ဤဆောင်းပါးသည် အစိုးရနှင့်နိုင်ငံရေးစနစ်များကို ကဏ္ဍအလိုက်ခွဲခြား၍ စီစဉ်ပေးထားသောစာရင်းဆောင်းပါးဖြစ်သည်။ ဤစာရင်းပါစနစ်များ၏ အဓိပ္ပာယ်သတ်မှတ်ချက်များသည် ပြန်ထပ်ကောင်းထပ်နိုင်လိမ့်မည်။

အာဏာဖွဲ့စည်းပုံအရခွဲခြင်း ပြင်ဆင်ရန်

မင်းမဲ့စနစ် ပြင်ဆင်ရန်

ပြည်သူတို့အားထိန်းသိမ်းမည့် အစိုးရမရှိခြင်းဖြစ်သည်။[၁][၂] အုပ်ချုပ်မှုမရှိခြင်း သို့မဟုတ် အဆင့်အတန်းခွဲ့ခြားမှုမရှိခြင်းကိုလည်း ရည်ညွှန်းနိုင်သည်။ ပြည်တွင်းစစ်ပွဲအပြီးတွင် မင်းမဲ့စနစ်ဖြစ်‌ပေါ်လေ့ရှိတတ်သည်။[၃] အချို့သောမင်းမဲ့စနစ်လိုလားသူများသည် အစိုးရအစား ပြည်သူအချင်းချင်း ရိုင်းပင်းကူညီသော အဖွဲ့အစည်းများ ဖွဲ့လိုကြသည်။[၄] အကြမ်းဖက်မှု၊ ခြောက်လှန့်မှုစသည်တို့ကို အသုံးချသော်လည်း တိုးတက်သောလူမှုအသိုင်းအဝိုင်းကို ပေးစွမ်းနိုင်သည့် မင်းမဲ့စနစ်များလည်းရှိနိုင်သည်။[၅][၆]

သာဓကတိုင်းပြည်များ –   မာ့ခ်နိုးဗီးယား (၁၉၁၈–၁၉၂၁)၊   Regional Defence Council of Aragon (၁၉၃၆–၁၉၃၇)၊   Revolutionary Catalonia (၁၉၃၆–၁၉၃၉)

ကွန်ဖက်ဒရေးရှင်း ပြင်ဆင်ရန်

ကွန်ဖက်ဒရေးရှင်း (သို့ဟုတ် ကွန်ဖက်ဒရေစီ) သည်နိုင်ငံတစ်နိုင်ငံ၏ ပြည်နယ်အစုအပေါင်းတစ်ခုမှ ဖြစ်ပေါ်လာတတ်သည်။ ကွန်ဖက်ဒရိတ်ပြည်နယ်များသည် စာချုပ်ချုပ်ဆိုရာမှဖြစ်‌‌ပေါ်‌လေ့ရှိသည်။ ကွန်ဖက်ဒရိတ်ပြည်နယ်အဖြစ် ရပ်တည်ရသည့်အကြောင်းမှာ ထိုပြည်နယ်များ၏ပြဿနာရပ်များကို မူလအစိုးရမှထောက်ပံ့ပေးယော်လည်း ကိုယ်တိုင်ဖြေရှင်းလိုသောကြောင့်ဖြစ်သည်။ ကွန်ဖက်ဒရိတ်အစိုးရသည် ဖက်ဒရယ်အစိုးရအား ဖက်ဒရယ်နည်းဖြင့် ချိတ်ဆက်ထားသကဲ့သို့ဖြစ်နေသည်။

သာဓကတိုင်းပြည်များ –   အမေရိကန် (ဖွဲစည်းပုံဥပဒေမရေးဆွဲမီ)၊    ဆွစ်ဇာလန် ရှေးခေတ်ဆွစ်ဇာလန်ကွန်ဖက်ဒရေစီ (၁၃၀၀ ခန့် –၁၇၉၈)၊   ဆားဘီးယားနှင့်မွန်တီနိဂရိုး (၂၀၀၃–၂၀၀၆)၊ ဆီနီဂမ်ဘီယာကွန်ဖက်ဒရေးရှင်း (၁၉၈၂–၁၉၈၉)

ပြည်ထောင်စုစနစ် ပြင်ဆင်ရန်

ပြည်ထောင်စုစနစ်တွင် အာဏာကိုဗဟိုအစိုးရမှ ချုပ်ကိုင်ထားရာ အုပ်ချုပ်မှုနယ်မြေများ၏ အစိုးရသည်လည်း ထိုဗဟိုအစိုးရ၏ လက်အောက်၌သာရှိသည်။ ကမ္ဘာ‌တစ်ဝန်း နိုင်ငံအများစုသည် ပြည်‌ထောင်စုစနစ်ကိုကျင့်သုံးကြသည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံအနက် ၁၆၅ နိုင်ငံတို့မှာ ပြည်ထောင်စုစနစ်ကို ကျင့်သုံးကြသည်။

သာဓကတိုင်းပြည်များ –   တရုတ်  အင်ဒိုနီးရှား  ဖိလစ်ပိုင်  ပြင်သစ်  အီဂျစ်  ယူနိုက်တက်ကင်းဒမ်း

