လူထုတော်လှန်ရေး မဟာမိတ်အင်အားစု

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (အင်္ဂလိပ်: People's Revolution Alliance (Magway)) သည် မြန်မာစစ်ကောင်စီအား တော်လှန်တိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် ဖွဲ့စည်းခဲ့ပြီး မကွေးတိုင်းဒေသကြီးတွင် လှုပ်ရှားလျက်ရှိသည်။

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု
People's Revolution Alliance (Magway)
ဦးစီးတည်ထောင်သူကျော်ကိုရှိန်
တည်ထောင်ခြင်း၂၈ မတ် ၂၀၂၁ (၂၀၂၁-၀၃-၂၈)
စတင်လှုပ်ရှားခြင်း၂၈ မတ် ၂၀၂၁ (၂၀၂၁-၀၃-၂၈) – လက်ရှိ
နိုင်ငံမြန်မာနိုင်ငံ
သစ္စာခံ မြန်မာ
လှုပ်ရှားနယ်မြေမကွေးတိုင်းဒေသကြီး အိန္ဒိယ-မြန်မာနယ်စပ်
Ideologyဖက်ဒရယ်ပြည်ထောင်စုစနစ်
ဒီမိုကရေစီ
မဟာမိတ်
ပြိုင်ဘက်များState opponents:

 မြန်မာ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)

စစ်ပွဲနှင့် တိုက်ပွဲများမြန်မာ့ပြည်တွင်းပဋိပက္ခများ
အလံ

သမိုင်းကြောင်း ပြင်ဆင်ရန်

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု၏ စစ်ဦးစီးချုပ်မှာ ကျော်ကိုရှိန်ဖြစ်ပြီး အာဏာမသိမ်းမီက ဒီမိုကရေစီရေးဆိုင်ရာ အခွင့်အရေးများကို ဆောင်ရွက်သည့် အရပ်ဘက်အဖွဲ့အစည်းများတွင် ပါဝင်ခဲ့သူ ဖြစ်သည်။ ကျော်ကိုရှိန်နှင့် ဒေသခံလူငယ်များသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြမှုများကို မကွေးဒေသတွင် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လာသည့်နောက်တွင် လက်နက်ကိုင်တော်လှန်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ [၃]

၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် စစ်ကောင်စီထိန်းချုပ်သော အမှတ် ၁၀ ကာကွယ်ရေးပစ္စည်းစက်ရုံကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စက်ရုံမီးလောင်ကျွမ်းပြီး စစ်ကောင်စီတပ်သားအချို့ သေဆုံးခဲ့သည်။ အဆိုပါ စစ်ဆင်ရေးကို ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ချင်းဒေသကာကွယ်ရေးတပ်မတော်တို့နှင့် ပူးတွဲ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။[၅]

ရည်ရွယ်ချက်များ ပြင်ဆင်ရန်

လူသား၏ ဖြစ်တည်မှု၊ ဂုဏ်သိက္ခာ၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်မှုအပေါ် အခြေခံ၍ လွတ်လပ်မျှတပြီး တန်းတူညီမျှမှုရှိသည့် လူ့ဘောင်သစ်တရပ် ပေါ်ထွန်းလာစေရန် ဖြစ်သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. မကွေး တော်လှန်ရေးအဖွဲ့ PRA ကို AA ချီးကျူး (22 March 2022)။ 29 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 March 2022 တွင် ပြန်စစ်ပြီး။
  2. ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA Magway) တို့အကြားတွေ့ဆုံ။ 2022-11-03 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ PRA Magway (22 March 2022)။ 27 July 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 March 2022 တွင် ပြန်စစ်ပြီး။
  4. PRA and CDF join forces attack military production factory in Ngape (22 March 2022)။ 27 July 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 March 2022 တွင် ပြန်စစ်ပြီး။
  5. "Resistance force in Magway fire 2 missiles at No.10 Defense Industry" (in en)၊ BNI Online၊ 10 April 2023။