အင်ကွင်းရွာ၊ ဖြူးမြို့နယ်

အင်ကွင်းရွာ (အင်္ဂလိပ်: Inkwin)သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)တောင်ငူခရိုင်ဖြူးမြို့နယ်ဘုရားလဟာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၀၆၉၅ ဖြစ်သည်။ အနီးဆုံးမြို့ဖြစ်သော ကညွတ်ကွင်းမြို့မှ အရှေ့ဘက်သို့ ၆ မိုင် ခွဲ ခန့်ကွာဝေးသည်။ စစ်တောင်းမြစ်နှင့် ၆ မိုင်ကွာဝေးသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဘုရားလဟာကျေးရွာအုပ်စုတွင် ကျား ၁၄၇၉ ဦး၊ မ ၁၆၆၈ ဦး၊ လူဦးရေ စုစုပေါင်း ၃၁၄၇ ဦးနေထိုင်သည်။ အင်ကွင်းရွာသည် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး ဗုဒ္ဓ ဘာသာဝင်များဖြစ်ကြသည်။ အများစုမှာ လယ်လုပ်ငန်းလုပ်ကိုင်ကြပြီး စပါးအား အဓိကစိုက်ပျိုးကြသည်။ နွေစပါးအနည်းငယ်စိုက်ကြ၍ မတ်ပဲစိုက်သူများလည်းရှိကြသည်။ လူငယ်တစ်ဝက်ခန့်သည် ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံများ၌ လုပ်ကိုင်လျက်ရှိကြသည်။ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့်အလယ်တန်းကျောင်းတစ်ကျောင်းရှိသည်။

အင်ကွင်း
ရွာ
အင်ကွင်းရွာ
အင်ကွင်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အင်ကွင်း
အင်ကွင်း
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 18°22′15″N 96°34′00″E / 18.37087059021°N 96.5666427612305°E / 18.37087059021; 96.5666427612305ကိုဩဒိနိတ်: 18°22′15″N 96°34′00″E / 18.37087059021°N 96.5666427612305°E / 18.37087059021; 96.5666427612305
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ပဲခူး
ခရိုင်တောင်ငူခရိုင်
မြို့နယ်ဖြူးမြို့နယ်
ကျေးရွာအုပ်စုဘုရားလဟာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)
 [၁]

ကိုးကား ပြင်ဆင်ရန်

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။