ရောင်းမော်ရွာ၊ ထားဝယ်မြို့နယ်

ရောင်းမော်ရွာ(အင်္ဂလိပ်: Yaungmaw)သည် တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်ထားဝယ်မြို့နယ်ရောင်းမော်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၇၀၉၁ ဖြစ်သည်။[၁]

ရောင်းမော်
ရွာ
ရောင်းမော်ရွာ
ရောင်းမော် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရောင်းမော်
ရောင်းမော်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 14°00′44″N 98°14′30″E / 14.0121097564697°N 98.2417602539063°E / 14.0121097564697; 98.2417602539063ကိုဩဒိနိတ်: 14°00′44″N 98°14′30″E / 14.0121097564697°N 98.2417602539063°E / 14.0121097564697; 98.2417602539063
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
ခရိုင်ထားဝယ်ခရိုင်
မြို့နယ်ထားဝယ်မြို့နယ်
ကျေးရွာအုပ်စုရောင်းမော်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

၂၀၁၉ခုနစ်၊ စက်တင်ဘာလ၏ ထားဝယ်မြို့နယ်ဒေသဆိုင်ရာအချက်အလက်များအရ ၀.၇၆၀ဧက ရှိသော အလကကျောင်း ၌ ဆရာ/ဆရာမ ၁၅ဦး၊ ကျောင်းသား/သူ ၄၃၆ဦး ရှိကာ ဆရာ/ဆရာမ တစ်ဦးလျှင် ကျောင်းသား/သူ ၂၉ယောက် နှုန်းအချိုးကျသည်။ အထကမူကြိုကျောင်း ၌ ဆရာ/ဆရာမ ၂ဦး၊ ကျောင်းသား/သူ ၅၀ဦး ရှိကာ ဆရာ/ဆရာမ တစ်ဦးလျှင် ကျောင်းသား/သူ ၂၅ယောက် နှုန်းအချိုးကျသည်။ ရေတွင်း ၁တွင်းရှိပြီး အိမ်ခြေ ၅၀ ကိုသောက်သုံးရေရရှိနေသည်။ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း၌ အိမ်ခြေ ၃၇၂၊ အိမ်ထောင်စု ၃၇၂ စုအား ငွေကျပ်သိန်း ၃၀ ခွင့်ပြုထားသည်။

သမိုင်းဝင်ဂျောစေတီ ပြင်ဆင်ရန်

သမိုင်းဝင်ဂျောစေတီတော်မြတ်သည် တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်ထားဝယ်မြို့နယ်၊ရှိ ရောင်းမော်ရွာအဝင်ရွာထိပ်တွင် တည်ရှိသည်။ ၎င်းစေတီကိုထားဝယ်(အခေါ်)လှည်းကြောင်းတောစေတီဟု အများစုကခေါ်ကြသည် (ရှေးအခေါ်) ဂျောလဲစေတီ၊လဲဂျောစေတီဟုခေါ်ခဲ့ကြသည်။

ယွန်းမောင်နှမ နန်းလုကြ ပြင်ဆင်ရန်

သမန္တမင်း ပြောင်းရွှေ့၍ မင်းမဲ့ဖြစ်နေသည့် မှိုင်းကာရီမြို့ကို [[ယွန်းပြည်မှ စောလွန်းရွှေ ခေါ် ယွန်းမင်း လာရောက်အုပ်ချုပ်စိုးစံတော်မူလေ၏။ ယွန်းမင်းကြီး စောလွန်းရွှေ နတ်ရွာစံတော်မူလျှင် သားတော် စောထွတ်မင်းသား နှင့် သမီးတော် စောမြဒေဝီ တို့သည် ခမည်းတော်၏ အရိုက်အရာကို သူအုပ်စိုးသင့် ငါအုပ်စိုးသင့်ဟူ၍ ငြင်းခုံလုယက်နေကြသည်ကို မှူးမတ်များ ဖြေဖြန်ပေးကြသော်လည်း ကျေနပ်ခြင်း မရှိကြသဖြင့် တရားအဆုံးအဖြတ် တော်သည်ဟု သတင်းကျော်ကြားသော် တကူမြို့ (ယခုဝဲကျွန်းရပ်နှင့် ဆင်ဆိပ်ရပ်)ကို အုပ်စိုးသော တကူမင်းကြီး ထံ အဆုံးအဖြတ်ခံရန် သွားကြလေသည်။[ကိုးကားချက်လိုသည်]


