အဂ္ဂမဟာသရေစည်သူ

ပြည်ထောင်စုစည်သူသင်္ဂဟ ပထမတန်းစား

ပြည်ထောင်စုစည်သူသင်္ဂဟတွင် ပထမတန်းကို အဂ္ဂမဟာသရေစည်သူ၊ ဒုတိယတန်းကို သတိုးမဟာသရေစည်သူ၊ တတိယတန်းကို မဟာသရေစည်သူ၊ စတုတ္ထတန်းကို သရေစည်သူ၊ ပဉ္စမတန်းကို စည်သူ ဟူ၍ အဆင့်အတန်း (၅)မျိုးခွဲခြားထားသည်။

အဂ္ဂမဟာသရေစည်သူဘွဲ့
Agga Maha Thray Sithu with neck ribbon.svg
အဂ္ဂမဟာသရေစည်သူဘွဲ့တံဆိပ် လည်ဆွဲဖဲကြိုးဖြင့် နမူနာ ပုံ
နိုင်ငံတော် သမ္မတ မှ ချီးမြှင့်ခြင်း
အမျိုးအစားပြည်ထောင်စုစည်သူသင်္ဂဟ
တည်ထောင်ခဲ့၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်
နိုင်ငံ မြန်မာ
ဖဲကြိုးAgga Maha Thray Sithu.svg
Precedence
နောက်ထပ် (ပိုမြင့်သော)သုဓမ္မသင်္ဂဟဘွဲ့များ
နောက်ထပ် (ပိုနိမ့်သော)သတိုးမဟာသရေစည်သူ

ချီးမြှင့်ခြင်းပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊

အဂ္ဂမဟာသရေစည်သူအတွက် ကြယ်ပွင့်နှင့် တံဆိပ်တို့ကိုလည်းကောင်း၊ သတိုးမဟာသရေစည်သူအတွက် ကြယ်ပွင့်နှင့် တံဆိပ်တို့ကိုလည်းကောင်း၊ မဟာသရေစည်သူ၊ သရေစည်သူနှင့် စည်သူအတွက် တံဆိပ်များကိုလည်းကောင်း ပြဋ္ဌာန်းသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။

အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။[၁]

အဂ္ဂမဟာသရေစည်သူဘွဲ့ ရရှိခဲ့သူများပြင်ဆင်

အခြားကြည့်ရန်ပြင်ဆင်

ကိုးကားပြင်ဆင်

  1. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၄)။ "ဘွဲ့၊ တံဆိပ်၊ သင်္ဂဟ"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: စာပေဗိမာန်။ pp. ၃၉၅ - ၄၀၁။
  2. https://www.bbc.com/burmese/in-depth-46747952