လိပ်ဥချောင်းရွာ၊ ဘုတ်ပြင်းမြို့နယ်
(လိပ်ဥချောင်းရွာ မှ ပြန်ညွှန်းထားသည်)
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
လိပ်ဥချောင်းကျေးရွာသည် မြန်မာနိုင်ငံ တောင်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်းရှိ ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်း ကျေးရွာအုပ်စု တွင် ပါဝင်သော ရွာတစ်ရွာ ဖြစ်သည်။[၂] အက်ဒမန်ပင်လယ် တနင်္သာရီကမ်းရိုးတန်း ကမ်းခြေပေါ်တွင် တည်ရှိသည်။ မြန်မာလူမျိုး ၊ ယိုးဒယား နွယ်ဖွား ရှမ်းလူမျိုးနှင့်မလေးရှားနွယ်ဖွား ပသျှူးလူမျိုး တို့နေထိုင်ကြသည်။
လိပ်ဥချောင်းကျေးရွာ | |
---|---|
မြန်မာနိုင်ငံ၏ ရွာများ | |
ရွာတည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 11°19′51″N 98°43′50″E / 11.33083°N 98.73056°Eကိုဩဒိနိတ်: 11°19′51″N 98°43′50″E / 11.33083°N 98.73056°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | တနင်္သာရီတိုင်းဒေသကြီး |
ခရိုင် | ကော့သောင်းခရိုင် |
မြို့နယ် | ဘုတ်ပြင်းမြို့နယ် |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | အိမ်ခြေ၈၅[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
နေထိုင်မှုဘဝ
ပြင်ဆင်ရန်အဓိကစိုက်ပျိုးသီးနှံမှာကွမ်းသီးနှင့် သီဟိုရ်သရက်ဖြစ်ပြီး ရာသီပေါ်ဒူးရင်း၊ ကြက်မောက်နှင့် မင်းကွတ်အစရှိသည့် အသီးအနှံများကိုလဲ စားသုံးရန် စိုက်ပျိုးကြသည်။ တံငါလုပ်ငန်း ပင်လယ်လုပ်ငန်းလုပ်ကိုင်သူအချို့လဲ ရှိကြသည်။
အကျယ်အဝန်း
ပြင်ဆင်ရန်လိပ်ဥချောင်းကျေးရွာသည် ဗမာပိုင်း နှင့် (ယိုးဒယားနွယ်ဖွား) ရှမ်းပိုင်းဟူ၍ နှစ်မျိုးခွဲခြားပြီး ၁.၅ စတုရန်းမိုင် (၃.၉ စတုရန်း ကီလိုမီတာ) ခန့်ကျယ်ဝန်းသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ဘုတ်ပြင်းမြို့နယ် သန်းခေါင်စာရင်း အစီရင်ခံစာ (PDF)။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၇။ 15 July 2019 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ 19 September 2019 တွင် ပြန်စစ်ပြီး။
- ↑ ဘုတ်ပြင်းမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ (PDF)။ ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန။ မတ် ၂၀၁၇။ 15 July 2019 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ 19 September 2019 တွင် ပြန်စစ်ပြီး။
ဤ တနင်္သာရီတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
- ↑ နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)