငွေကြေးယူဂိုဆလပ်ဗ် ဒီနာ (YUD (၁၉၉၀ အထိ)၊ YUN (၁၉၉၂ အထိ))
အချိန်ဇုန်ဗဟိုဥရောပဒေသ စံတော်ချိန်
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+38
Internet TLD.yu


သို့ရာတွင် အုပ်ချုပ်သူ လူမျိုး ခြားများ လက်အောက်၌ တကွဲတပြားစီ ဖြစ်ခဲ့ရသဖြင့်ယဉ်ကျေးမှု အရာ၌သော် လည်းကောင်း၊ တိုးတက်မှု အရာ၌သော်လည်းကောင်း မတူကြချေ။ ကရိုးအက်လူမျိုးနှင့် ဆလို ဗင်းလူမျိုးတို့သည် ဥရောပအနောက်ပိုင်း ယဉ်ကျေးမှုကို ဆက်ခံ ရရှိကြ၏။ ဗရင်ဂျီဂိုဏ်းဝင် များ၏။ ဆဗ်လူမျိုးတို့မှာမူကား တူရကီလက်အောက်တွင် အနေကြာ၍ အရှေ့ဆန်သော ယဉ်ကျေးမှုကို ဆက်ခံရရှိကြ ပြီးလျှင် ဂရိ ခရစ်ယန်ဂိုဏ်းဝင် များ ဖြစ်ကြသည်။ အစ္စလမ် အယူဝါဒီများလည်း ရှိ၏။

ယူဂိုစလားဗီးယားနိုင်ငံသည် အကျယ်အဝန်းအားဖြင့် ၉၈၇၆၆ စတုရန်းမိုင်ရှိ၍ ၁၉၆၁ ခုနှစ် ခန့်မှန်းခြေ အရ လူဦးရေ ၁၈၅၄၉၂၉၁ ယောက်ရှိ၏။ ကမ်းရိုးတန်း တစ် လျှောက်တွင် ကျွန်းများ၊ ပင်လယ်အော်များနှင့် ပင်လယ်လက် ကြားများ ပေါသဖြင့် သဘာဝသင်္ဘောဆိပ်ကောင်းများ ရှိသည်။ ကုန်းတွင်းပိုင်း၌မူကား တော ထူထပ်သော တောင်များ၊ မြေဩဇာ ထက်သန်သော ချိုင့်ဝှမ်းများနှင့် ခြောက်သွေ့သော ထုံးကျောက် ကုန်းပြင်မြင့်ဒေသတို့ ရှိလေသည်။ နိုင်ငံ အလယ် ပိုင်းတွင် ဒန်းညိုမြစ်လက်တက်များ စီးဆင်းရာ ပန်နိုနီယန် လွင်ပြင် တည်ရှိလေသည်။

ဒန်းညုမြစ်အပြင် ယူဂိုစလားဗီးယားနိုင်ငံ၏ အခြားထင်ရှား သော မြစ်များမှာ ဆားဗားမြစ်၊ ဒြေဗားမြစ်၊ မော်ရေးဗားမြစ်၊ ဗော့စနားမြစ်၊ ဗားဒါးမြစ်နှင့် နာရင်တာမြစ်တို့ ဖြစ်သည်။ တောင်ကုန်းများ အကြားတွင် ရှုခင်းတင့်တယ်လှပစွာ တည်ရှိ သော အိုင်အများရှိရာ ထင်ရှားသော အိုင်များမှာ ယူဂိုစလားဗီး ယားနိုင်ငံ တောင်ပိုင်းမှ စတုတာရီအိုင်၊ ပရက်စပါအိုင်နှင့် အိုင်ရစ်အိုင်တို့ ဖြစ်လေသည်။