တကူမင်းကြီး၏ အဆုံးအဖြတ်ကို ခံယူခြင်း ပြင်ဆင်ရန်

တကူမင်းကြီးက " ကျွန်ုပ် ဆုံးဖြတ်သည့်အတိုင်း နာခံကြမည်လော " ဟု မေးတော်မူလျှင် မောင်နှမ(၂)ဦးတို့က နာခံပါမည်ဟု သဘောတူဝန်ခံကြလေ၏။ ယင်းအခါ တကူမင်းကြီးက အကြောင်းစုံကို မေးပြီး ဆုံးဖြတ်သည်မှာ " အသင်တို့မောင်နှမ(၂)ဦးသည် မိမိတို့ပိုင်သည့်နယ်အတွင်း သင့်လျော်သည့်မြေတွင် အမြင့်ဉာဏ်တော်ညီမျှသည့် ဘုရားစေတီတစ်ဆူစီ တည်ကြလော့၊ အလျင်ပြီးသူက ထီးနန်းအုပ်ချုပ်လေ " ဟု ဆုံးဖြတ်ပေးတော်မူလေ၏။[ကိုးကားချက်လိုသည်]

ဘုရားပြိုင် တည်ကြခြင်း ပြင်ဆင်ရန်

တကူမင်းကြီး ဆုံးဖြတ်သည့်အတိုင်း မောင်နှမ(၂)ဦးတို့သည် သဘောတူစွာဖြင့် အမတ်ကြီးများနှင့် တိုင်ပင်ကြကာ ဘုရားတည်မည့် နေရာကိုရွေးချယ်ပြီး ရက်ကောင်းနေ့မြတ် အချိန်အခါတွင် ဘုရားပြိုင်တည်လုပ်ကြလေ၏။ မတော် စောမြဒေဝီ သည် မနိမ့်မမြင့်သော တောင်ကုန်းတစ်ခုပေါ်တွင်လည်းကောင်း၊ နောင်တော် စောထွတ်မင်းသား ကားယင်းတောင်ခြေရင်းအနီး တောတန်းကလေးအဝတွင်လည်းကောင်း တစ်ပြိုင်နက်တည်း တည်လုပ်ကြလေ၏။

ဂျောဘုရား မိုးကြိုးခ ပြိုလဲခြင်း ပြင်ဆင်ရန်

ယင်းအခါ နောင်တော် စောထွတ်မင်းသားသည် အလျင်စလိုအမြန်ပြီးစီးရန် အကောက်ကျင့်ဉာဏ်ဖြင့် ဝါးကို စေတီပုံ ဂျော(ခြင်း) ရက်ပြီးလျှင် ပြီးစီးကြောင်းကို ပြောပြရာ အမတ်ကြီးများက ရင်သပ်,အံ့ဩရှုမောမကုန် ဖြစ်ကြုံကြလေ၏။ နှမတော် စောမြဒေဝီက နောက်တော်၏ အကြံဉာဏ်ကို ရိပ်စားမိသဖြင့် သစ္စာပြုလျင် နတ် သိကြား တို့ထံ တိုင်တမ်းလေရာ အချိန်အခါမဲ့ မိုးလုံး ထစ်ထစ်ချုန်း၍ အုံးအုံးဆူညာ အာကာတစ်ခွင် ထက်ကောင်းကင်မှ စက်ရှင်လက်နက် မိုးကြိုးချက်ကြောင့် ` ခြင်းရက်စေတီသည် မတည်ပျက်ပြိုကာ လဲရှာရလေတော့၏ ' ။ ယင်းကြောင့် စောထွတ်မင်းသားမှာ မိမိ၏အကောက်ကျင့်ဉာဏ် ထင်ပေါ်သဖြင့် မျက်နှာမပြရဲဘဲ တောခိုကာ ရဟန်းဘောင်သို့ ဝင်ရှာရလေ၏။ နှမတော် စော‌မြဒေဝီမှာ နောင်တော်၏ မတရားလုပ်ပုံကို မနှစ်သက်သော်လည်း နောက်တော်အရင်းဖြစ်၍ ခမည်းတော် , မယ်တော်တို့ ကွယ်လွန်သွားသဖြင့် " အစ်ကိုကြီးက အဖအရာ " ဆိုသည့် အတိုင်း အားကိုသမူပြုနေရာမှ ယခုအခါ ခွဲခွာသွားရရှာသည့်အတွက် စိတ်မချမ်းမြေ့ဘဲ ဖြစ်ရှိနေရင်း မိမိ၏ ကုသိုလ်တော်စေတီကို ဆက်လက် မွမ်းမံလျက် ရှိနေလေ၏။

ကိုးကား ပြင်ဆင်ရန်