လမိုင်းမြို့ (မွန်: ဍုၚ်လၟိုၚ်) သည် မြန်မာနိုင်ငံမွန်ပြည်နယ်ရေးခရိုင်ရေးမြို့နယ်တွင် ပါဝင်သော မြို့တစ်မြို့ ဖြစ်သည်။ လမိုင်းမြို့ရှိ ထင်ရှားသောနေရာဒေသများမှာ ကျာ်ကေလာသဆံတော်ရှင်ဘုရား၊ နောင်တော်ကြီးစေတီ၊ ကျိုက်ဓာတ်ဇူ သာသနာ၁၅၀၀စေတီ၊ ကိုးနဝင်းစေတီ၊ ဗုဒ္ဓဂါယာမင်္ဂလာစေတီ၊ ကျက်သရေမင်္ဂလာရေလယ်ကန်စေတီ၊ ရာမညနိကာယမူလကမ်းနားကျောင်း၊ ရာမညနိကာယရွေကျောင်း၊ ရာမညနိကာယဘုရာကျောင်း၊ ရာမညနိကာယရာမညကျောင်း၊ ရာမညနိကာယအောင်မင်္ဂလာကျောင်း၊ ရာမညနိကာယသာသနာမေဓါဝီကျောင်း၊ ရာမညနိကာယစောင်းတန်းကျောင်း၊ ရာမညနိကာယအစာထောကျောင်း တို့ဖြစ်ပြီး မူလကမ်းနားကျောင်းသည်လမိုင်းမြို့ရှိ ပထမအဦးဆုံးဘုန်းကြီးကျောင်းဖြစ်သည်။ ထို့ပြင် နတ်ရေကန်ဓမ္မရိပ်သာ၊ မုနိပါလဓမ္မရိပ်သာတို့လည်း ရှိသည်။ လမ်းပမ်းဆက်သွယ်ရေးမှာ ကားလမ်း မီးရထားလမ်းဖြင့် တိုက်ရိုက်သွားရောက်နိုင်သည်။ ထင်ရှားသော ကုလားကုတ်ကျွန်းသည်လည်း လမိုင်းမြို့နယ် အတွင်းတည်ရှိသည်။

လမိုင်းမြို့
ဍုၚ်လၟိုၚ်
မြို့
လမိုင်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လမိုင်းမြို့
လမိုင်းမြို့
လမိုင်းမြို့ တည်နေရာ
ကိုဩဒိနိတ်: 15°30′13″N 97°49′56″E / 15.503505°N 97.832153°E / 15.503505; 97.832153ကိုဩဒိနိတ်: 15°30′13″N 97°49′56″E / 15.503505°N 97.832153°E / 15.503505; 97.832153
နိုင်ငံ မြန်မာ
ပြည်နယ် မွန်
ခရိုင်ရေးခရိုင်
မြို့နယ်ရေးမြို့နယ်
လူဦးရေ (၂၀၁၄)[၁]
 • မြို့၈၈,၄၇၆
 • မြို့ပေါ်၁၃,၆၁၄
 • ကျေးလက်၇၄,၈၆၂
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကိုးကား ပြင်ဆင်ရန်

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၉။