ရာသီဥတုမှာ အေဒြီယက်တစ် ကမ်းရိုးတန်းတစ်လျှောက် တွင် အပူအအေးမျှတ၍ သာယာသည်။ နွေကူးရာသီနှင့် ဆောင်းကူးရာသီတို့တွင် မိုးကောင်းသည်။ အထူးသဖြင့် တောင် ဘက်ပိုင်း၌ တစ်နှစ်လျှင် မိုးရေချိန် ၆၅ လက်မအထိ ရွာသွန်း ၏။ မြောက်ဘက် အတွင်းကျသော ဒေသတွင် ဥရောပ အလယ်ပိုင်း ရာသီဥတုမျိုး ရှိသည်။ မော်ရေးဗားနှင့် ဗားဒါးမြစ် ဝှမ်း မြေနိမ့်ပိုင်းဒေသတွင် နွေအခါ၌ ခြောက်သွေ့၍ ဆောင်း အခါ၌ အေးမြသော ကုန်းတွင်းရာသီတုမျိုး ရှိလေသည်။

ယူဂိုစလားဗီးယားနိုင်ငံသည် သီးခြားနိုင်ငံအဖြစ် စည်းလုံးမိ ခဲ့သည့်အခါမှစ၍ သဘာဝ ပင်ရင်းပစ္စည်းများကို ရှာဖွေ ဖော်ထုတ်လုပ်ကိုင်ခဲ့ရာ စီးပွားရေးဘက်၌ များစွာ တိုးတက်ခဲ့ လေသည်။ ပန်နိုနီယန် လွင်ပြင်သည် လယ်ယာစိုက်ပျိုးရေး အတွက် အချက်အချာဒေသ ဖြစ်ပေသည်။ စိုက်ပျိုးလုပ်ကိုင် နိုင်သော မြေ ၂၃ ရာခိုင်နှုန်းတွင် ကောက်ပဲသီးနှံပင်များကို စိုက်ပျိုးလျက်ရှိ၏။ လူဦးရေ ငါးပုံ လေးပုံခန့်မှာ စိုက်ပျိုးရေး ဖြင့် အသက်မွေးသူများ ဖြစ်သည်။ ဂျုံ၊ မြင်းစားဂျုံ၊ မုယော၊ ပြောင်းဖူး၊ သကြားမှန်လာ၊ ပိုက်ဆံပင်နှင့် ဘီသွာပင်တို့ကို အဓိက စိုက်ပျိုးကြသည်။ သိုး၊ နွား၊ ဆိတ်၊ ဝက်၊ မြင်းနှင့် ကြက်ငှက်တို့ကိုလည်း မွေးမြူကြသည်။ ချိုင့် ဝှမ်းဒေသများ၌ စပျစ်ပင်၊ လိမ္မော်ပင်၊ ဆီးပင် စသော သစ်သီးပင်များကိုလည်း စိုက်ပျိုးကြသည်။ သယ်ယူ ပို့ဆောင်ရေးအခက်အခဲကြောင့် ယူဂိုစလားဗီးယားနိုင်ငံရိ စက်မှုလက်မှုလုပ်ငန်းများကို အနောက်မြောက်ပိုင်း၌ သာ များသောအားဖြင့် တွေ့ရှိရသည်။

သတ္တုတူးဖော်ရေး လုပ်ငန်းဘက်၌မူ များစွာ တိုးတက်လျက် ရှိလေသည်။ ကြေးနီ၊ သံ၊ ခဲ၊ သွပ်၊ ဗောက်ဆိုက်၊ ခနောက် စိမ်း၊ ရွှေ၊ ကရိုမီယန်၊ မန်ဂနိ၊ ကျောက်မီးသွေးတို့ကို တူးဖော် ရရှိသည်။ ယူဂိုစလားဗီးယားနိုင်ငံသည် ဥရောပနိုင်ငံများတွင် ကြေးနီ အခြေအမြစ် အများဆုံးရှိသော နိုင်ငံ ဖြစ်ပေသည်။

