ကမ္ဘာပေါ်တွင် ရစ်အမျိုးမျိုးရှိသည်။ ပါဏဗေဒအလိုအားဖြင့် ရစ်များသည် ဒေါင်းငုံးတောကြက်များနှင့်အတူ ဖာစီအင်နီဒီး မျိုးရင်းတွင် ပါဝင်သည်။ ရစ်အမျိုးမျိုး၌ ပါဏဗေဒ အမည်အမျိုးမျိုး ရှိသည်။ ပါဏဗေဒအလိုအားဖြင့် လိုဖူရာ လျူကိုမယ်လင်နာ ခေါ် ရစ်မျိုး၏ ကိုယ်အလျားမှာ လက်မ ၂ဝ မှ ၂၇ အထိ ရှိသည်။ ပါဏဗေဒအလိုအရ လိုဖူရာနစ်သီးမားရပ်ဟု ခေါ်သည့် ရစ်မျိုး၏အရွယ်မှာ ပထမရစ်မျိုး လောက်ပင်ဖြစ်သည်။ သို့သော် ခြေထောက်နီ၍ အဖို၌ ၁၈ လက်မမှ ၂၆ လက်မအထိ ရှည်သော အမြီး ရှိသည်။ ထိုရစ်ဖိုများ၏ ကိုယ်အထက်ပိုင်းသည် ဖြူ၍ အောက်ဘက်ပိုင်းသည် မည်း၏။ မျက်နှာအရေပြားသည် ကြက်သွေးရောင်ဖြစ်၍ ဦးခေါင်းနှင့် အမောက်များသည် မည်းလျက် ရှိသည်။

ရစ်
Pheasant
Pheasant.jpg
Mongolian Ringneck-type ရစ် cock
မျိုးရိုးခွဲခြားခြင်း
လောက:
Animalia
မျိုးပေါင်းစု:
Chordate
မျိုးပေါင်း:
မျိုးစဉ်:
မျိုးရင်း:
Horsfield, 1821
မျိုးရင်းသေး:
Phasianinae

Horsfield, 1821
မျိုးစု

Afropavo
Argusianus
Catreus
Chrysolophus
Crossoptilon
Gallus
Ithaginis
Lophophorus
Lophura
Pavo
Phasianus
Polyplectron
Pucrasia
Rheinardia
Syrmaticus
Tragopan


ရစ်များ၏ အော်သံမှာ ကွဲအက်၍ အာလုပ်သံ ပါသည်။ ထိတ်လန့်သောအခါ ဟု-ကိ-ကိ ဟူ၍ အာလုပ်သံဖြင့် ထပ်ကာ ထပ်ကာ အော်တတ်သည်။ ပထမရစ်မျိုးဖြစ်သော လိုဖူရာ လျူကိုမယ်လင်နာ ကိုများသောအားဖြင့် ကျွန်းတောများတွင် တွေ့ကြရသည်။ ထိုရစ်မျိုးသည် တောကြက်အုပ်များ ဖွဲ့၍ ချောင်းကလေးများဘေးတွင် ကျက်စားကြသည်။ တောကြက်များကဲ့သို့ မဟုတ်ဘဲ ထိုရစ်မျိုးကို ရိတ်ပြီးစ လယ်ကွင်းများတွင် အတွေ့ရနည်းသည်။ သို့သော် အုပ်စုများ ဖွဲ့၍ နေခြင်းကိုမူ တစ်ခါတစ်ရံ ဆောင်းရာသီ နံနက်ပိုင်းများတွင် တွေ့ရတတ်သည်။ ထို့အပြင် လသာသောညဉ့်များ၌ ကွင်းပြင်များသို့ ထွက်၍ ကျက်စားတတ်ကြသည်ဟု ဆိုသည်။ ကြောက်ရွှံတတ်၍ လူကပ်မခံချေ။ မြေပေါ်၌သာ ပြေးတတ်ကြပြီးလျှင် မတတ်သာမှပင်ထ၍ ပျံတက်ကြသည်။ ထိုရစ်မျိုး၏ အဖိုများသည် အလွန်ရန်မူတတ်ကြသည်။ ယင်းတို့ကို တည်သည့်ရစ်ဖြင့် လွယ်ကူစွာ ဖမ်းယူနိုင်သည်။

