သတိုးမဟာသရေစည်သူ
သတိုးမဟာသရေစည်သူဘွဲ့ သည် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ငါးမျိုးတွင်အပါအဝင်ဖြစ်ပြီး ဒုတိယတန်းစားဘွဲ့ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။
သတိုးမဟာသရေစည်သူ သင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့ | |
---|---|
သတိုးမဟာသရေစည်သူဘွဲ့တံဆိပ် လည်ဆွဲဖဲကြိုးဖြင့် နမူနာပုံ | |
နိုင်ငံတော် သမ္မတ မှ ချီးမြှင့်ခြင်း | |
အမျိုးအစား | ပြည်ထောင်စုစည်သူသင်္ဂဟ |
တည်ထောင်ခဲ့ | ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် |
နိုင်ငံ | မြန်မာ |
ဖဲကြိုး | |
Precedence | |
နောက်ထပ် (ပိုမြင့်သော) | အဂ္ဂမဟာသရေစည်သူ |
နောက်ထပ် (ပိုနိမ့်သော) | မဟာသရေစည်သူ |
ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ
ပြင်ဆင်ရန်- အဂ္ဂမဟာသရေစည်သူ
- သတိုးမဟာသရေစည်သူ
- မဟာသရေစည်သူ
- သရေစည်သူ
- စည်သူ ဘွဲ့တို့ဖြစ်ကြသည်။
အမှတ်စဉ် ၁ ကိုများသောအားဖြင့် နိုင်ငံတော်သမ္မတကြီးများ၊ စော်ဘွားကြီးများ ကိုသာချီးမြှင့်လေ့ရှိသည်။ အမှတ်စဉ် ၂ ကိုတပ်မတော်အရာရှိကြီးများ ပြည်ထောင်စုဖြစ်မြောက်ရေးတွင်ပါဝင်ကြိုးပမ်းခဲ့ကြသောတိုင်းရင်းသားခေါင်းဆောင်များ တရားလွှတ်တော်ဝန်ကြီးချုပ်များ ကိုသာချီးမြှင့်လေ့ရှိသည်။
ချီးမြှင့်ခြင်း
ပြင်ဆင်ရန်အဂ္ဂမဟာသရေစည်သူအတွက် ကြယ်ပွင့်နှင့် တံဆိပ်တို့ကိုလည်းကောင်း၊ သတိုးမဟာသရေစည်သူအတွက် ကြယ်ပွင့်နှင့် တံဆိပ်တို့ကိုလည်းကောင်း၊ မဟာသရေစည်သူ၊ သရေစည်သူနှင့် စည်သူအတွက် တံဆိပ်များကိုလည်းကောင်း ပြဋ္ဌာန်းသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။
အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။[၁]
သတိုးမဟာသရေစည်သူဘွဲ့ ရရှိခဲ့သူများ
ပြင်ဆင်ရန်သတိုးမဟာသရေစည်သူဘွဲ့ ရရှိခဲ့သော မြန်မာနိုင်ငံသားများ-
- မြန်မာနိုင်ငံ၏ပထမဦးဆုံး နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်
- စဝ်ဟုံဖ (သိန္နီစော်ဘွား)[၂]
- ဦးလွန်းဘော်
- ဦးချန်ထွန်းအောင်
- ဦးဝင်း
- ဦးချန်ထွန်း
- ဦးဝမ္မသူးမောင်[၃]
- အတွင်းဝန်ချုပ် ဦးကာစီ[၄]
- ဦးမြင့်သိန်း (တရားဝန်ကြီးချုပ်)
- ဗိုလ်ချုပ် စမစ်ဒွန်း (မြန်မာနိုင်ငံ၏ ပထမဆုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)[၅]
- ဒေါက်တာ ဦးသိမ်းမောင် (ဖိနပ်သိမ်းမောင်)
- မာရှယ်ချင်ယီ (တရုတ်ဒုတိယဝန်ကြီးချုပ်) ၁၉၆၁
- ပုဂံ ဦးဘဂျမ်း (ပြန်လည်ထူထောင်ရေးဝန်ကြီး)
- ဒူဝါဇန်ထဆင် (ကချင် ရဝမ်လူမျိုး ပါလီမန်အတွင်းဝန်ဟောင်း)
အခြားကြည့်ရန်[ပြင်ဆင်ရန်]
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၄)။ "ဘွဲ့၊ တံဆိပ်၊ သင်္ဂဟ"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း။ ၈ (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: စာပေဗိမာန်။ pp. ၃၉၅ - ၄၀၁။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 17 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 July 2020 တွင် ပြန်စစ်ပြီး။
- ↑ https://www.moi.gov.mm/npe/?q=news/21/02/2020/id-92029
- ↑ https://www.bbc.com/burmese/in-depth-46747952
- ↑ https://burma.irrawaddy.com/article/2020/02/16/215661.html