ဖက်ဒရေးရှင်း ပြင်ဆင်ရန်

ဖက်ဒရယ်စနစ်သည် အာဏာကိုညီမျှစွာခွဲဝေခြင်းကိုအခြေခံသည်။ တိုင်းပြည်အာဏာကို ဗဟိုဖက်ဒရယ်အစိုးရနှင့် ဖက်ဒရယ်ပြည်နယ်အစိုးရများအား ခွဲဝေရသည်။ ဖက်ဒရယ်ပြည်နယ်အစိုးရတို့သည် မိမိတို့ပြည်နယ်များကို ကိုယ်တိုင်အုပ်ချုပ်နိုင်သည်။

သာဓကနိုင်ငံများ –   ဩစတြေးလျနိုင်ငံ  ကနေဒါနိုင်ငံ  အိန္ဒိယနိုင်ငံ  မက္ကဆီကိုနိုင်ငံ  ရုရှားနိုင်ငံ  အမေရိကန်ပြည်ထောင်စု

အာဏာအရင်းအမြစ်အရခွဲခြင်း ပြင်ဆင်ရန်

အော်တိုကရေစီ ပြင်ဆင်ရန်

အော်တိုကရေစီစနစ်တွင် တိုင်းပြည်အာဏာရပ်အားလုံးကို ပုဂ္ဂိုလ်တစ်ဦးတည်းကပင် ချုပ်ကိုင်နိုင်သည်။ ပကတိဘုရင်စနစ်နှင့် မြောက်ကိုရီးယားနိုင်ငံ၏ အာဏာရှင်စနစ်တို့မှာ အော်တိုကရေစီများဖြစ်ကြသည်။

သာဓကနိုင်ငံများ –   Aztec  ဗြိတိသျှအင်ပါယာ  ဆော်ဒီအာရေဗျ  ဘရူနိုင်း

အော်တိုကရေစီနှင့် ပုံစံတူစနစ်များမှာ အောက်ပါတို့ဖြစ်ကြသည်။

အရပ်သားအာဏာရှင်စနစ် – တိုင်းပြည်အာဏာရပ်အားလုံးကို ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ပါတီတစ်ခုတည်းကပင် ချုပ်ကိုင်နိုင်သည်။ ထိုပုဂ္ဂိုလ်ကို ဘုရင် သို့မဟုတ် အာဏာရှင်ဟုခေါ်ဆိုသည်။

စစ်အာဏာရှင်စနစ် – သာမန်အာဏာရှင်စနစ်ကဲ့သို့ မဟုတ်ဘဲ တိုင်းပြည်အာဏာကပ်အားလုံးကို စစ်တပ်ကပင်ချုပ်ကိုင်သည်။ ထိုစစ်အာဏာရှင်စနစ်တွင် ရာထူးကြီးဗိုလ်ချုပ်တစ်ဦးက ဦးဆောင်သည်။

ဒီမိုကရေစီ ပြင်ဆင်ရန်

ဒီမိုကရေစီသည် "ပြည်သူများအုပ်ချုပ်ခြင်း" ဟူ၍ အဓိပ္ပာယ်ရကာ တိုင်းပြည်အုပ်ချုပ်မည့်သူများကို ပြည်သူများကရွေးချယ်တင်မြှောက်နိုင်သော အစိုးရစနစ်တစ်မျိုးဖြစ်သည်။ ဒီမိုကရေစီကို "အများစုမှအုပ်ချုပ်ခြင်း" ဟူ၍လည်း ရည်ညွှန်းလေ့ရှိသည်။

သာဓကနိုင်ငံများ –   ပြင်သစ်  ဂျာမနီ  အိန္ဒိယ  အင်ဒိုနီးရှား  ဖိလစ်ပိုင်  နိုင်ဂျီးရီးယား

အော်လီဂါခီ ပြင်ဆင်ရန်

အော်လီဂါခီသည် "လူနည်းစုမှအုပ်ချုပ်ခြင်း" ဟူ၍ အဓိပ္ပာယ်ရသည်။ ထိုလူနည်းစုတို့သည် အဆင့်အတန်း၊ ငွေကြေးပိုင်ဆိုင်မှု စသည်တို့၌ မြင့်မားကြ‌သော အခွင့်ထူးခံလူစုများဖြစ်ကြသည်။ ထိုလူနည်းစုတို့သည် အစိုးရ၏လုပ်ဆောင်ချက်များကို စိတ်တိုင်းကျခြယ်လှယ်နိုင်သည်။

သာဓကနိုင်ငံများ –   တောင်အာဖရိက (၁၉၄၈–၁၉၉၄)

အော်လီခါခီနှင့်ဆင်တူသောစနစ်များမှာ အောက်ပါအတိုင်းဖြစ်ကြသည်။

အရစ်စတိုကရေစီ – တိုင်းပြည်တစ်ရပ်၏ အကောင်းဆုံးဟု ယူဆထားသော လူနည်းစုတွင် ပကတိအာဏာရှိသည့် စနစ်မျိုးဖြစ်သည်။

အာဂါတိုကရေစီ (Ergatocracy) – လူလတ်တန်းစား သို့မဟုတ် အလုပ်သမားများက ဦးဆောင်အုပ်ချုပ်သော စနစ်ဖြစ်သည်။

ဂျီနီယိုကရေစီ (Geniocracy) – ဉာဏ်ပညာကြီးမားသော သူတို့မှအုပ်ချုပ်သည့်စနစ်ဖြစ်သည်။

ကရာတယ်ရိုကရေစီ (Kraterocracy) – တိုင်းပြည်အာဏာကို ခြယ်လှယ်နိုင်သောသူများက အုပ်ချုပ်သည့်စနစ်ဖြစ်သည်။

