သစ်ညီနောင်ရွာ၊ ပေါက်မြို့နယ်
သစ်ညီနောင်ရွာ (အင်္ဂလိပ်: Thitnyinaung)သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ တောင်မြင့်ကျေးရွာအုပ်စု၌ တည်ရှိသည်။[၁] ရွာနေရာကုတ်မှာ ၁၈၈၈၁၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောင်မြင့်ကျေးရွာအုပ်စုတွင် ကျား ၂၁၅၅ ဦး၊ မ ၂၆၅၀ ဦး၊ လူဦးရေ စုစုပေါင်း ၄၈၀၅ ဦးနေထိုင်သည်။ [၂]
သစ်ညီနောင် | |
---|---|
ရွာ | |
သစ်ညီနောင်ရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 21°22′15″N 94°29′05″E / 21.3709392547607°N 94.4848480224609°Eကိုဩဒိနိတ်: 21°22′15″N 94°29′05″E / 21.3709392547607°N 94.4848480224609°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မကွေး |
ခရိုင် | ပခုက္ကူခရိုင် |
မြို့နယ် | ပေါက်မြို့နယ် |
ကျေးရွာအုပ်စု | တောင်မြင့် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကျေးရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရမှ လည်ပတ်သော စာသင်ကျောင်းတစ်ခုရှိသည်။ ပြည်သူ့ခုခံတော်လှန်စစ် ကာလ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်း ဝင်ရောက်ကာ ကျောင်းအုပ်ချုပ်ရေးတွင် ပါဝင်သော ကျောင်းဆရာ စောထွန်းမိုးကို ဖမ်းဆီးကာ အနီးနားရှိ တောင်မြင့်ရွာသို့ ခေါ်ဆောင်သွားခဲ့ပြီး ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်။ အဆိုပါ လူသတ်မှုအား နိုင်ငံတကာမှ ရှုတ်ချခဲ့သည်။[၃][၄] ပြည်တွင်းစစ်မတိုင်မီ ၂၀၁၉ ခုနှစ်က ကျေးရွာတွင် အထက်တန်းကျောင်းတစ်ကျောင်းရှိကာ ဆရာဆရာမ ၁၁ ဦးနှင့် ကျောင်းသားကျောင်းသူ ၂၉၅ ဦး တက်ရောက်ခဲ့သည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Myanmar Information Management Unit (September 2019)။ Pauk Myone Daethasaingyarachatlatmya ပေါက်မြို့နယ် ဒေသဆိုင်ရာအချက်လက်များ [Pauk Township Regional Information] (PDF) (အစီရင်ခံစာ)။ MIMU။ 7 January 2024 တွင် ပြန်စစ်ပြီး။
- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ↑ "Myanmar Junta Troops Behead NUG Teacher"၊ The Irrawaddy။
- ↑ "Myanmar villagers say army beheaded high school teacher" (in en)၊ 2022-10-21။
ဤ မကွေးတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |