သပိတ်ကျင်းမြို့နယ်
သပိတ်ကျင်းမြို့နယ် သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၏ မြောက်ဘက်အကျဆုံးမြို့နယ် ဖြစ်သည်။[၂] မြို့နယ်ရုံးစိုက်ရာမြို့မှာ သပိတ်ကျင်းမြို့ဖြစ်သည်။
သပိတ်ကျင်းမြို့နယ် | |
---|---|
မန္တလေးတိုင်းအတွင်းရှိ မြို့နယ် | |
သပိတ်ကျင်းခရိုင်အတွင်းတည်နေရာ | |
သပိတ်ကျင်းခရိုင်အတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 22°53′N 95°59′E / 22.883°N 95.983°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | သပိတ်ကျင်းခရိုင် |
မြို့နယ်ရုံးစိုက်ရာမြို့ | သပိတ်ကျင်းမြို့ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၁၂၇,၈၃၂[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
သပိတ်ကျင်းမြို့နယ်၏ အဓိကလုပ်ငန်းသည် ဆန်စပါးစိုက်ပျိုးခြင်းဖြစ်၍ တောင်ယာစနစ်ဖြင့် လုပ်ကိုင်ခြင်းများ ပြားလေသည်၊ အင်းလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည်။ မြို့နယ်အတွင်း အဖိုးတန်သစ်တောများ မရှိချေ။ ဝါးပင် နှင့်ထနောင်းပင်များကိုသာ များသောအားဖြင့် တွေ့ရလေသည်။ မိုးကုတ်မြို့နယ်နှင့်နီးစပ်သော်လည်း အဖိုးတန်ကျောက် မျက်ရတနာများ ပြောပလောက်အောင် သပိတ်ကျင်းမြို့နယ်အတွင်းမှ မထွက်ရှိသေးချေ။ သပိတ်ကျင်း မြို့နယ်၏ ဧရိယာ သည် ၉၉၅ စတုရန်းမိုင်ကျယ်ဝန်းသည်။[၃]
သမိုင်းကြောင်း
ပြင်ဆင်ရန်သာသနာသက္ကရာဇ် ၄၃၂ခုနှစ်တွင် သပိတ်ကျင်းမြို့ကို ဦးသိန်းမောင်ဆိုသူမှ တည်ထောင်သည်ဟု သိကြရသည်။
သရေခေတ္တရာပြည် တိုးတက်လာချိန် သက္ကရာဇ် ၄၃၂တွင် နန်းတက်သော သီရိရာဇာမင်းလက်ထက်၌ အမတ်ကြီးတစ်ဦး၏သားဖြစ်သူ ကိုသိန်းမောင်သည် ကုန်ကူးသန်းရောင်းဝယ်ရန် လှေကြီးလှေငယ် နောက်ပါအခြံအရံများဖြင့် အထက်အညာသို့ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာရာ သပိတ်ကျင်းမြို့တောင်ဘက် ၂မိုင်အကွာတွင် ရွာကြီးတစ်ရွာကို တွေ့ခဲ့သည်။ ထိုရွာသည် တွင်းထွက်ကျောက်သံပတ္တမြား လဲလှယ်ရောင်းချရာတွင် ထင်ရှားခဲ့သည်။ အထုးသဖြင့် မိုးကုတ်ကျောက်မျက်ရတနာများနင့် အောက်ပြည်အောက်ရွာမှ အဝတ်အထည်၊စားသောက်ကုန်များ လဲလှယ်ရောင်းဝယ်ခြင်းပြုကြသည်ဟု အဆိုရှိခဲ့သည်။ဦးသိန်းမောင်သည် ထိုရွာမှ ကျောက်သံပတ္တမြားနှင့် မိမိထံမှ ကုန်ပစ္စည်းများကို လဲလှယ်ခြင်းပြုပြီး နောက်ပါလက်ရွေးစင်၁၀ဦးကိုထားခဲ့၍ နေပြည်တော်သို့ ပြန်ခဲ့သည်။ ထိုအချိန်တွင် ဟင်္သာမော်၊ကြာညှပ်၊စမ္ပါယ်နဂိရ်၊တကောင်း စသောနေရာများတွင် ရွာများတည်ပြီး လူနေထိုင်၍ ထင်ရှားနေပြီဖြစ်သည်။
