ရွာသစ်မြို့၊ ဘောလခဲခရိုင်

ကချင်ပြည်နယ် မိုးညှင်းခရိုင်ရှိ မြို့ အတွက် ရွာသစ်မြို့၊ မိုးညှင်းခရိုင် ကို ကြည့်ပါ။

ရွာသစ်မြို့ သည် မြန်မာနိုင်ငံကယားပြည်နယ်ဘော်လခဲခရိုင်ဘော်လခဲမြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ ဖြစ်သည်။

ရွာသစ်မြို့
မြို့
ရွာသစ်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရွာသစ်မြို့
ရွာသစ်မြို့
ကိုဩဒိနိတ်: 19°10′00″N 97°29′58″E / 19.166731°N 97.499496°E / 19.166731; 97.499496ကိုဩဒိနိတ်: 19°10′00″N 97°29′58″E / 19.166731°N 97.499496°E / 19.166731; 97.499496
နိုင်ငံ မြန်မာ
ပြည်နယ်ကယားပြည်နယ်
ခရိုင်ဘော်လခဲခရိုင်
မြို့နယ်ဘော်လခဲမြို့နယ်
ဧရိယာ
 • စုစုပေါင်း၀.၁၈၁ စတုရန်းမိုင် (၀.၄၆၈ စတုရန်းကီလိုမီတာ)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၉၆၈ ပေ (၂၉၅ မီတာ)
လူဦးရေ (ဧပြီ ၂၀၁၇)
 • စုစုပေါင်း၁၂၅၁
 • သိပ်သည်းမှု၆၉၀၀/sq mi (၂၇၀၀/km)
 • ဒေသခံလူမျိုးများရှမ်း (၈၅.၇၇%)
ကယား (၁၀.၃၁%)
ဗမာ (၃.၀၃%)
ကရင် (၀.၄၇%)
မွန် (၀.၂၃%)
ရခိုင် (၀.၁၅%)
 • ကိုးကွယ်မှုဗုဒ္ဓခရစ်ယာန်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်းကြောင်း ပြင်ဆင်ရန်

ကယားပြည်နယ်စော်ဘွားကြီး စောလဖော်သည် စောလုံမြို့တွင် နေထိုင်ခဲ့ပြီး နယ်ချဲ့အင်္ဂလိပ်တို့က သီပေါမင်းအား ဖမ်းဆီးသွားသည်ဟု ကြားသိရသောအခါ နယ်ချဲ့လက်အောက်တွင် မနေလိုသဖြင့် စောလုံမြို့ အရှေ့ဘက်တွင် စောလုံရွာသစ်ကို တည်ပြီး နေထိုင်ခဲ့သည်။ နယ်ချဲ့တို့က စောလုံမြို့ကို သိမ်းပိုက်ပြီး စော်ဘွားကြီးအား မေးရာတွင် ရွာသစ်တွင် နေထိုင်ကြောင်း သိရသဖြင့် အခေါ်လွှတ်ရာ စော်ဘွားကြီးက သူ၏ ဆင်ခေါင်းအား ရွာသစ်စော်ဘွားအဖြစ် လွှဲပြောင်းပေးပြီး အင်္ဂလိပ်ထံ စေလွှတ်ခဲ့သည်။ အင်္ဂလိပ်တို့က ဆင်ခေါင်း စောလဝီအား ထပ်ဆင့် စော်ဘွားအဖြစ် ခန့်အပ်ပြီး စောလုံကို အုပ်ချုပ်စေခဲ့သည်။[၁]

စောလဝီလက်ထက်တွင် ကျွန်းသစ်လုပ်ငန်းကို မော်လမြိုင်မြို့ရှိ ကုန်သည်ကြီးများဖြင့် ဆက်လက်လုပ်ကိုင်ခဲ့ပြီး ရှမ်းပြည်နယ်နှင့် မော်လမြိုင်မြို့တို့မှ အလုပ်သမားများ ရောက်ရှိလာရာ ရွာသစ်ကျေးရွာသည် အိမ်ခြေ ၁၀၀၀ ခန့် ရှိလာခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ကရင်နီသောင်းကျန်းသူများက ရွာကို ဝင်ရောက်ဖျက်ဆီးခဲ့ကြသည်။[၁]

ရွာသစ်မြို့သည် ယခင်က ဘော်လခဲမြို့နယ်၏ ကျေးရွာအုပ်စုအဆင့်သာ ဖြစ်ပြီး ၂၀၀၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် ရွာသစ်မြို့နယ်ခွဲအဖြစ် ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၂ ခုတို့ဖြင့် ဖွဲ့စည်းခဲ့သည်။ မြို့နယ်ခွဲစကားရပ်အား ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ပယ်ဖျက်ခဲ့သဖြင့် ရွာသစ်မြို့နယ်ခွဲအား ရွာသစ်မြို့ဟု ပြင်ဆင် ဖွဲ့စည်းခဲ့သည်။[၁]