မြို့တော်မှာ ဗဲဂရိတ်မြို့ ဖြစ်၏။ ထင်ရှားသော အခြား မြို့ကြီးများမှာ ဆားရာဂျဲဗိုမြို့၊ ဇာဂရက်မြို့၊ ဆူဗို တိကားမြို့၊ စကုပ်လျဲမြို့နှင့် နိုးဗီဆတ်မြို့များ ဖြစ်သည်။ နိုင်ငံတွင်း လမ်းပန်း အဆက်အသွယ် အတော်အသင့် ကောင်းမွန်၏။ အထူးသဖြင့် ရေလမ်းမှ နိုင်ငံတွင်း အနှံ့အပြား ကူးသန်း သွားလာနိုင်လေသည်။

လွတ်လပ်သောနိုင်ငံ ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းကြ စဉ်က ဆဗ်လူမျိုး၊ ကရိုးအက်လူမျိုးနှင့် ဆလိုဗင်း လူမျိုးတို့ သည် စည်းလုံးမိခဲ့ကြသော်လည်း လွတ်လပ်သော နိုင်ငံဖြစ်လာ သောအခါ အုပ်ချုပ်ရေးကို လူများစုဖြစ်သော ဆဗ်တို့က ကြိုးကိုင်ထားသဖြင့် ကရိုးအက်နှင့် ဆလိုဗင်းတို့က မကျေမနပ် ဖြစ်ကြလေသည်။ အယ်လက်ဇန္ဒာဘုရင်သည် ၁၉၂၁ ခုနှစ် အခြေခံဥပဒေအတိုင်း စည်းမျဉ်းခံဘုရင့်အစိုးရ စနစ်ဖြင့် နိုင်ငံကို အုပ်ချုပ်ရန် ကြိုးပမ်းမှုမှာ မအောင်မြင်တော့ချေ။

၁၉၂၉ ခုနှစ်သို့ ရောက်သောအခါ ပြည်သူ့လွှတ်တော်တွင်း၌ သတ်ဖြတ်မှုများ ပေါ်ပေါက်လာသည်အထိ အခြေအနေမှာ ဆိုးရွားလာသဖြင့် အယ်လက်ဇန္ဒာဘုရင်သည် အခြေခံဥပဒေကို ပယ်ဖျက်ပြီးလျှင် နိုင်ငံကို အာဏာရှင်အဖြစ် အုပ်စိုးခဲ့လေ သည်။ နိုင်ငံ၏ အမည်ကိုလည်း ယူဂိုစလားဗီးယားဟူ၍ ပြောင်းလဲခေါ်ဝေါ်ခဲ့၏။ ၁၉၃၁ ခုနှစ်တွင် အခြေခံ ဥပဒေသစ် တစ်ရပ်ကို ထုတ်ပြန်ကျေညာခဲ့ရာ အမည်အားဖြင့် ပါလီမန် အုပ်ချုပ်ရေးစနစ်အရ အုပ်ချုပ်သည်ဟုဆိုသော်လည်း စင်စစ် အားဖြင့် ဘုရင်သည် ယခင်ကကဲ့သို့ပင် အာဏာရှင်အဖြစ် အုပ်ချုပ်လျက် ရှိနေခဲ့သည်။

၁၉၃၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အယ်လက် ဇန္ဒာဘုရင်သည် ပြင်သစ်နိုင်ငံ မာဆေးမြို့၌ လုပ်ကြံသတ်ဖြတ် ခြင်း ခံရလေသည်၊ ထိုအခါ ၁၁ နှစ်အရွယ်မျှသာရှိသော သား တော် ဒုတိယ ပီတာသည် အယ်လက်ဇန္ဒာဘုရင်၏ ဝမ်းကွဲညီ တော် ပေါမင်းသားကို ရင်ခွင်ပိုက် အုပ်စိုးသူအဖြစ်ထား၍ ထီးမွေ ဆက်ခံလေသည်။

