၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၆၈ -
မြန်မာစစ်တပ်မှ အာဏာသိမ်းပိုက်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဖဆပလအစိုးရလက်အောက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ ပျက်သုဉ်းလုနီးပါးရှိနေခဲ့သည် ဟူ၍သမိုင်းပညာရှင်များကသုံးသပ်ကြသည်။
 
၁၉၆၀ ခန့်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့သည် ဖက်ဒရယ်မူမရပါက ပြည်ထောင်စုမှ နှုတ်ထွက်မည်ဖြစ်ကြောင်းပြည်ထောင်စုမှနှုတ်ထွက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ ထို့အပြင်ရှမ်းပြည်နယ်တွင်လည်း လက်နက်တိုင်တပ်ဖွဲ့များကိုဖွဲ့စည်းပြီး စတင်တော်လှန်ခဲ့ကြပြီးဖြစ်သည်။ ဝန်ကြီးချုပ်ဦးနုသည် [[ဗုဒ္ဓဘာသာ]]ကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုခြင်းကြောင့် အခြားဘာသာဝင်များမှာ အစိုးရအားဆန့်ကျင်လိုကြသည်။ မြန်မာ့တပ်မတော်သည်လည်း ထိုပြဿနာရပ်များကို အကြောင်းပြု၍ အာဏာသိမ်းပိုက်ခဲ့ရကြောင်း ပြောဆိုခဲ့သည်။
 
[[ဖက်ဒရယ်ပြည်ထောင်စုစနစ်|ဖက်ဒရယ်စနစ်]]နှင့်[[ပါလီမန် ဒီမိုကရေစီ စနစ်|ပါလီမန်စနစ်]]တို့သည် နိုင်ငံအပေါ်သက်ရောက်မှုအားနည်းရာ ကိုယ်ပိုင်အုပ်ချုပ်မှုကိုအားပေးစေသည်၊ တိုင်းရင်းသားကိုယ်စားလှယ် များစွာရှိနေခြင်းကြောင့် နိုင်ငံတွင်းမတည်ငြိမ်မှုများ ဖြစ်ပေါ်လာစေသည် ဟူသောအကြောင်းများကြောင့် တိုင်းပြည်တည်ငြိမ်စေရန် ခိုင်မာသောဗဟိုအစိုးရတစ်ရပ် လိုအပ်သည်ဟူ၍ တပ်မတော်ကယုံကြည်ခဲ့သည်။
စာကြောင်း ၇၅ -
 
အကယ်၍ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့သည် ပြည်ထောင်စုမှထွက်ခွာခဲ့ပါလျှင် လွတ်လပ်သောတိုင်းပြည်အနေဖြင့် ကိုယ်တိုင်နိုင်ငံခြားရေးပေါ်လစီများကို ချမှတ်ဆောင်ရွက်ရမည်ဖြစ်ရာ အခြားနိုင်ငံများနှင့် မဟာမိတ်ပြု၍ ပူးပေါင်းရမည်ဖြစ်သည်။ စစ်အေးတိုက်ပွဲ၌ ဖက်မလိုက်သော မြန်မာနိုင်ငံအနေဖြင့် လုံခြုံရေးပြဿနာရပ်များ ပေါ်ပေါက်လာမည်ဖြစ်ပြီး မြန်မာ့နယ်မြေအတွင်း၌ အမေရိကန်နှင့်တရုတ်ပြည်တို့၏ တိုက်ပွဲဖြစ်နိုင်ခြေလည်း မြင့်မားနိုင်သည်။
 
==နောက်ဆက်တွဲနှင့်သက်ရောက်မှုများ==
မြန်မာ့လူထုများတွင် အာဏာသိမ်းပြီးအစပိုင်း၌ မည်သည့်ပြောင်းလဲမှုများမှ မကြုံတွေ့ရသေးပေ။ တပ်မတော်၏ တန်းတူညီမျှရေးမူဝါဒကြောင့် စိုက်ပျိုးရေးတွင်လုပ်ကိုင်ကြသော လူထူတို့၏ လူနေမှုအဆင့်အတန်းမှာ အနည်းငယ်တို့တက်လာခဲ့သည်။ [[တပ်မတော်]]သည် ၁၉၅၈ မှ ၁၉၆၀ အထိ နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ဖူးသည့်အတွက် အချိန်တန်လျှင် အရပ်သားအစိုးရထံ အာဏာပြန်လွှဲမည်ဟု ယုံကြည်ခဲ့ကြသည်။
 
တပ်မတော်သည် ကွန်မြူနစ်ဝါဒဆန့်ကျင်ခြင်းကို အမေရိကန်နိုင်ငံက နှစ်သက်ခဲ့သည်။ [[စစ်အေးတိုက်ပွဲ]]၌ ဖက်မလိုက်မှုကို ဆက်လက်ကိုင်တွယ်ထားသဖြင့် မည်သည့်နိုင်ငံများမှ အာဏာသိမ်းပိုက်မှုကို ဆန့်ကျင်ခြင်း သို့မဟုတ် အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ခြင်းတို့မရှိခဲ့ပေ။
 
==ဆက်လက်ဖတ်ရှုရန်==