ကရီတာခီ (Kritarchy) – တရားသူကြီးများက အုပ်ချုပ်သည့်စနစ်ဖြစ်သည်။

မဲရစ်တိုကရေစီ (Meritocracy) – အကျင့်သီလပြည်စုံသောသူများ သို့မဟုတ် နိုင်ငံရေးအကြောင်းသိမြင်သူများမှ အုပ်ချုပ်သည့်စနစ်ဖြစ်သည်။

နက်တိုကရေစီ (Netocracy) –အင်တာနက်နှင့်သိကျွမ်းသူများ သို့မဟုတ် ဆက်သွယ်ရေးကောင်းမွန်သူများမှ အုပ်ချုပ်သည့် စနစ်ဖြစ်သည်။

နိုအိုကရေစီ (Noocracy) – ပလေတို၏ သတ်မှတ်ချက်အရ အသိပညာကြီးမားသောသူများ (တစ်နည်း တွေးခေါ်ပညာရှင်များ) မှ အုပ်ချုပ်သည့်စနစ်ဖြစ်သည်။

ပလူတိုကရေစီ – ချမ်းသာကြွယ်ဝသောသူများမှ အစိုးရအား ခြယ်လှယ်နိုင်သည့် စနစ်မျိုးဖြစ်သည်။ ပလူတိုကရက်တစ်သမ္မတနိုင်ငံဟူသည် ထိုနိုင်ငံရှိကိုယ်စားလှယ်အများအပြားသည် ငွေကြေးဆိုင်ရာအားဖြင့် ထိုချမ်းသာသောအရင်းအမြစ်များကို မှီတွယ်နေရသည့် အ‌ခြေအနေဖြစ်သည်။

ပါတီကရေစီ (Particracy)နိုင်ငံရေးပါတီမှ အုပ်ချုပ်သောစနစ်ဖြစ်သည်။

စတရာတိုကရေစီ (Stratocracy) – အစိုးရနှင့် အစိုးရဆိုင်ရာဌာနတို့တွင် စစ်တပ်အဖွဲ့ဝင်များ ပါဝင်သည့်စနစ်ဖြစ်သည်။ သာဓကအားဖြင့် မြန်မာနိုင်ငံနအဖအစိုးရလက်ထက်တွင် အစိုးရဌာနများကို ဗိုလ်ချုပ်များကြသာ ဦးဆောင်ခဲ့ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်နေရာ၏ ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ရယူထားသည့်အပြင် အချို့သောအစိုးရဌာနများတွင်လည်း ဗိုလ်ချုပ်ကြီးများက ဦးဆောင်ခဲ့ကြသည်။

တက်ခ်နိုကရေစီ (Technocracy) – နိုင်ငံရေးသမားများအစား သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများ သို့မဟုတ် နိုင်ငံရေးပြဿနာရပ်များကို ဖြေရှင်းလိုသူများကို ဦးစားပေးရွေးချယ်တင်မြောက်သည့် စနစ်ဖြစ်သည်။[၇]

သီယိုကရေစီ – ဘာသာရေးဆိုင်ရာအကြီးအကဲများက ဦးဆောင်အုပ်ချုပ်သည့် စနစ်ဖြစ်သည်။ သာဓကအားဖြင့် ဗာတီကန်စီးတီးကို ပုပ်ရဟန်းမင်းကြီးက အုပ်ချုပ်လျက် ရှိသည်။

တီမိုကရေစီ (Timocracy) – ဂုဏ်သရေရှိ လူကြီးမင်းများမှ အုပ်ချုပ်သည့်စနစ်ဖြစ်သည်။ မဲရစ်တိုကရေစီနှင့် ဆင်တူသည်။

ဒမ်အာခီ (Demarchy) ပြင်ဆင်ရန်

ဒီမိုကရေစီစနစ်တစ်မျိုးဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်မည့်သူများကို မြိ့ပြဂျူရီ (citizens' juries) ခေါ် မဲပေးနိုင်သည့်လူများသည် တိုက်ရိုက်မဟုတ်ဘဲ ကျပန်းရွေး‌ကောက်ရသည်။

ဒမ်အာခီစနစ်သည် သီအိုရီအရ အကတိလိုက်စားမှုကဲ့သို့သော ပြဿနာရပ်များကို ဖြေရှင်းနိုင်မည်ဟု ပညာရှင်အချို့ကယုံကြည်ကြသည်။

သာဓကနိုင်ငံများ – ရှေးခေတ်အေသင်မြို့[၈]၊ အီတလီမြောက်ပိုင်းနှင့် ဗင်းနစ်မြို့ (၁၂–၁၈ ရာစု)[၉]

တိုက်ရိုက်ဒီမိုကရေစီ (Direct democracy) ပြင်ဆင်ရန်

ဒီမိုကရေစီမူကွဲဖြစ်သည်။ ပြည်သူများသည် မိမိကိုယ်မိမိကိုယ်စားပြုကြပြီး ဥပဒေပြရေးကဏ္ဍတွင် ဆုံးဖြတ်ချက်ချသည့်အခါ၌ တိုက်ရိုက်မဲပေးနိုင်သည်။