ကိုသိန်းမောင်သည် တိုက်လှေ၁၀စင်း၊ လှေသား၄၀၀တို့ဖြင့် ကုန်ပစ္စည်းများ၊စားနပ်ရိက္ခါအပြည့်တင်၍ ဒုတိယအကြိမ် ဆန်တက်လာပြန်သည်။ အညာသီဟတောဘုရားအနီးသို့ရောက်လျှင် မူလကစည်ကားသောရွာကြီးသည် သူပုန်များဖျက်စီးခံထားရသည်ကိုမြင်လျှင် ကိုသိန်းမောင်သည် တိုက်လှေ၁၀စင်းကိုနှင်၍ ရန်သူကို ချေမှုန်းစေခဲ့သည်။ ထိုစည်ကားသောရွာကြီးမှာ မီးလောင်ပျက်စီးခဲ့ရသဖြင့် ထိုရွာကို ရွာဆိုးဟုအမည်တွင်ခဲ့သည်။
ထိုရွာသားများသည် မိုးကုတ်နှင့် လမ်းပန်းဆက်သွယ်ရေး ပိုကောင်းသောနေရာသို့ ပြောင်းလာကာရွာသစ်တည်၍ ထိုရွာကို ရွာမဟုခေါ်တွင်သည်။ ထို့နောက် ဆိပ်ကမ်းနေရာကောင်းနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းသောနေရာကို ထပ်မံရှာဖွေရာ တောင်ကုန်းများဝန်းရံပြီး အလယ်တွင်ချိုင့်ဝှမ်းတစ်ခုသာရှိသောနေရာကို တွေ့၍ ပြောင်းခဲ့ကြသည်။ သပိတ်ပုံရှိ၍ သပိတ်ကုန်းဟုခေါ်ရာမှဧရာဝတီမြစ်ကျဉ်းအနီးရှိ၍ သပိတ်ကျင်းဟုအမည်တွင်ခဲ့သည်။ ရွာဆိုးနှင့်ရွာမမှ မြို့၏ရပ်ကွက်များဖြစ်လာသည်။[၄]
ပထဝီဝင်အနေအထား
ပြင်ဆင်ရန်မြောက်လတ္တီတွဒ် ၂၂°၅၄'၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၅၈မိနစ်နှင့် ၉၆ဒီဂရီ ၁၂မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၂၄မိုင်၊ တောင်မှမြောက်သို့ ၇၅မိုင်ရှိပြီး ၉၉၀.၈၃စတုရန်းမိုင် ကျယ်ဝန်းသည်။[၄]
နယ်နိမိတ်
ပြင်ဆင်ရန်သပိတ်ကျင်းမြို့နယ်၏ အရှေ့ဘက်တွင် မိုးကုတ်မြို့နယ်၊ ရှမ်းပြည်နယ်ရှိ မဘိမ်းမြို့နယ်နင့် မိုးမတ်မြို့နယ်၊ တောင်ဘက်တွင် စဉ့်ကူးမြို့နယ်၊အနောက်ဘက်တွင် စစ်ကိုင်းတိုင်းရှိ ကန့်ဘလူမြို့နယ်၊ ခင်ဦးမြို့နယ်နှင့် မြောက်ဘက်တွင် စစ်ကိုင်းတိုင်းရှိ ထီးချိုင်းမြို့နယ်တို့ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
ပြင်ဆင်ရန်ပင်လယ်ရေမြေနှာပြင်အထက် ပေ၅၀၀အထက်တွင်တည်ရှိသည်။ သောင်းပွက်တောင်တန်းသည် တောင်မှမြောက်သို့ သွယ်တန်းနေသည်။ မြို့နယ်၏အနောက်ဘက်တွင် ဧရာဝတီမြစ်သည် မြောက်မှတောင်သို့စီးဆင်းနေသည်။ မြို့နယ်အတွင်းတွင် တောင်ကျချောင်း၆၀ခန့်ရှိသည်။
လူဦးရေ
ပြင်ဆင်ရန်သပိတ်ကျင်းမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ကချင်၊ရှမ်း၊ချင်း၊ကရင်၊မွန်၊ကယားနှင့် ရခိုင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ ခရစ်ယာန်၊အစ္စလာမ်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။[၄]
စီးပွားရေး