ပထဝီဝင် ပြင်ဆင်ရန်

တည်နေရာအကျယ်အဝန်း ပြင်ဆင်ရန်

ရွာသစ်မြို့သည် ကယားပြည်နယ်၏ အရှေ့ဘက်တွင် တည်ရှိပြီး ရွာသစ်မြို့သည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၀၉ မိနစ် မှ ၁၉ ဒီဂရီ ၁၀ မိနစ် နှင့် အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၂၉ မိနစ်မှ ၉၇ ဒီဂရီ ၃၀ မိနစ်အကြားတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၀.၄၆၈ စတုရန်းမိုင် (၁.၂၁ စတုရန်း ကီလိုမီတာ) ဖြစ်သည်။[၁]

နယ်နိမိတ် ပြင်ဆင်ရန်

ရွာသစ်မြို့၏ အရှေ့ဘက်တွင် မယ်စဲ့မြို့နယ်၊ တောင်ဘက်တွင် ဖားဆောင်းမြို့နယ်၊ အနောက်ဘက်တွင် ဘော်လခဲမြို့နယ်၊ မြောက်ဘက်တွင် ရှားတောမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။ ရွာသစ်မြို့၏ အရှေ့ဘက် ၄ မိုင်အကွာတွင် သံလွင်မြစ်နှင့် ထိစပ်လျက်ရှိသည်။[၂]

မြေမျက်နှာသွင်ပြင် ပြင်ဆင်ရန်

ရွာသစ်မြို့သည် တောင်ကုန်းတောင်တန်းများ ပေါများပြီး သစ်တောများ ဖုံးလွှမ်းလျက်ရှိကာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၉၆၈ ပေတွင် တည်ရှိသည်။[၂]

ရာသီဥတု ပြင်ဆင်ရန်

ရွာသစ်မြို့သည် ပူအိုက်စိုစွတ်သောရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ် ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၇ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ ပုံမှန်မိုးရေချိန်မှာ ၄၈.၂၉ လက်မ ရှိသည်။[၂]

ရေဆင်း ပြင်ဆင်ရန်

ရွာသစ်မြို့သည် ရေထွက်ပေါက်စိမ့်ထွက်လာသော ချောင်းမြောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး အရပ်လေးမျက်နှာလုံးသို့ စီးဆင်းလျက်ရှိသည်။ ဒေသအတွင်းရှိ ရေအရင်း အမြစ်အများစုမှာ ထုံးဓာတ်အများဆုံးပါဝင်ပြီး ရေချိုများဖြစ်၍ စိုက်ပျိုးရေနှင့် သောက်သုံးရေများအဖြစ် အသုံးပြုသည်။[၂]

လူနေထိုင်မှု ပြင်ဆင်ရန်

၂၀၁၇ ဧပြီလ စာရင်းများအရ ရွာသစ်မြို့တွင် လူဦးရေ ၁၂၅၁ ဦး နေထိုင်ကြပြီး အများစုမှာ ကယားနှင့် ရှမ်းလူမျိုးများ ဖြစ်ကြသည်။[၁]

စီးပွားရေး ပြင်ဆင်ရန်

ရွာသစ်မြို့သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့တစ်ခု ဖြစ်သည်။ ရွှေ့ပြောင်းတောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။ အဓိက ထွက်ကုန်မှာ နှမ်း ဖြစ်သည်။[၁]

ပညာရေး ပြင်ဆင်ရန်

ရွာသစ်မြို့တွင် အဆင့်မြင့် ပညာသင်ကျောင်းများ မရှိဘဲ အထက်တန်းကျောင်း ၁ ခုနှင့် မူလတန်းကျောင်း ၁ ခုသာ ရှိသည်။[၁]

ကျန်းမာရေး ပြင်ဆင်ရန်

ရွာသစ်မြို့တွင် ၁၆ ကုတင်ဆံ့ ဆေးရုံတစ်ခု တည်ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ရွာသစ်မြို့ ဒေသဆိုင်ရာအချက်အလက်များ (PDF)။ ရွာသစ်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန။ အောက်တိုဘာ ၂၀၁၇။ ၇ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ရွာသစ်မြို့၏ ဒေသန္တရအချက်အလက်များ။ ကယားပြည်နယ်အစိုးရအဖွဲ့။ ၇ ဩဂုတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။