စိုးဝင်း၊ ဗိုလ်ချုပ်ကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး 8.38.148.182 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို NjsBot ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၄ -
 
[[စစ်တက္ကသိုလ်]] အပတ်စဉ် ၁၂ ဆင်းဖြစ်ပြီး ၁၉၉၀ ခုနှစ်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နည်းဗျူဟာ အမှတ် ၃ တွင် နည်းဗျူဟာမှူး ဖြစ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် တိုင်းမှူးဖြစ်ခဲ့ပြီး စစ်အစိုးရ၏ အဖွဲ့ဝင်ဖြစ်လာသည်။ ၂၀၀၁ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်စစ်ရုံးချုပ်၌ လေကြောင်းရန် ကာကွယ်ရေးဗိုလ်ချုပ်ဖြစ်လာသည်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီတွင် စစ်အစိုးရ၏ အတွင်းရေးမှူး ၂ ဖြစ်လာသည်။ ယင်းမတိုင်မီ နှစ်နှစ်က ဗိုလ်ချုပ်ကြီး တင်ဦး ရဟတ်ယာဉ် ပျက်ကျ သေဆုံးခဲ့သည်။
[[File:The Prime Minister, Dr. Manmohan Singh with other Heads of State Government of Asian countries at the 5th India-ASEAN Summit, at Cebu in Philippines on January 14, 2007.jpg|thumb|မကွယ်လွန်မီ ၈လခန့်အလိုတွင် အာဆီယံ-အိန္ဒိယ အစည်းအ​ဝေးသို့ တက်​ရောက်​နေ​သော ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း]]
 
[[ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း]]တွင် ခေါင်းဆောင်ပိုင်းတာဝန်ယူထားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း နီးစပ်သူ ဖြစ်သည်။ သူတို့နှစ်ဦးသည် ‘တိုင်းပြုပြည်ပြု စီမံကိန်း’ များဖြစ်သော ဆည်မြောင်းတာတမံ၊ လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများတွင် အမြင်တူညီကြသည်။ ၂၀၀၃ ခုနှစ် မေလက ဒီပဲယင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများအား ပြင်းထန်စွာ တိုက်ခိုက်ခဲ့မှုတွင် နောက်မှ ကြိုးကိုင်သူဟု ကျယ်ပြန့်စွာ ယူဆထားခြင်းခံရသည်။ ၎င်းနှစ်မှာပင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အတူ ဗီယက်နမ်နှင့် တရုတ်နိုင်ငံ ခရီးစဉ်များတွင် လိုက်ပါခဲ့သည်။ စက်တင်ဘာတွင် ဗိုလ်ချုပ်ကြီး စိုးဝင်းသည် နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင် နှင့် ဒုတိယဝန်ကြီးတို့အား ထုတ်ပစ်ခြင်းကို လက်မှတ်ရေးထိုးခဲ့သည်။ ဗုဒ္ဓဘာသာကို ရိုသေကိုင်ရှိုင်းပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်စဉ်က ချင်းပြည်နယ်တွင် အများစု‌ဖြစ်သော ချင်းခရစ်ယာန်များအား ဘာသာရေးဖိနှိပ်မှုများကို ကျူးလွန်ခဲ့သည်။