သာဓက –    ဆွစ်ဇာလန်

အီလက်တိုကရေစီ (Electocracy) ပြင်ဆင်ရန်

ဒီမိုကရေစီစနစ်တစ်မျိုးဖြစ်သည်။ ပြည်သူများသည် အစိုးရအားမဲပေးနိုင်သော်လည်း အစိုးရ၏ဆုံးဖြတ်ချက်ချရာကဏ္ဍတွင် ပါဝင်နိုင်ခြင်းမရှိပေ။ အစိုးရတွင် ပကတိနီးပါးအာဏာရှိသည်။ သာဓက –   အီရတ်[၁၀]  ထိုင်း (၂၀၀၆ အာဏာသိမ်းပိုက်မှုမတိုင်ခင်)

လစ်ဘရယ်ဒီမိုကရေစီ ပြင်ဆင်ရန်

ဒီမိုကရေစီကို လစ်ဘရယ်ဝါဒ၏ အသွင်အပြင်ဖြင့် ကျင့်သုံးသည့်စနစ်ဖြစ်သည်။ သာဓက –   ဂျာမနီ  အိန္ဒိယ  အင်ဒိုနီးရှား  ယူနိုက်တက်ကင်းဒမ်း

Liquid democracy ပြင်ဆင်ရန်

ဒီမိုကရေစီမူကွဲစနစ်ဖြစ်သည်။ ပြည်သူများက မိမိကိုယ်ကို ကိုယ်စားပြု၍သော်လည်းကောင်း၊ မိမိ၏ဆန္ဒမဲကို အခြားမဲပေးသူ၏ ဆန္ဒမဲအဖြစ်ထား၍သော်လည်ကောင်း ဥပဒေပြရေးကဏ္ဍတွင် ဆုံးဖြတ်ချက်ချသည့်အခါတွင် တိုက်ရိုက်မဲပေးနိုင်သည်။

ကိုယ်စားပြုဒီမိုကရေစီ (Representative democracy) ပြင်ဆင်ရန်

ပြည်သူများသည် မိမိတို့အားကိုယ်စားပြုမည့်သူများကို တိုက်ရိုက်ရွေးချယ်နိုင်သည့် စနစ်ဖြစ်သည်။ ဒီမိုကရေစီစနစ်အများစုတွင် ဤပုံစံကိုကျင့်သုံးကြသည်။

ဆိုရှယ်ဒီမိုကရေစီ ပြင်ဆင်ရန်

ဆိုရှယ်လစ်ဝါဒ၏ အသွင်အပြင်များနှင့် ကျင့်သုံးသည့် ဒီမိုကရေစီစနစ်ဖြစ်သည်။ ဆိုရှယ်ဒီမိုကရေစီစနစ်၏ အဓိကမူဝါဒမှာ ပြည်သူများအားလုံး ကျန်းမာရေး၊ ပညာရေး၊ အလုပ်သမားအခွင့်အရေး၊ ကလေးငယ်နှင့်သက်ကြီးရွယ်အိုများကို စောင့်ရှောက်ရေးစသော ပင်ကိုအခွင့်အရေးများကို ရရှိနိုင်ရန်ဖြစ်သည်။ ခေတ်သစ်ဆိုရှယ်ဒီမိုကရေစီတွင် အဆင့်အတန်း၊ လိင်ပိုင်းဆိုင်ရာ စသည်တို့အပေါ် ခွဲခြားဆက်ဆံမှုမှ ကင်းလွတ်ရေးအတွက် ထောက်ပံ့အားပေးသည်။

သာဓကနိုင်ငံများ –   ဂျာမနီ  ဩစတြီးယား[၁၁]  ဆွီဒင်  နော်ဝေ  ဒိန်းမတ်  ဖင်လန်  အိုက်စလန်

ဆိုဗီယက်ဒီမိုကရေစီ ပြင်ဆင်ရန်

ပြည်သူများကို တိုက်ရိုက်ရွေးချယ်ထားသော ကောင်စီခေါ် ကိုယ်စားလှယ်များက အုပ်ချုပ်သည်။ ဒီမိုကရေစီဟု‌ဆိုသော်လည်း ပြည်သူမှရွေးကောက်ခံ ကောင်စီသည် မိမိထက်အဆင့်မြင့်သော ကိုယ်စားလှယ်များကို ထက်မံရွေးချယ်ရသည်။ ထိုကိုယ်စားလှယ်များသည်လည်း အစိုးရအဆင့်ဖြစ်သော "ဆိုဗီယက်ကွန်ဂရတ်" အဆင့်အထိ တစ်ဆင့်ပြီးတစ်ဆင့် ‌ကိုယ်စားလှယ်များ ရွေးချယ်ရသည်။

သာဓက –   ရုရှား  ဆိုဗီယက်ယူနီယံ

အာဏာရှင်ဒီမိုကရေစီ (Totalitarian Democracy) ပြင်ဆင်ရန်

ပြည်သူများတွင် မဲပေးပိုင်ခွင့်ရှိသော်လည်း အစိုးရ၏ဆုံးဖြတ်ချက်ချရေးကဏ္ဍတွင် မဲပေးနိုင်စွမ်းမရှိပေ။ ရွေးကောက်ခံအစိုးရတွင်သာ ပကတိအာဏာရှိသည်။

သာဓက –   အရှေ့ဂျာမနီ

ဘဏ်ကိုကရေစီ (Bankocracy) ပြင်ဆင်ရန်

ဘဏ်များ သို့မဟုတ် ‌‌ငွေကြေးဆိုင်ရာဌာနများမှ အုပ်ချုပ်သည့်စနစ်ဖြစ်သည်။[၁၂]

