ရွာပုလဲရွာ၊ မြောင်မြို့နယ်
ရွာပုလဲရွာ (အင်္ဂလိပ်: Ywarpale)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ရွာပုလဲကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၁၂၉၇ ဖြစ်သည်။[၁] ၎င်းရွာသည် ကုန်းဘောင်ခေတ်က အလွန်ထင်ရှားသော ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင် မွေးရာ ဇာတိဖြစ်သည်။ ရွာပုလဲရွာသည် မြင်းမူ-ပရိမ္မ (ကျန်စစ်သားဇာတိ) သွား ကားလမ်းနံဘေးရှိ ကျောက်ရစ်ရွာမှနေ၍ တောင်စူးစူးကို ၁၀ မိုင်နီးနီး သွားရသည်။ ရွာပုလဲဟု သတ်မှတ်ထားသော်လည်း ဒေသခံများက "'ရပလဲ"' ဟုသာ အသံထွက်ကြသည်။
ရွာပုလဲ | |
---|---|
ရွာ | |
ရွာပုလဲရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 21°40′07″N 95°21′09″E / 21.6685371167°N 95.3524414427°Eကိုဩဒိနိတ်: 21°40′07″N 95°21′09″E / 21.6685371167°N 95.3524414427°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်း |
ခရိုင် | စစ်ကိုင်းခရိုင် |
မြို့နယ် | မြောင်မြို့နယ် |
ကျေးရွာအုပ်စု | ရွာပုလဲ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကိုးကား
ပြင်ဆင်ရန်- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
ဤ စစ်ကိုင်းတိုင်းဒေသကြီး တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |