သမ္မတတစ်ပိုင်းစနစ်

သမ္မတမှဝန်ကြီးချုပ်သို့မဟုတ်အစိုးရအဖွဲ့ကိုအာဏာခွဲဝေရသောစနစ်

သမ္မတတစ်ပိုင်းစနစ် (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းသမ္မတစနစ် (အင်္ဂလိပ်: Semi-presidential system) သည် အစိုးရစနစ် တစ်ခုဖြစ်ကာ သမ္မတနှင့် ဝန်ကြီးချုပ်အစိုးရတို့အကြား အာဏာခွဲဝေ အုပ်ချုပ်သော စနစ်ဖြစ်သည်။ ပါလီမန်စနစ်နှင့် မတူသည်မှာ နိုင်ငံတော်အကြီးအကဲဖြစ်သော သမ္မတသည် ဟန်ပြအနေအထားသာမဟုတ်ဘဲ အာဏာအနည်းငယ် ပိုရှိသည်။ သို့ရာတွင် သမ္မတစနစ်ကျင့်သုံးသော နိုင်ငံများမှ သမ္မတများကဲ့သို့လည်း အပြည့်အဝအာဏာ မရှိပေ။[၁][၂][၃]

  သမ္မတတစ်ပိုင်းစနစ်ကျင့်သုံး​သော နိုင်ငံများ

၁၉၁၉ခုနှစ်မှ ၁၉၃၃ခုနှစ်အထိ တည်ရှိခဲ့သော ဝိုင်မာသမ္မတနိုင်ငံဖင်လန်နိုင်ငံ၏ ၁၉၁၉ခုနှစ်မှ ၂၀၀၀ပြည့်နှစ်အထိ ကျင့်သုံးခဲ့ကြသော စနစ်များမှာ သမ္မတတစ်ပိုင်းစနစ်များဖြစ်ကြသည်။ သို့သော် သမ္မတတစ်ပိုင်းစနစ် (Semi-presidential system) ဟူသောအသုံးကို ၁၉၅၉ခုနှစ်တွင် သတင်းသမား Hubert Beuve-Méry က စတင်အသုံးပြုခဲ့သည်။ ၁၉၇၈ခုနှစ်တွင် နိုင်ငံရေးသိပ္ပံသမား Maurice Duverger က တောက်လျှောက်အသုံးပြုခဲ့ရာမှ တွင်ကျယ်လာသည်။

အဓိပ္ပါယ် ပြင်ဆင်ရန်

Maurice Duverger ၏ မူလဖွင့်ဆိုချက်တွင် ဖော်ပြထားသည်မှာ သမ္မတသည် ရွေးကောက်ခံရခြင်း၊ သတ်မှတ်ထားသော အာဏာရှိခြင်း၊ တိကျသော သက်တမ်းတစ်ခုကို သတ်မှတ်ထားခြင်း တို့ဖြစ်သည်။ ခေတ်သစ်ဖွင့်ဆိုချက်များတွင်မူ သမ္မတသည် နိုင်ငံတော်အကြီးအကဲအဖြစ် ရွေးကောက်ခံရမည်။ လွှတ်တော်၏ ယုံကြည်ခံရမှုဖြင့် သီးခြားဝန်ကြီးချုပ်တစ်ဦးသည် အစိုးရအဖွဲ့ကို ဦးဆောင်ရမည်။

မျိုးကွဲများ ပြင်ဆင်ရန်

သမ္မတတစ်ပိုင်းစနစ်၏ ထင်ရှားသော အမျိုးကွဲများမှာ ဝန်ကြီးချုပ်-သမ္မတပူးတွဲစနစ်နှင့် သမ္မတ-လွှတ်​တော်ပူးတွဲစနစ်တို့ ဖြစ်သည်။

ဝန်ကြီးချုပ်-သမ္မတပူးတွဲစနစ်တွင် ဝန်ကြီးချုပ်နှင့် သူ၏အစိုးရအဖွဲ့သည် လွှတ်တော်ပိုင်းဆိုင်ရာအတွက် တာဝန်ရှိသည်။ သမ္မတသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ရွေးချယ်ကာ လွှတ်တော်က ခန့်အပ်သည်။ ဖြုတ်ချခြင်းကိုလည်း လွှတ်တော်ကပင် အယုံအကြည်မရှိမဲခွဲရသည်။ဤစနစ်တွင် သမ္မတ၏ အခန်းကဏ္ဍသည် အနည်းအကျဉ်းသာရှိသည်။[၄]ဤစနစ်သည် ပါလီမန်စနစ်နှင့် နီးစပ်သည်။ ဘာကီးနားဖားဆိုကိတ်ဗာဒီအရှေ့တီမောပြင်သစ်လစ်သူရေးနီးယားမဒါဂတ်စကားမာလီမွန်ဂိုလီးယားနိုင်ဂျာဂျော်ဂျီယာ (၂၀၁၃ - ၂၀၁၈)၊ ပိုလန် (ဒီဖက်တို၊ အခြေံဥပဒေတွင်မူ ပါလီမန်စနစ်ဖြစ်)၊ ပေါ်တူဂီရိုမေးနီးယား၊ ဆောင်တူမေးနှင့် ပရင်စီပီသီရိလင်္ကာ နှင့် ယူကရိန်း တို့သည် ဤစနစ်ကို ကျင့်သုံးကြသည်။

သမ္မတ-လွှတ်​တော်စနစ်တွင်မူ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့သည် သမ္မတနှင့် လွှတ်တော်ကို ညီမျှစွာ တာဝန်ခံရသည်။ သမ္မတသည် လွှတ်တော်၏ထောက်ခံမှုဖြင့် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ကို ရွေးချယ်ခန့်အပ်သည်။ ရာထူးမှ ထုတ်ပယ်ရာတွင်လည်း အယုံအကြည်မရှိမဲခွဲ၍ သမ္မတရော လွှတ်တော်ကပါ ထုတ်ပယ်နိုင်သည်။ ဤစနစ်သည် သမ္မတစနစ်နှင့် နီးစပ်သည်။ ဂင်းနီဗစ်ဆောမိုဇမ်ဘစ်ရုရှားထိုင်ဝမ်တို့သည် ဤစနစ်ကို ကျင့်သုံးကြသည်။ ယူကရိန်း၊ ဂျော်ဂျီယာ၊ တောင်ကိုရီးယား၊ ဂျာမနီ (ဝိုင်မာနိုင်ငံ) တို့တွင်လည်း ယခင်က သုံးခဲ့သည်။

အာဏာခွဲဝေခြင်း ပြင်ဆင်ရန်

နိုက်ငံတော်အကြီးအကဲ သမ္မတနှင့် အစိုးရအဖွဲ့အကြီးအကဲ ဝန်ကြီးချုပ်တို့အကြား အာဏာခွဲဝေမှုသည် နိုင်ငံအလိုက် ကွဲပြားသည်။

ဥပမာ ပြင်သစ်နိုင်ငံတွင် ဝန်ကြီးချုပ်နှင့် သမ္မတို့မှာ မတူညီသော ပါတီများမှဖြစ်လျှင် သမ္မတသည် နိုင်ငံခြားရေးနှင့် ကာကွယ်ရေး မူဝါဒများကို ကိုယ်တွယ်သည်။ ဝန်ကြီးချုပ်သည် ပြည်တွင်းမူဝါဒများနှင့် စီးပွားရေးမူဝါဒများကို ကိုင်တွယ်သည်။ သမ္မတနှင့် ဝန်ကြီးချုပ်တို့သည် ပါတီတစ်ခုအတွင်းမှဆိုလျှင် သမ္မတသည် ဒီ ဖက်တို သဘောဖြင့် ဝန်ကြီးချုပ်မှတဆင့် မူဝါဒအားလုံးကို ထိန်းချုပ်လေ့ရှိသည်။

ကျင့်သုံး​သောနိုင်ငံများ ပြင်ဆင်ရန်

ဝန်ကြီးချုပ်-သမ္မတစနစ် ပြင်ဆင်ရန်

သမ္မတသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ကို ​ရွေးချယ်နိုင်ကာ လွှတ်​တော်ကသာ ထုတ်ပယ်ပိုင်ခွင့်ရှိသည်။ သို့​သော် သမ္မတသည် လွှတ်​တော်ကို ဖျက်သိမ်းခွင့်ရှိသည်။

သမ္မတ - ပါလီမန်စနစ် ပြင်ဆင်ရန်

ယခင်က ကျင့်သုံးခဲ့​သော နိုင်ငံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Duverger (1980). "A New Political System Model: Semi-Presidential Government". European Journal of Political Research 8 (2): 165–187. doi:10.1111/j.1475-6765.1980.tb00569.x. 
  2. Veser, Ernst (1997). "Semi-Presidentialism-Duverger's concept: A New Political System Model". Journal for Humanities and Social Sciences 11 (1): 39–60.  Archived 8 February 2017 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 8 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 June 2022 တွင် ပြန်စစ်ပြီး။
  3. Duverger၊ Maurice (September 1996)။ "Les monarchies républicaines" [The Republican Monarchies] (PDF)Pouvoirs, revue française d'études constitutionnelles et politiques (ပြင်သစ်ဘာသာစကားဖြင့်)။ No. 78။ Paris: Éditions du Seuil။ pp. 107–120။ ISBN 2-02-030123-7ISSN 0152-0768OCLC 909782158။ 1 October 2018 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။
  4. အစိုးရဖွဲ့စည်းခြင်းနှင့် ဖယ်ရှားခြင်း ယန္တရားများ