ကော်ပိုရာတိုကရေစီ (Corporatocracy) ပြင်ဆင်ရန်

နိုင်ငံရေးကဏ္ဍကိုသာမက စီးပွားရေးကဏ္ဍကိုပါ ကော်ပိုရေးရှင်းများက အုပ်ချုပ်သည့်စနစ်ဖြစ်သည်။[၁၃]

ကာကီစတိုကရေစီ (Kakistocracy) ပြင်ဆင်ရန်

အရည်အချင်းမရှိသောသူများမှ အုပ်ချုပ်သည့်စနစ်ဖြစ်သည်။

ကလက်ပ်တိုကရေစီ (Kleptocracy) ပြင်ဆင်ရန်

တိုင်းပြည်အစိုးရသည် အာဏာကိုအသုံးချ၍ မိမိတို့အားကြွယ်ဝချမ်းသာအောင် ပြုလုပ်နေခြင်းကိုဆိုလိုသည်။ တစ်နည်းဆိုရသော် သူခိုးကဲ့သို့ကျင့်ကြံ၍ အုပ်ချုပ်သည့်စနစ်ဖြစ်သည်။

နီပိုတိုကရေစီ (Nepotocracy) ပြင်ဆင်ရန်

မိမိနှစ်သက်သော ဆွေမျိုးသားချင်းများကိုသာ အာဏာလွှဲအပ်ပြီး အုပ်ချုပ်စေသည့် စနစ်မျိုးဖြစ်သည်။

အိုခလိုကရေစီ (Ochlocracy) ပြင်ဆင်ရန်

လူဆိုးလူမိုက်ဂိုဏ်းကဲ့သို့သော အဖွဲ့များက အုပ်ချုပ်သည့်စနစ်ဖြစ်သည်။

အက်ဒ်ဟိုကရေစီ (Adhocracy) ပြင်ဆင်ရန်

ကြပ်မတ်ခြင်းမရှိသော စည်းကမ်းများကို ရေးဆွဲပြီးအုပ်ချုပ်သော စနစ်ဖြစ်သည်။

အာနိုကရေစီ (Anocracy) ပြင်ဆင်ရန်

ဒီမိုကရေစီစနစ်တစ်ဝက်နှင့် အာဏာရှင်စနစ်တစ်ဝက်ဖြစ်နေသော စနစ်ကိုရည်ညွှန်းသည်။[၁၄]

နက်ကရိုကရေစီ (Necrocracy) ပြင်ဆင်ရန်

ကွယ်လွန်ပြီးသော ခေါင်းဆောင်မှ ချမှတ်ထားခဲ့သော စည်းမျဉ်းများကို လိုက်နာဆောင်ရွက်သည့် အစိုးရမျိုးဖြစ်သည်။

ဆိုက်ဘာရိုကရေစီ (Cyberocracy) ပြင်ဆင်ရန်

ကွန်ပြူတာမှအုပ်ချုပ်သည့်စနစ်ဖြစ်သည်။

အိုက်စိုကရေစီ (Isocracy) ပြင်ဆင်ရန်

တိုင်းပြည်တစ်ရပ်ရှိ ပြည်သူများအားလုံးတွင် ညီမျှသောအာဏာရှိသည့် စနစ်မျိုးဖြစ်သည်။

အာဏာနှင့်နိုင်ငံရေးအမြင်အရခွဲခြင်း ပြင်ဆင်ရန်

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (Constitutional) ပြင်ဆင်ရန်

ဖွဲ့စည်းပုံဥပဒေအရ နိုင်ငံရေးစနစ်ဟုဆိုလျှင် နိုင်ငံခေါင်းဆောင်များ၏ အခွင့်အာဏာကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက ကန့်သတ်ထားခြင်းဖြစ်သည်။

သက်ဦးဆံပိုင်စနစ် ပြင်ဆင်ရန်

သက်ဦးဆံပိုင်စနစ်တွင် ဘုရင်ဟူသောသူသည် တစ်တိုင်းပြည်လုံးကို အုပ်ချုပ်နိုင်သူဖြစ်သည်။ ဘုရင်၏မိသားစု အစဉ်အဆက်ကို မင်းဆက်ဟုခေါ်သည်။ ဘုရင်စနစ်ပုံစံများမှာ အောက်ပါအတိုင်းဖြစ်ကြသည်။

ပကတိဘုရင်စနစ် – တိုင်းပြည်၏အာဏာရပ်အားလုံးကို ဘုရင်ဖြစ်သူက ချုပ်ကိုင်ခြယ်လှယ်နိုင်ခြင်းဖြစ်သည်။ (သာဓက –   ဆော်ဒီအာရေဗျ  အာရပ်စော်ဘွားများပြည်ထောင်စု  အိုမန်  ဘရူနိုင်း  အဲ့စ်ဝါတီးနီ)

စည်းမျဉ်းခံဘုရင်စနစ် – ဘုရင်၏အာဏာကို ဥပဒေများမှ ကန့်သတ်ထားခြင်းဖြစ်သည်။[၁၅][၁၆]

ဘုရင်သမ္မတနိုင်ငံ (Crowned Republic) – ဘုရင်များသည် နိုင်ငံတော်ကို ကိုယ်စားပြုနိုင်သော်လည်း အထိမ်အမှတ်အနေဖြင့်သာဖြစ်ကြရာ မည်သည့်အခွင့်အာဏာမျှမရှိပေ။

