ဝမ်းဘဲအင်းရွာ သည် ပဲခူးတိုင်းဒေသကြီးပဲခူးမြို့နယ် ရှိ ရွာတစ်ရွာ ဖြစ်သည်။[] ပဲခူးမြို့မှ (၁၆)မိုင်ခန့် အကွာတွင် တည်ရှိသည်။

ဝမ်းဘဲအင်းရွာ
ဝမ်းဘဲအင်းရွာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဝမ်းဘဲအင်းရွာ
ဝမ်းဘဲအင်းရွာ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°32′37″N 96°32′34″E / 17.5436496734619°N 96.5427093505859°E / 17.5436496734619; 96.5427093505859ကိုဩဒိနိတ်: 17°32′37″N 96°32′34″E / 17.5436496734619°N 96.5427093505859°E / 17.5436496734619; 96.5427093505859
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
ခရိုင်ပဲခူးခရိုင်
မြို့နယ်ပဲခူးမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

အထက်တန်းအဆင့်ပညာရေးကို အ.ထ.က - ဝမ်းဘဲအင်း တွင် သင်ကြားနိုင်သည်။ အ.ထ.က(ခွဲ)အဖြစ် နှစ်အတော်ကြာ ရပ်တည်ခဲ့ရပြီး နိုင်ငံတော် အစိုးရမှ အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ပေးခဲ့သည်မှာ (၂)နှစ်ခန့်သာ ရှိသေးသည်။ များသောအားဖြင့် ထိုရွာမှ ကျောင်းသားများ သင်ကြားလျက်ရှိသည်။ ဤစာသင်ကျောင်းသည် အမှတ်(၂) ကားလမ်း၏ ဘေးတွင် တည်ရှိသည်။

စီးပွားရေး

ပြင်ဆင်ရန်

တောင်သူလယ်သမားများ အများစုနေထိုင်ကြသည်။ စပါးကို အဓိကထား စိုက်ပျိုးကြသည်။ ထို့ပြင် ရာသီပေါ်သီးနှံတို့ကိုလည်း စိုက်ပျိုးကြသေးသည်။ တစ်နိုင်စီးပွား‌ရေးအဖြစ် အချို့ အိမ်များတွင် ကြက်၊ ဝက်၊ ဘဲ စသော တိရစ္ဆာန်များကိုလည်း မွေးမြူကြသည်။

မိုးယွန်းကြီးအင်း နှင့် နီးသောကြောင့် ထိုအင်းကို အမှီပြုကာ ရေလုပ်ငန်းဖြင့်လည်း အသက်မွေးကြသည်။

ဗုဒ္ဓဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များ အများစု နေထိုင်ကြသည်။ ဝမ်းဘဲအင်းရွာတွင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းပေါင်း (၇၀) ကျော်ခန့်တည်ရှိသည်။ ထိုဘုန်းကြီးကျောင်းများသည် အရိပ်အာဝါသအလွန်ကောင်းသည့် နေရာတွင် တည်ရှိသည်။ ဒေးစွန်ပါစေတီတော် အဝင်မှစကာ ဘုရားတည်ရှိရာ ကုန်းတော်သွားရာ လမ်းဘေးတွင် တည်ရှိကြသည်။

ဝမ်းဘဲအင်းရွာတွင် နတ်ကိုးကွယ်ယုံကြည်မှုလည်း ရှိ၏။ နေအိမ်များ၏ အိမ်ရှေ့တွင် နတ်ကွန်းများဆောက်လုပ်ကာ ကိုးကွယ်ကြသည်။ ဝမ်းဘဲအင်းရွာရှိ ဒေးစွန်ပါစေတီတော် သို့ ရန်ကုန် နှင့် ပဲခူးတစ်ဝိုက်ရှိ ဘုရားဖူးပြည်သူများသည် လာရောက်လာလည်ပတ်ဖူးမြော်လေ့ရှိပြီး အခါကြီးရက်ကြီးများတွင် အထူးစည်ကားသည်။

ရုပ်ပုံများ

ပြင်ဆင်ရန်
  1. ပဲခူးမြို့နယ် ကျေးရွာများပြ မြေပုံ Archived 16 July 2019 at the Wayback Machine. - မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (မေ ၂၀၁၆)