သင့်လူ
ဤဆောင်းပါးသည် ရင်းမြစ်တစ်ခုတည်းအပေါ်တွင် လွန်ကဲစွာ သို့ဟုတ် လုံးဝ မှီခိုထားသည်။ |
သင့်လူ (၁၉၇၃ ခုဖွား) သည် မြန်မာလူမျိုး ဆရာဝန်နှင့် စာရေးဆရာ ဖြစ်သည်။
ဒေါက်တာ သန့်စင်ထူး | |
---|---|
အမည်ရင်း | သန့်စင်ထူး |
မွေးဖွား | ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး | ဇွန် ၁၅၊ ၁၉၇၃
ကလောင်အမည် | သင့်လူ |
အလုပ်အကိုင် | အမြဲတမ်းလက်ထောက်အတွင်းဝန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန |
နိုင်ငံလူမျိုး | မြန်မာ |
နိုင်ငံသား | မြန်မာ |
မိခင်ကျောင်း | အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပဲခူး၊ ဆေးတက္ကသိုလ် မန္တလေး |
အိမ်ထောင်ဖက် | ဒေါက်တာဥမ္မာဌေး |
ငယ်ဘဝနှင့် ပညာရေး
ပြင်ဆင်ရန်၁၉၇၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ဒေါက်တာကျော်ဦး၊ ဒေါ်မြသိန်းတို့က ပဲခူးတိုင်း၊ ပဲခူးမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ သန့်စင်ထူး ဖြစ်သည်။ မွေးချင်း ၂ ဦးရှိပြီး သားကြီးဖြစ်သည်။
၁၉၈၉ ခုနှစ်တွင် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပဲခူးမြို့ (ယခင် အမျိုးသားတန်းမြင့်ကျောင်း) မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ၁၉၉၃ ခုတွင် ဆေးတက္ကသိုလ်၊ မန္တလေးသို့ တက်ရောက်ခဲ့ပြီး ၂၀၀၀ ပြည့်တွင် ဆေးပညာဘွဲ့ (MBBS) ရခဲ့သည်။ ၂၀၀၅ ခုတွင် ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှ ကျန်းမာရေးဘောဂဗေဒ Health Economics ဖြင့် မဟာသိပ္ပံဘွဲ့ ရခဲ့သည်။
အလုပ်အကိုင်
ပြင်ဆင်ရန်ဆေးတက္ကသိုလ်၊ မန္တလေးတွင် ကထိကရာထူးအထိ ထမ်းဆောင်ကာ ၂၀၁၃ ခုတွင် ကျန်းမာရေးစီမံကိန်း ဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ကာ လက်ရှိတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် လက်ထောက်အမြဲတမ်းအတွင်းဝန် ရာထူး၌ တာဝန်ထမ်းဆောင်လျက်ရှိသည်။
စာပေရေးသားခြင်း
ပြင်ဆင်ရန်ဂေဘရီယယ် ဂါဆီယာ မားကွိဇ်၏ One Hundred Years of Solitude စာအုပ်အား ဘာသာပြန်ကာ စာပေလောကသို့ ဝင်ရောက်သည်။
ရေးသားသောစာအုပ်များ
ပြင်ဆင်ရန်နံပါတ် | ခေါင်းစဉ် | မူရင်း ခေါင်းစဉ် | မူရင်း ရေးသူ | ထုတ်ဝေနှစ် | ပုံနှိပ်တိုက် | မှတ်ချက် |
---|---|---|---|---|---|---|
၁ | ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ | One Hundred Years of Solitude | ဂေဘရီယယ် ဂါဆီယာ မားကွိဇ် | ၂၀၁၁ | ကံ့ကော်ဝတ်ရည် | |
၂ | ကြောင်ကို ချူဆွဲကြသူများ | ၂၀၁၀ | ||||
၃ | ပြစ်မှုတစ်ခု ဖွားမြင်ခြင်း | Born a Crime | Trevor Noah | ငါတို့စာပေ | ||
၄ | ပိုင့်ဘဝလမ်း | Life of Pi | Yann Martel | ၂၀၁၃/၂၀၂၀ | သက်ခိုင်စာပေ/ကံကော်ဝတ်ရည် | |
၅ | အိုဘယ့် အစိမ်းတို့မြေ | From the Land of Green Ghosts | ပါစကယ် ခူးသွယ် | ငါတို့စာပေ | ||