ရွေးကောက်ခံဘုရင်စနစ် – ဘုရင်များကိုရွေးကောက်ရသည့်စနစ်ဖြစ်သည်။ သာဓကအားဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင်ဘုရင်ကို ထီးနန်းဆိုင်ရာကောင်စီက ရွေးချယ်ရသည်။

သမ္မတနိုင်ငံ ပြင်ဆင်ရန်

ပြည်သူများက တိုင်းပြည်အစိုးရကို လွှမ်းမိုးနိုင်သည့် ပုံစံမျိုးဖြစ်သည်။ အလွယ်နည်းဖြင့်ဆိုရသော် နိုင်ငံခေါင်းဆောင်မှာ ဘုရင်မဟုတ်အရပ်သားမျိုးဖြစ်သည်။[၁၇][၁၈] သမ္မတနိုင်ငံအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။

ဖွဲ့စည်းပုံဥပဒေအရသမ္မတနိုင်ငံ – အစိုးရ၏အခွင့်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေက ကန့်သတ်ထားခြင်းဖြစ်သည်။

ဒီမိုကရက်တစ်သမ္မတနိုင်ငံ – အများဆန္ဒမဲဖြင့် ဆုံးဖြတ်ချက်ချခြင်းကို အခြေခံသော သမ္မတနိုင်ငံမျိုးဖြစ်သည်။

ဖက်ဒရယ်သမ္မတနိုင်ငံဖက်ဒရယ်စနစ်ကို အခြေခံသော သမ္မတနိုင်ငံဖြစ်သည်။ (သာဓက –   ဂျာမနီ  အိန္ဒိယ)

အစ္စလာမ်သမ္မတနိုင်ငံ – အစ္စလာမ်ဘာသာဆိုင်ရာ စည်းမျဉ်းများကိုကျင့်သုံးသော သမ္မတနိုင်ငံဖြစ်သည်။ (  အီရန်  ပါကစ္စတန်)

ပါလီမန်သမ္မတနိုင်ငံပါလီမန်စနစ်ကို အခြေပြုသော သမ္မတနိုင်ငံဖြစ်သည်။ နိုင်ငံခေါင်းဆောင်နှင့် အစိုးရခေါင်းဆောင်တို့တွင် မတူညီသောအခွင့်အာဏာများရှိသည်။ (သာဓက –   စင်ကာပူ)

သမ္မတသမ္မတနိုင်ငံ – နိုင်ငံတော်သမ္မတသည် နိုင်ငံခေါင်းဆောင်နှင့် အစိုးရခေါင်းဆောင် နှစ်မျိုးလုံးဖြစ်သော သမ္မတနိုင်ငံဖြစ်သည်။

ပြည်သူ့သမ္မတနိုင်ငံ – "For the people, by the people" ဟူသော စကားရပ်အရ ပြည်သူများအတွက် ပြည်သူများက အုပ်ချုပ်သည့်စနစ်မျိုးဖြစ်သည်။ လက်ရှိနှင့် ယခင်ကွန်မြူနစ်နိုင်ငံအချို့သည် ဤအမည်ကို နိုင်ငံ၏တရားဝင်အမည်၌ ထည့်သွင်းလေ့ရှိခဲ့ကြသည်။

လူမှုစီးပွားရေးအရခွဲခြင်း ပြင်ဆင်ရန်

မင်းမဲ့ဝါဒ ပြင်ဆင်ရန်

မိမိကိုယ်တိုင်ရပ်တည်လိုခြင်းကို အလေးပေးသည့်ဝါဒဖြစ်သည်။ အချိုကမူ အဆင့်အတန်းခွဲခြားခြင်းကို အလိုမရှိခြင်းဟု ဖွင့်ဆိုကြသည်။

အရင်းရှင်ဝါဒ ပြင်ဆင်ရန်

ကုန်ထုတ်လုပ်မှုဆိုင်ရာ (Means of production) တို့ကို ပုဂ္ဂလိကဆိုင်ရာတို့က ပိုင်ဆိုင်ခြင်းဖြစ်သည်။ အလုပ်သမားတို့သည် ထိုပိုင်ရှင်များနှင့် ဆွေး‌နွှေးကြပြီး ကုန်ထုတ်လုပ်ရန်လုပ်အားခကို တောင်းဆိုကြသည်။

ကိုလိုနီဝါဒ ပြင်ဆင်ရန်

နိုင်ငံတစ်နိုင်ငံမှ အခြားနိုင်ငံများကို သိမ်းပိုက်ပြီးအုပ်ချုပ်ရာ ထိုနိုင်ငံ၏သံယံဇာတများကို မိမိနိုင်ငံအကျိုးအတွက် အသုံးချခြင်းဖြစ်သည်။

ကွန်မြူနစ်ဝါဒ ပြင်ဆင်ရန်

ကုန်ထုတ်လုပ်မှုဆိုင်ရာ (Means of production) တို့ကို အများပိုင်အဖြစ် ထားရှိခြင်းဖြစ်သည်။[၁၉][၂၀]

အာဏာရှင်ဝါဒ (Despotism) ပြင်ဆင်ရန်

နိုင်ငံ၏အာဏာရပ်နှင့် စီးပွားရေးဆိုင်ရာတို့ကို ပုဂ္ဂိုလ်တစ်ဦးတည်းကသာ ချုပ်ကိုင်ထားခြင်းဖြစ်သည်။