ထိုရစ်မျိုးသည် များသောအားဖြင့် မတ်လမှ မေလအထိတွင် သားပေါက်တတ်ကြသည်။ သို့သော် တနင်္သာရီနယ်ဘက်တွင် ဇန်နဝါရီလ စောစောပိုင်းတွင် ဥတတ်ကြသည်။ နောက်တစ်ကြိမ် အောက်တိုဘာအထိ ဥကြပြန်သည်။ လေးဥမှ ဆယ်ဥ အထိရှိသော ဥများကို မြေကြီးပေါ်ရှိ ယက်ထားသော တွင်းများတွင် ဥအုတတ်သည်။ အရောင်မှာ အဖြူမှ နီဝါရောင်အထိ ရှိတတ်သည်။

ထိုရစ်မျိုးကို မြန်မာနိုင်ငံအတွင်းရှိ တောင်ခြေများတွင်အတွေ့ရများပြီးလျှင် ပေ ၆ဝဝဝ အထိ မြင့်သော တောင်ကုန်းများတွင်လည်း အနည်းအကျဉ်း တွေ့ရသည်။ ဒုတိယရစ်မျိုးများကို ပေပေါင်း ၉ဝဝဝ အထိ မြင့်သော တောင်ကုန်းများပေါ်တွင် တွေ့ရသည်။ မြက်ခင်းများသို့ ထွက်ကြသည်ကို တွေ့ရခဲသည်။ ရစ်များ၏ အစာမှာ စပါးဂျုံ စသည့် ကောက်ပဲသီးနှံများ၊ သစ်စေ့သစ်ရွက်မြက်နုအပြင် ပိုးကောင်နှင့် ပိုးပေါက်စများ ဖြစ်လေသည်။[၁]

သတ္တဗေဒအမည်ပြင်ဆင်

ကမ္ဘာပေါ်တွင် ရစ်အမျိုးမျိုးရှိသည်။ မြန်မာနိုင်ငံတွင် ရစ်မျိုးစိတ်သုံးမျိုးကိုတွေ့ရသည်။ ၎င်းတို့မှာ

  1. ရစ်ရင်မဲ (Black Breasted Kalij Pheasant) သိပ္ပံအမည် (Gennaeus Lathami)
  2. မြန်မာငွေရောင်ရစ် (Myanmar Silver Pheasant) သိပ္ပံအမည် (Gennaeus Lathami)
  3. ယူနန်ငွေရောင်ရစ် (Yunnan Silver Pheasant) သိပ္ပံအမည် (Gennaeus Nyethemerus)

အမျိုးအနွယ်ပြင်ဆင်

ရစ်သည် Gallinae မျိုးစဉ်တွင်ပါဝင်ပြီး မျိုးရင်းမှာ Phasainidae ဖြစ်သည်။ ၎င်းမျိုးရင်းတွင်ပါဝင်သော တိရစ္ဆာန်များမှာ တောရိုင်းငှက်များဖြစ်သည့် ဒေါင်းမင်းဒေါင်းတောကြက်ငုံးတောင်ခါနှင့် ခါတို့ဖြစ်သည်။

သို့သော်မြက်ခင်းတောများ၌ နေထိုင်လေရှိသော Button Quails ခေါ် ငုံးတစ်မျိုးမှာ ၎င်းမျိုးရင်းတွင်မပါဝင်ပေ။ ၎င်းမျိုးရင်းတွင်ပါဝင်သော ငှက်တို့သည်မြေပေါ်တွင်ကျက်စားလေ့ရှိကြသည်။ ကြောက်ရွံ့သောအခါတွင် အိပ်တန်းဝင်သောအချိန်များတွင် သစ်ပင်ပေါ်၌နေလေ့ရှိသည်။ ထရာဂိုပန်ရစ် (Trangopans) မျိုးများမှတစ်ပါး မြေပေါ်၌ပင်ဥများဥကြသည်။ ပေါက်ပွားလာသောငှက်ကလေးများတွင် အမွေးနုကလေးများရှိပြီး ဥများပေါက်ပြီးလျှင် ပြီးချင်းလိုပင် လှုပ်ရှားသွားလာနိုင်သည်။

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)