ဒုတိယကမ္ဘာစစ် ဖြစ်ပွားစတွင် ယူဂိုးစလားဗီးယားနိုင်ငံသည် ကြားနေနိုင်ငံအဖြစ် စစ်ကိုရှောင်ရန် ကြိုးစားခဲ့၏။ သို့ရာတွင် ဂျာမန်စစ်တပ်များသည် ဩစတြီးယားနှင့် ချက်ကိုဆလိုဗားကီး ယား နိုင်ငံတို့ကို သိမ်းပိုက်၍ ဟန်ဂေရီ၊ ရူမေးနီးယား၊ ဘူးလ ဂေးရီးယား စသော ပတ်ဝန်းကျင်နိုင်ငံများ၌လည်း ခြေကုပ်ရနေ ကြပြီဖြစ်ရာ ၁၉၄၁ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ယူဂိုစ လားဗီးယားနိုင်ငံသည် ဂျာမနီနိုင်ငံ ခေါင်းဆောင်သော ဝင်ရိုးတန်းနိုင်ငံအုပ်စု၌ ပါဝင်ကြောင်း စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ရလေသည်။ ပြည်သူပြည်သားနှင့်တကွ တပ်မတော် တို့သည် ထိုစာချုပ်ကို သဘောမတူသဖြင့် အစိုးရကို တော်လှန် ပုန်ကန်ကြ၏။ မင်းသား ပေါကို ပြည်နှင်ဒဏ်ပေး၍ ၁၇ နှစ် အရွယ်သာရှိသေးသော မင်းသားပီတာကိုလည်း အရွယ်ရောက် ပြီဟု ကျေညာကာ နန်းတင်ကြပြီးလျှင် ဂျာမန်တို့ကို ခုခံရန် စစ်ပြင်ကြလေသည်။ သို့ရာတွင် ဂျာမန်တို့သည် ယူဂိုစလားဗီး ယားနိုင်ငံကို ရက်သတ္တနှစ်ပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်မိကြ သည်။ ပီတာဘုရင်နှင့် ယင်း၏ အစိုးရအဖွဲ့သည်လည်း ဗြိတိန်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေးကြရလေသည်။

ဂျာမန်နှင့် အီတာလျံတို့သည် ဆားဗီးယားနှင့် ကရိုးအေး ရှီးယားပြည်းနယ်များတွင် ရုပ်သေးအစိုးရအဖွဲ့များ တည်ထောင် ခဲ့၏။ ယူဂိုစလားဗီးယားနိုင်ငံ ကျန်အပိုင်းများကိုမူ အီတလီ နိုင်ငံ၊ ဟန်ဂေရီနိုင်ငံနှင့် ဘူလဂေးရီးယားနိုင်ငံတို့က ခွဲဝေယူကြ သည်။ သို့သော်လည်း ဆားဗီးယားပြည်မှ ဗိုလ်ချု၌် မီးဟိုင်းလို ဗစ် ခေါင်းဆောင်သော မျိုးချစ်ပြောက်ကျားတပ်များသည် ဝင်ရိုးတန်းတပ်များကို ခုခံတိုက်ခိုက်ခဲ့ကြသည်။ ၁၉၄၂ ခုနှစ် တွင် မာရှယ်တီးတိုးဟု အမည်တွင်သည့် ကွန်မြူနစ် ခေါင်း ဆောင် ဂျိုးဆစ် ဗရော်ဇိုဗစ်ကလည်း အခြား ပြောက်ကျား တပ်များ ဖွဲ့စည်း၍ ဂျာမန်နှင့် အီတာလျံတပ်များကို ခုခံ တိုက်ခိုက်လေသည်။ သို့ရာတွင် မကြာမီ ကွန်မြူနစ်ပျောက် ကျားတပ်များနှင့် ကွန်မြူနစ်ဆန့်ကျင်ရေး မျိုးချစ်ပြောက်ကျား တပ်များသည် အချင်းချင်း မသင့် မတင့်ဖြစ်လာကြ၏။ ထို့ပြင် မာရှယ်တီးတိုး၏ အစီအမံကောင်းမှုကြောင့် ကွန်မြူနစ် ပြောက် ကျားတပ်များ အမီးဟိုင်းလိုဗစ်အား ပေးနေသော အကူအညီကို ယောစစ် ဘရော်ဇ် တီးတိုးအား လွှဲပြောင်းပေးကြလေသည်။