ဖြန့်ချိမှုဝါဒ (Distributism) ပြင်ဆင်ရန်

ကုန်ထုတ်လုပ်မှုဆိုင်ရာ (Means of production) တို့ကို လူသားများအားလုံး ပိုင်ဆိုင်စေနိုင်ခြင်းဖြစ်သည်။[၂၁] ဖြန့်ချိမှုဝါဒသည် အရင်းရှင်ဝါဒနှင့် ဆိုရှယ်လစ်ဝါဒတို့နှင့် မတူညီပေ။[၂၂][၂၃]

ပဒေသရာဇ်ဝါဒ ပြင်ဆင်ရန်

ဘုရင်သည်တိုင်းပြည်၏ နယ်မြေများအားလုံးပို ပိုင်ဆိုင်သော်လည်း နယ်မြေ၏အချို့ဒေသများကို စစ်သူကြီးများ သို့မဟုတ် မိမိလက်အောက်၌ တာဝန်ထမ်းဆောင်သူများကို စားစေသည့်စနစ်မျိုးဖြစ်သည်။

မီနာခီ (Minarchy) ပြင်ဆင်ရန်

အစိုးရ၏တာဝန်မှာ ပြည်သူများကို ပြစ်မှုဆိုင်ရာတို့မှာ ကာကွယ်ရန်သာဖြစ်သော စနစ်သာဖြစ်သည်။

သက်ဦးဆံပိုင်ဝါဒ ပြင်ဆင်ရန်

နိုင်ငံအစိုးရကို ဘုရင်ဖြစ်သူက ဦးဆောင်သည့် စနစ်ဖြစ်သည်။ ဘုရင်နတ်ရွာစံသော် ထိုဘုရင်၏ ဆွေမျိုးသားခြင်းဖြစ်သူက ထီးနန်းအရာကို ဆက်ခံရသည်။

သမ္မတနိုင်ငံဝါဒ ပြင်ဆင်ရန်

အစိုးရ၏ပေါ်လစီများကို ပြည်သူ့ကိစ္စရပ်ဟု သဘောထား၍ ပြည်သူများက အစိုးရအတွက် ဆုံးဖြတ်ချက်ချပေးရခြင်းဖြစ်သည်။

ဆိုရှယ်လစ်ဝါဒ ပြင်ဆင်ရန်

စီးပွားရေးမျှတမှုကိုအခြေခံ၍ လူအများအတွက် လူအများက စီးပွားလုပ်ငန်းများကို ပိုင်ဆိုင်သည့်စနစ်မျိုးဖြစ်သည်။[၂၄]

အကြွင်းမဲ့အာဏာရှင်ဝါဒ ပြင်ဆင်ရန်

တစ်တိုင်းပြည်လုံးကို တစ်ပါတီစနစ်သို့မဟုတ် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခြင်းဖြစ်သည်။ (သာဓက –   ဂျာမနီ)

Tribalism ပြင်ဆင်ရန်

ရှေးခေတ်အခါက လူသားများသည် Tribe ခေါ် အုပ်စုများဖြင့် နေထိုင်ခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံရေးပထဝီအားဖြင့်ခွဲခြင်း ပြင်ဆင်ရန်

အမျိုးသားအစိုးရ ပြင်ဆင်ရန်

ပြည်ထောင်စုနိုင်ငံ၏ အစိုးရဖြစ်သည်။ အုပ်ချုပ်ရေးဒေသများသည် ထိုအစိုးရ၏လက်အောက်၌သာရှိသည်။

မြို့ပြနိုင်ငံ ပြင်ဆင်ရန်

မြို့ပင်ဖြစ်သော်လည်း ကိုယ်ပိုင်အချုပ်အခြာအာဏာရှိသော နိုင်ငံဖြစ်သည်။ (သာဓက –   စင်ကာပူ  ဗာတီကန်)

Commune ပြင်ဆင်ရန်

လူသားများအတူတကွ နေထိုင်ရာအရပ်ကိုဆိုလိုသည်။ မိမိတို့ပိုင်ဆိုင်မှုများကိုလည်း အချင်းချင်းဝေမျှကြသည်။

နိုင်ငံတကာအဖွဲ့ ပြင်ဆင်ရန်

နိုင်ငံများမှဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်။ (သာဓက –   ကုလသမဂ္ဂ  NATO)

ကမ္ဘာအစိုးရ ပြင်ဆင်ရန်

ကမ္ဘာဂြိုဟ်တစ်ဝှမ်းလုံးကို အုပ်ချုပ်နိုင်သည့် အစိုးရမျိုးဖြစ်သည်။ ထိုအစိုးရမျိုးသည် ကမ္ဘာကိုလွှမ်းမိုးမှု (World Domination) သို့မဟုတ် နိုင်ငံတကာမှစည်းလုံးမှု (Supernational Union) မှ ဖြစ်ပေါ်လာနိုင်သည်။