ပြင်ဆင်ရန်သပိတ်ကျင်းမြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးတိုးတက်မှုနှေးကွေးသော မြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ ထို့အပြင် ရွှေတူးဖော်ခြင်းကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ မြို့နယ်၏အဓိကထွက်ကုန်မှာ စပါး၊ပဲမျိုးစုံနှင့် ကြံသီးနှံဖြစ်ပြီး မန္တလေးမြို့သို့ အဓိကရောင်းချသည်။ မန္တလေးမြို့မှ လူသုံးကုန်၊ စားသောက်ကုန်များ တင်သွင်းသည်။ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၁၁၃ခုရှိသည်။
ဈေးများ
ပြင်ဆင်ရန်သပိတ်ကျင်း
ပြင်ဆင်ရန်- မြို့မဈေး
- ရွှေရတနာဈေး
- သီရိမင်္ဂလာဈေး
တကောင်းမြို့
ပြင်ဆင်ရန်- မြို့မဈေး
- စည်ပင်ဈေး
ပို့ဆောင်ဆက်သွယ်ရေး
ပြင်ဆင်ရန်သပိတ်ကျင်းမြို့မှ မန္တလေး၊ရွှေဘို၊တကောင်းမြို့မှ မန္တလေးမြို့များသို့ ကားဖြင့်သွားလာနိုင်သည်။
ပညာရေး
ပြင်ဆင်ရန်အခြေခံပညာ
ပြင်ဆင်ရန်အထက
ပြင်ဆင်ရန်အထက်တန်းကျောင်း ၇ကျောင်းရှိသည်။
- အထက သပိတ်ကျင်း
- အထက ဝါးဖြူတောင်
- အထက ဇရပ်ကွင်း
- အထက တွင်းငယ်
- အထက စမ္ပါယ်နဂိုရ်
- အထက ကြာညှပ်
- အထက တကောင်း
အထက(ခွဲ)/အလက
ပြင်ဆင်ရန်- အလက (ထ(ခွဲ)) ချောင်းကြီး
- အလက (ထ(ခွဲ)) ကံသာရွာ (လေးမိုင်)
- အလက (ထ(ခွဲ)) ပေါက်တပင်
- အလက (ထ(ခွဲ)) ဆယ်ဇင်းကုန်း
- အလက (ထ(ခွဲ)) ရေလည်ကျွန်း
- အလက ကျောက်ကြီး
- အလက လိပ်ကျ
- အလက အုန်းပိုင်
- အလက ရေထွက်
- အလက ကွင်း
- အလက ကျောက်ဖျာ
- အလက ဒေါင်းပုန်း
- အလက ကျောက်ဖြူ
- အလက တောင်လည်
- အလက ရွှေစကာ
- အလက လက်ပံကုန်း
- အလက ဖုန်ကုန်း
- အလက ကုက္ကိုကုန်း
- အလက ကျွန်းကြီး
အမက
ပြင်ဆင်ရန်မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၈၂ကျောင်းရှိသည်။
ကျန်းမာရေး
ပြင်ဆင်ရန်- မြို့နယ်ဆေးရုံ
- တကောင်းတိုက်နယ်ဆေးရုံ
- ကြာညှပ်တိုက်နယ်ဆေးရုံ
- တွင်းငယ်တိုက်နယ်ဆေးရုံ
- အမှတ်၂၀တပ်မတော်ဆေးရုံ
ထင်ရှားသောနေရာများ
ပြင်ဆင်ရန်သပိတ်ကျင်း
ပြင်ဆင်ရန်- ကမ္ဘာအေးစေတီ
- အောင်စကြာ်စေတီ
- မြို့ဦးတောင်စေတီ
- ကျောက်ဖားစေတီ
- လိပ်ကျရေတံခွန်
တကောင်း
ပြင်ဆင်ရန်- လေးမျက်နှာဘုရား
- ဇိနအောင်ချာဘုရား
- ပေါက်ကျိုင်းဘုရား
ကိုးကား
ပြင်ဆင်ရန်- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၈။
- ↑ "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
- ↑ ၄.၀ ၄.၁ ၄.၂ သပိတ်ကျင်းမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။[လင့်ခ်သေ]