၆ | ခေတ်ပြိုင်ကမ္ဘာ အထင်ကရပုဂ္ဂိုလ် ၁၀၀ | ၂၀၁၃ | အခြား ဘာသာပြန်ဆရာများနှင့် စုပေါင်းရေးသားခြင်း ဖြစ်သည် | |||
၇ | လေလွင့်ကြောင် | A Street Cat Named Bob | James Bowen | ၂၀၁၇ | ကံ့ကော်ဝတ်ရည် | |
၈ | ဘော့ပ် ချစ်တဲ့ကမ္ဘာ | The World According to Bob | James Bowen | ၂၀၁၈ | ကံ့ကော်ဝတ်ရည် | |
၉ | နှစ်ခေတ်တစ်ယောက် | Look Who's Back | Timur Vermes | ငါတို့စာပေ | ||
၁၀ | ရာမ | Rendezvous with Rama | Arthur C. Clarke | ငါတို့စာပေ | ||
၁၁ | မိစ္ဆာမြူးချိန် | In Evil Hour | ဂေဘရီယယ် ဂါဆီယာ မားကွိဇ် | ကံ့ကော်ဝတ်ရည် | ||
၁၂ | တေးဆိုငှက်ဒဏ္ဍာရီ | The Wind-Up Bird Chronicle | ဟာရူကီ မူရာကာမီ | |||
၁၃ | မိစ္ဆာ | Outbreak | Robin Cook | |||
၁၄ | ဗိုလ်မှူးကြီးထံ စာရေးမည့်သူ မရှိပါနှင့် ဝတ္ထုတိုများ | No One Writes to the Colonel and Other Stories | ဂေဘရီယယ် ဂါဆီယာ မားကွိဇ် | ကံ့ကော်ဝတ်ရည် |
| |
၁၅ | သက်တော်ရာကျော် ထပ်ကာ ရှည်စေသော်ဝ် | The Accidental Further Adventures of Hundred Year-Old Man | Jonas Jonasson | ငါတို့စာပေ | ||
၁၆ | သက်တော်ရာကျော် ရှည်စေသော်ဝ် | The Hundred Year-Old Man Who Climbed Out of the Window and Disappeared | Jonas Jonasson | ငါတို့စာပေ | ||
၁၇ | ကျားဖြူ | The White Tiger | Aravind Adiga | ငါတို့စာပေ | ||
၁၈ | ခွေးသေတစ်ခု အရင်းပြု | The Curious Incident of the Dog | Mark Haddon | ၂၀၁၄ | ငါတို့စာပေ | |
၁၉ | ကပ်တွင်းက ချစ်ခြင်း | Lone in the Time of Cholera | ဂေဘရီယယ် ဂါဆီယာ မားကွိဇ် | ကံ့ကော်ဝတ်ရည် | ||
၂၀ | ကယ်တင်ရှင် | The Girl Who Saves the King | Jonas Jonasson | ငါတို့စာပေ | ||
၂၁ | နားစွင့် ကြားဟန် ရင်ခုန်သံ | The Art of Hearing Heartbeats | Jan-Philipp Sendker | ကံ့ကော်ဝတ်ရည် | ||
၂၂ | နူးညံ့စိတ်ထားနှလုံးသား | A Well-Tempered Heart | Jan-Philipp Sendker | ကံ့ကော်ဝတ်ရည် | ||
၂၃ | အကျဉ်းစံနှလုံးသား | The Heart Remember | Jan-Philipp Sendker | ၂၀၂၀ | ကံ့ကော်ဝတ်ရည် | |
၂၄ | လူရွေးပွဲ | Audition | Ryu Murakami | ကံ့ကော်ဝတ်ရည် | ||
၂၅ | စူး | The Piercing | Kyu Murakami | ကံ့ကော်ဝတ်ရည် | ||
၂၆ | သားသတ်လွတ်သမ | The Vegetarian | Han Kang | ငါတို့စာပေ | ||
၂၇ | အတ္တလန်တစ် ရှာပုံတော် | Atlantis Found | Clive Cussler | ငါတို့စာပေ | ||
၂၈ | ကျင်းပေါက်များ | Holes | Louls Sachar | ၂၀၂၀ | alphabooks | |
၂၉ | ပညာဆိုတာ ဒီလိုရှာ | Educated | Tara Westover | ၂၀၂၁ | ငါတို့စာပေ |
ကိုးကား
ပြင်ဆင်ရန်- ↑ သင့်လူ။ နားစွင့်ကြားဟန် ရင်ခုန်သံ။