တပ်မတော် သံချပ်ကာယန္တရားတပ်ဖွဲ့ သည် မြန်မာ့တပ်မတော် (ကြည်း)၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ရွေ့လျားစစ်ကစားခြင်း၊ ပစ်ကူပေးခြင်း နှင့် အဓိကကာကွယ်ရေးတာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ ဖြစ်သည်။ ထို့ပြင် အရှေ့တောင်အာရှဗီယက်နမ်တပ်မတော် ပြီးလျှင် တင့်ကားပိုင်ဆိုင်မှု ဒုတိယအများဆုံးဖြစ်သည်။[၁]

သံချပ်ကာယန္တရားတပ်ဖွဲ့
  • တပ်မတော် သံချပ်ကာယန္တရားတပ်ဖွဲ့၏ အမှတ်တံဆိပ်

    တပ်မတော် သံချပ်ကာယန္တရားတပ်ဖွဲ့၏ လက်မောင်းတံဆိပ်
တည်ထောင်၁ ဒီဇင်ဘာ ၁၉၄၈
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
သံချပ်ကာ
အခန်းကဏ္ဍမြေပြင်စစ်ဆင်ရေး၊ ပစ်ကူ‌ပေးခြင်း၊ မြေပြင်သိမ်းပိုက်ခြင်း၊ ‌ရွှေ့လျားစစ်ကစားခြင်း။
တပ်
အရွယ်အစား
တင့်ကား ၇၀၅ စီး~[၂] သံချပ်ကာ ၈၁၃၉ စီး~[၃]
အစိတ်အပိုင်း တပ်မတော်
ဌာနချုပ်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ရုံး၊ နေပြည်တော်
အမည်ပြောင်တင့်တပ်
ဆောင်ပုဒ်"ကာကွယ်၊ ပစ်အား၊ စစ်ကစား"
နှစ်ပတ်လည်များ၇၅ နှစ်မြောက်စိန်ရတုနှစ်ပတ်လည်
အုပ်ချုပ်သူများ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦး
အဆောင်အယောင်များ
အမှတ်အသား
သင်္ကေတ
သံချပ်ကာယန္တရားတပ်ဖွဲ့များ
အမှတ်အသား
သင်္ကေတ
တင့်ကားတပ် လက်မောင်တံဆိပ်
အမှတ်အသား
သင်္ကေတ
သံချပ်ကာတပ် လက်မောင်တံဆိပ်
အမှတ်အသား
သင်္ကေတ
သံချပ်ကာယန္တရားတပ်ဖွဲ့အလံဟောင်း (၁၉၄၈)

သမိုင်းကြောင်း ပြင်ဆင်ရန်

သံချပ်ကာယန္တရားတပ်ဖွဲ့အား လွတ်လပ်ရေးရပြီး ၁၉၄၈ခုနစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် မဟာမိတ်နိုင်ငံများ (ဒုတိယကမ္ဘာစစ်)လက်ကျန် တင့်ကားတစ်ချို့ဖြင့် အမှတ်(၁) သံချပ်ကာတပ်ဖွဲ့ အမည်ဖြင့်စတင်ဖွဲ့စည်းခဲ့သည်။ ပြည်တွင်းပုန်ကုန်မှုတိုက်ပွဲများနှင့် ပြည်ပရန်ကာကွယ်ရေးတိုက်ပွဲများတွင် ပါ၀င်တိုက်ခဲ့သည်။ ယခုအခါပြည်တွင်းစစ်ပွဲများတွင်လည်း သံချပ်ကာယာဉ်များကိုအသုံးပြုတိုက်ခိုက်လျက်ရှိသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

သံချပ်ကာယန္တရားတပ်ဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်းထားသည်-

  • သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး
  • သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲရေးမှုဌာနချုပ်(၅)ခု
  • သံချပ်ကာတပ်ရင်းများ

ကွပ်ကဲပုံ ပြင်ဆင်ရန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုကွပ်ကဲပြီး သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးများ သံချပ်ကာ စစ်‌ဆင်ရေးကွပ်ကဲရေးမှူးဌာနချုပ်များနှင့် သံချပ်ကာတပ်ရင်းများကို အဆင့်ဆင့်ညွှန်ကြားကွပ်ကဲသည်။

အသုံးပြုနေသော တင့်ကားများနှင့်သံချပ်ကာယာဉ်များ ပြင်ဆင်ရန်

-

အခြားလေ့လာရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်