၁၉၄၄ ခုနှစ်တွင် မာရှယ်တီးတိုးသည် ရုရှတပ်များနှင့် ပူးပေါင်း၍ ဂျာမန်တပ်များကို ယူဂိုစလားဗီးယားနိုင်ငံမှ တိုက်ထုတ်ခဲ့သည်။ ထိုနောက်တွင် တီးတိုးနှင့် သူ၏ နောက်လိုက်များသည် ယူဂိုစလားဗီးယား တစ်နိုင်ငံလုံးလိုလိုကို ကြိုးကိုင် အုပ်စီးမိလေသည်။ သို့သော် အခိုက်အတန့်အားဖြင့် အဝေးရောက် ဘုရင့် အစိုးရအဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ ၁၉၄၅ ခုနှစ် ရွေးကောက်ပွဲ၌ တီးတိုး၏ ပါတီက အပြတ်အသတ် အနိုင်ရသောအခါ ယူဂိုစလပ်ဘုရင် ဒုတိယပီတာအား နန်းစွန့် စေခြင်းဖြင့် ဘုရင့်စနစ်ကို ဖျက်သိမ်း၍ ထိုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လွတ်လပ်သော ယူဂိုစလားဗီးယား ပြည်သူ့သမ္မတ နိုင်ငံအဖြစ် ကျေညာခဲ့လေသည်။ တီးတိုးသည် ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် ဆောင်ရွက်ရင်း ယူဂိုစလားဗီးယား နိုင်ငံ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လူထုနည်းဖြင့် စွမ်းလွန်းတမံ ဆောင်ရွက်ခဲ့လေသည်။

၁၉၄၈ ခုနှစ်တွင် တီးတိုးနှင့် ကွန်မင်ဖောင်တို့ သဘော ကွဲလွဲမှု ပေါ်ပေါက်ခဲ့လေသည်။ ကွန်မင်ဖောင်က ယူဂိုစလားဗီး ယား၌ တီးတိုးခေါင်းဆောင်မှုမှာ အနောက်ပိုင်း နိုင်ငံများဘက် သို့ ယိမ်းယိုင်လျက်ရှိသဖြင့် ဆိုဗီယက်တို့၏ဝါဒနှင့် ဆန့်ကျင် သည်ဟု စွပ်စွဲ၏။ ထိုကြောင့် တီးတိုးသည် မိမိကျင့်သုံးနေ သော ဝါဒကို မပြောင်းလျှင် ခေါင်းဆောင်အရာမှ ဖယ်ရှားပေး မည်ဟု တောင်းဆိုလာ၏။ သို့သော်လည်း တီးတိုးက ကွန်မင် ဖောင်တွင် ပါဝင်သော မည်သည့်နိုင်ငံ၏ ဩဇာကိုဖြစ်စေ၊ ဆိုဗီယက်၏ ဩဇာကိုဖြစ်စေ နာခံမည်မဟုတ်ကြောင်း ထုတ်ဖော် ကျေညာခဲ့သည်။ ၁၉၄၈ ခုနှစ်၌ပင် နိုင်ငံတွင်းရှိ တသီးပုဂ္ဂလပိုင် စက်မှုလက်မှုလုပ်ငန်းများကို ပြည်သူပိုင် အဖြစ် သိမ်းယူခဲ့သည်။

၁၉၅၃ ခုနှစ်တွင် မာရှယ်တီးတိုးသည် ယူဂိုစလားဗီးယား နိုင်ငံ၏ သမ္မတဖြစ်လာလေသည်။[၅]

ကိုးကားပြင်ဆင်

  1. Demographic characteristics of Yugoslavia in the late 1980s။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2019 တွင် ပြန်စစ်ပြီး။
  2. Avramović 2007, p. 599, Understanding Secularism in a Post-Communist State: Case of Serbia
  3. Kideckel & Halpern 2000, p. 165, Neighbors at War: Anthropological Perspectives on Yugoslav Ethnicity, Culture, and History
  4. Human Development Report 1990HDRO (Human Development Report Office) United Nations Development Programme။ 7 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2018 တွင် ပြန်စစ်ပြီး။
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)