ကျန်စစ်သား: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၁ဝဝဝ +၁၀၀၀)
စာကြောင်း ၉၃ -
မျှတစွာ အုပ်ချုပ်တော်မူခြင်း ကျန်စစ်သားမင်းသည် ဥဿာပဲခူးစား ငရမန်ကန်းသူပုန်ကို နှိမ်နင်းနေခိုက်မှာပင် ခမည်းတော် တည်ထောင်ခဲ့သည့် နိုင်ငံသစ် တည်တံ့ခိုင်မြဲမှုအတွက် စည်းလုံးရေးသည် အဓိကဖြစ်သည်ဟူ၍ ယူဆတော်မူခဲ့ဟန် တူသည်။ မင်းကြီး၏ အုပ်ချုပ်ရေးအစီအမံ အဆောင်အရွက်တို့တွင် ထိုယူဆချက် အမူအရာများကို သိမြင်နိုင်သည်။ ထိုအမူအရာများကား အခြားမဟုတ်၊ လူမျိုးမရွေး၊ ဘာသာမရွေး မျှတစွာ အုပ်ချုပ်သော အမူအရာများ ဖြစ်သည်။
 
ကျန်စစ်သားမင်းသည် သက္ကရာဇ် ၄၄၆ ခုနှစ်တွင် ပုဂံထီးနန်းကို သိမ်းပိုက်သော်လည်း ၄၄၈ ခုနှစ် (ခရစ် ၁ဝ၈၆ ခုနှစ်)မှာမှ အဘိသိက်ကို ခံယူတော်မူသည်။ အဘိသိက်ခံယူ တော်မူကြောင်း၊ နန်းတော်သစ် တည်တော်မူကြောင်းတို့ကို ကမ္ပည်းကျောက်စာ (ရွှေစည်းခုံကျောက်စာ) ရေးထိုးတော် မူခဲ့သည်။ တည်တော်မူသော နန်းတော်သစ်သည် ပြာသာဒ် ငါးဆောင်ရှိသော ပဉ္စပါသာဒ ဖြစ်သည်။ ရွှေစည်းခုံ ကျောက်စာအရ ကျန်စစ်သားမင်းသည် ပုဂံမြို့ကို အခိုင်အခံ့ ပြု၍ ဝင်းကိုယ်ရံတော် ၁ဝဝဝ၁၀၀၀ ကျော်ပါဝင်သော အဖွဲ့ကို ဖွဲ့စည်းတော်မူသည်ဟု သိရသည်။ ထို့ပြင် ဘိသိက်ပွဲအခမ်းအနားတွင် မှူးမတ်အရာရှိကြီးများဖြစ်သော သံပျင်ကြီး၊ သံပျင်ငယ်များသည်၎င်း၊ ကလန်အရာရှိများသည်၎င်း၊ ထို့နောက် ကျေးရွာအကြီးအကဲများဖြစ်သည့် သင်ကြီး၊ သင်လျင်တို့သည်၎င်း တက်ရောက်ဖူးမြော် ကြသည်ဟုလည်း သိရသည်။ ဘုရားများအား ပူဇော်လှူဒါန်းခြင်း၊ ဘိသိက်ပွဲ အခမ်းအနား၌ ပရိတ်တော် ရွတ်ဖတ်ခြင်း၊ ပိဿနိုး ပူဇော်ခြင်း၊ ဂဝံပတိ ပူဇော်ခြင်း၊ နဂါး ပူဇော်ခြင်းတို့ ရှိသည်ဟုလည်း သိရသည်။ ထို့ပြင် ထိုဘိသိက်ပွဲအခမ်းအနား၌ ရှင်အရဟံ ကြီးမှူးသော ရဟန်းတော်များ ပါဝင်ကြခြင်း၊ ပုဏ္ဏားများလည်း ပါဝင်ကြခြင်း၊ မြန်မာဘာသာသီဆိုခြင်း၊ မွန်ဘာသာသီဆိုခြင်း၊ ပျူဘာသာသီဆိုခြင်းတို့ ရှိသည်ဟုလည်း သိနိုင်သည်။ တစ်ဖန် ပြည်ရွှေဆံတော် ကျောက်စာအရ မင်းကြီးအကန်တော့ခံပွဲတွင် အချို့တို့သည် နတ်ဝင်သည်အဟန်ပြု၍ သီဆိုကခုန်ကြသည်ဟုလည်း သိရသည်။
 
အထက်ပါ အချက်များကို ထောက်ခြင်းအားဖြင့် ကျန်စစ်သားမင်းသည် မွန်၊ မြန်မာ၊ ပျူ အမျိုးသားများကို ခန့်ထားချီးမြှင့်တော်မူကြောင်း၊ ထေရဝါဒကို နှစ်သက်ကြည်ညို၍ အထူး ချီးမြှင့်သူဖြစ်လင့်ကစား မဟာယာနဂိုဏ်း၊ တန္တြဂိုဏ်း တို့ကိုလည်း ချီးမြှင့်တော်မူကြောင်း၊ ထို့ပြင် ပိဿနိုးကိုးကွယ်သောအယူ၊ နဂါး ကိုးကွယ်သောအယူ၊ နတ်ကိုးကွယ်သောအယူတို့ကိုလည်း ချီးမြှင့်တော်မူကြောင်း သိသာသည်။ ကျန်စစ်သားမင်းသည် ဤနည်းများဖြင့် လူမျိုးအားလုံးကို နှစ်သိမ့်ခြင်း ဖြစ်စေ၍ အချင်းချင်း ရင်းနှီးစည်းလုံးမှုကို ပြုကာ မျှတစွာ အုပ်ချုပ်ခဲ့သည်ဟု ယူဆနိုင်၏။