သီအိုရီအရစနစ်များ ပြင်ဆင်ရန်

ဤစနစ်များသည် လက်တွေ့၌အသုံးချမှုများ မရှိသေးပေ။

ဆိုက်ဘာရိုကရေစီ (Cyberocracy) ပြင်ဆင်ရန်

သတင်းအချက်အလက်များကို အသုံးချ၍အုပ်ချုပ်‌သောစနစ်ဖြစ်သည်။

မာဂျိုကရေစီ (Magocracy) ပြင်ဆင်ရန်

မှော်အတတ်ပညာတတ်သူများ သို့မဟုတ် မှော်ဆရာများက ဦးဆောင်သည့်စနစ်ဖြစ်သည်။

ယူနီယိုကရေစီ (Uniocracy) ပြင်ဆင်ရန်

လူသားတို့၏စိတ်များအားလုံးကို တစ်ပေါင်းတစ်စည်းတည်း ဖြစ်အောင်ပြု၍ ဆုဖြတ်ချက်များကို တစ်မျိုးတည်းဖြစ်စေရန် ပြုလုပ်ခြင်းဖြစ်သည်။

အခြားကြည့်ရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Loomis၊ Mildred J. (2005)။ Decentralism: Where It Came From-Where Is It Going?ISBN 1551642484
  2. "Anarchy." Oxford English Dictionary. Oxford University Press. 2004. ၁၆၆၇ ခုနှစ်တွင် စတင်သုံးနှုန်းသည်
  3. Better off Stateless: Somalia Before and After Government Collapse။ George Mason University (30 September 2007)။
  4. Anarchy Works by Peter Gelderloos။ 21 October 2016 တွင် ပြန်စစ်ပြီး။
  5. Noam Chomsky on the history of Anarchy။ Youtube.com (2011-09-07)။ 2012-01-30 တွင် ပြန်စစ်ပြီး။
  6. A discussion on what anarchy is, by those that self-identify as anarchistsanarchy.net။ 23 December 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 July 2021 တွင် ပြန်စစ်ပြီး။
  7. Ernst R. Berndt, (1982)."From Technocracy To Net Energy Analysis: Engineers, Economists And Recurring Energy Theories Of Value", Studies in Energy and the American Economy, Discussion Paper No. 11, Massachusetts Institute of Technology, Revised September 1982
  8. Hansen, Mogens Herman, 1940– (1999)။ The Athenian democracy in the age of Demosthenes : structure, principles, and ideology ([2nd ed.] ed.)။ [Bristol]: Bristol Classical Press။ ISBN 1853995851OCLC 45392658CS1 maint: multiple names: authors list (link)
  9. Dowlen, Oliver, 1953– (2008)။ The political potential of sortition a study of the random selection of citizens for public office / Oliver Dowlen.။ Exeter, UK; Charlottesville, VA။ ISBN 9781845401795OCLC 213307148CS1 maint: multiple names: authors list (link)
  10. Greenway၊ H. D. S.။ "Hypocrisy in sowing democracy"၊ Boston.com 
  11. Abele၊ Hanns (1982)။ Handbuch der österreichischen Wirtschaftspolitik။ Wien: Manz။ p. 145။ ISBN 3214070509OCLC 10694901
  12. Waibl၊ Elmar; Herdina၊ Philip (1997)။ Dictionary of Philosophical Terms vol. II – English-German / Englisch-Deutsch။ Walter de Gruyter။ p. 33။ ISBN 311097949718 September 2012 တွင် ပြန်စစ်ပြီး
  13. "Corporatocracy"။ 15 July 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 17 May 2012။ "/ˌkôrpərəˈtäkrəsē/ .... a society or system that is governed or controlled by corporations:" 
  14. Working with the Grain to Change the Grain: Moving Beyond the Millennium Development GoalsInternational Alert (September 2010)။ 26 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-08-15 တွင် ပြန်စစ်ပြီး။
  15. Takis Fotopoulos, The Multidimensional Crisis and Inclusive Democracy. (Athens: Gordios, 2005). (English translation of the book with the same title published in Greek).
  16. Victorian Electronic Democracy : Glossary (28 July 2005)။ 13 December 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  17. Montesquieu, The Spirit of the Laws (1748), Bk. II, ch. 1.
  18. "Republic"။ Encyclopædia Britannica
  19. Steele၊ David Ramsay (September 1999)။ From Marx to Mises: Post Capitalist Society and the Challenge of Economic Calculation။ Open Court။ p. 66။ ISBN 978-0875484495Marx distinguishes between two phases of marketless communism: an initial phase, with labor vouchers, and a higher phase, with free access.
  20. Busky၊ Donald F. (July 20, 2000)။ Democratic Socialism: A Global Survey။ Praeger။ p. 4။ ISBN 978-0275968861Communism would mean free distribution of goods and services. The communist slogan, 'From each according to his ability, to each according to his needs' (as opposed to 'work') would then rule
  21. Storck, Thomas. "Capitalism and Distributism: two systems at war," in Beyond Capitalism & Socialism. Tobias J. Lanz, ed. IHS Press, 2008. p. 75
  22. Boyle, David; Simms, Andrew (2009). The New Economics. Routledge. p. 20. ISBN 978-1-84407-675-8
  23. Novak, Michael; Younkins, Edward W. (2001). Three in One: Essays on Democratic Capitalism, 1976–2000. Rowman and Littlefield. p. 152. ISBN 978-0-7425-1171-2
  24. Sinclair၊ Upton (1918-01-01)။ Upton Sinclair's: A Monthly Magazine: for Social Justice, by Peaceful Means If PossibleSocialism, you see, is a bird with two wings. The definition is 'social ownership and democratic control of the instruments and means of production.'