ဟစ်တလာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ထားပါသည် +ထားသည်, -ကြေငြာ +ကြေညာ, -လျှင်မြန် +လျင်မြန်, -ရပါသည် +ရသည်, -ခဲ့ပါသည် +ခဲ့သည်)
စာကြောင်း ၆၃ -
[[ဒုတိယကမ္ဘာစစ်]]ကြီးကို ဖန်တီးခဲ့သူ၊ ဂျူးလူမျိုးတို့၏ဘုံရန်သူ၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ ဘုံရန်သူ၊ နာဇီပါတီဝင်တို့၏ ဖခင်ကြီး၊ ခေတ်သစ်ဂျာမနီပြည်ကြီး၏ ခေါင်းဆောင်ကြီး၊ တစ်ကမ္ဘာလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သော [[အာဏာရှင်]]ဟု အမျိုးမျိုး မှတ်တမ်းတင်ခဲ့ရသော ပုဂ္ဂိုလ်ကြီး ဟစ်တလာ၏ နာမည်အပြည့်အစုံမှာ "အားဒေါလ်ဖ် ဟစ်တလာ" (Adolf Hitler) ဖြစ်သည်။
 
ဟစ်တလာကို [[ဩစတြီးယား]]ပြည်နှင့် ဘာဗေးရီးယား ပြည်နယ်စပ်ရှိ အင်းမြစ်နံဘေး ဘရောနှောမြို့ကလေးတွင် ဖခင် အလွိုက်ဟစ်တလာနှင့် မိခင် ကလာရာပေါဇ်လ်တို့မှ ၁၈၈၉ခုနှစ်၊ ဧပြီလ ၂ဝ ရက်၊ ညနေ၌ မွေးဖွားခဲ့ပါသည်။မွေးဖွားခဲ့သည်။ အမျိုးအနွယ်မှာ မထင်မရှားမျှသာ ဆို။ ဟစ်တလာ၏ဖခင်မှာ လုပ်ငန်းများ အတည်တကျမရှိသဖြင့် အမြို့မြို့အနယ်နယ် ပြောင်းရွှေ့ရင်း လိုက်ပါနေထိုင်ခဲ့ကြရသည်။ ရောက်ရာအရပ်တွင် ဟစ်တလာမှာ မူလတန်းပညာကို သင်ယူခဲ့ရသည်။ ၁၉ဝဝ ပြည်နှစ်တွင် လင့်ဇ်မြို့မှ ရီးရဲအလယ်တန်းကျောင်းတွင် အလယ်တန်းပညာကို ဆက်လက်သင်ကြားခဲ့သည်။ ၁၉ဝ၃ ခုနှစ်တွင် ဟစ်တလာ၏ဖခင် အလွိုက်ကွယ်လွန်သွားခဲ့သည်။ ထို့နောက် ဟစ်တလာမှာ ကျောင်းနေခွင့်မရတော့။ ဘဝရပ်တည်ရေးကို ခက်ခဲပင်ပန်းစွာ ရပ်တည်ခဲ့ရသည်ဆို၏။ ထိုမှတဖန် မိခင်ဖြစ်သူအလိုကျ ကက်သလစ်ဘာသာဝင်အဖြစ် ခံယူခဲ့ရပြီး စတီးယားကျောင်းတွင် ဆက်လက်ပညာသင်ကြားခဲ့ပြန်ပြီး အသက် ၁၆ နှစ်တွင် ကျောင်းထွက်ခဲ့ရသည်။
 
ဟစ်တလာသည် ပန်းချီအနုပညာကို ဝါသနာပါခဲ့ပြီး အသက်ကြီးလျှင် ပန်းချီဆရာအဖြစ် အသက်မွေးမည်ဟုပင် ဆုံး ဖြတ်ခဲ့ဖူးသည်ဆို၏။ မိဘများက အစိုးရအလုပ်ကို လုပ်စေချင်ခဲ့ သည်ဆို၏။ ဟစ်တလာမှာ ကျောင်းစာလည်းညံ့ခဲ့သည်။ ကျောင်း ထွက်လက်မှတ်ကို မရရှိခဲ့။ ၁၉ဝ၅ ခုနှစ်တွင် ကျောင်းမှထွက်ခဲ့ သည်။ ပုံများ၊ ပန်းချီများကို အချိန်ပြည့်ဆွဲကာ အချိန်လွန်ခဲ့သည် ဆို၏။ ဟစ်တလာသည် ၁၉ဝ၆ ခုနှစ်တွင် [[ဗီယင်နာမြို့]]သို့ အလည်အပတ် ရောက်သွားခဲ့သည်။ ဗီယင်နာမြို့မှာ အနုပညာ ထွန်းကားသော မြို့ကြီးဖြစ်သောကြောင့် သူအလွန်ပျော်ခဲ့သည် ဆို၏။ ထိုမြို့ကြီး၏ ကြီးကျယ်ခမ်းနားမှု အနုပညာများကသူ့ကို ပန်းချီဆရာဖြစ်ချင်စိတ်ကို ပို၍ တွန်းပို့ခဲ့သည်ဆို၏။ ထို့ကြောင့် သူ့မိခင်ကြီး တားဆီးနေသည့်ကြားမှ ၁၉ဝ၇ ခုနှစ်တွင် လင်ဇ်မြို့ ကလေးကိုစွန့်ခွာ၍ ဗီယင်နာမြို့သို့ ထွက်ခွာခဲ့သည်ဆို၏။ သို့သော် သူသည် အနုပညာသိပ္ပံကျောင်းကြီးကို ဝင်ခွင့်မရ။ အရည်အချင်း မမီ၊ သူ စိတ်မလျှော့ဘဲ ဆက်လက် ကြိုးစားနေစဉ်မှာပင် သူ့ မိခင်ကြီး ကွယ်လွန်ခဲ့၍ လင့်ဇ်မြို့သို့ ပြန်ခဲ့ရသည်။ ၁၉ဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗီယင်နာမြို့သို့ ပြန်ရောက်ရှိခဲ့ပြီး အနုပညာသိပ္ပံကျောင်းကြီးတွင် နေခွင့်ရရန် ကြိုးစား ပြန်၏။ သို့သော် မရခဲ့။ ဟစ်တလာသည် စိတ်ပျက်လက်ပျက်နှင့် ၅ နှစ်လုံးလုံး ဖြစ်သလိုနေ ဖြစ်သလိုစား မထင်မရှားနေခဲ့ရသည်။ ဗီယင်နာမြို့ကြီးတွင် သူ့ဘဝသည် ကူကယ်ရာမဲ့နှင့် ၁၉ဝ၉ ခုနှစ်မှ ၁၉၁၃ ခုနှစ်ထိ ပခုံးထမ်းအလုပ်ကြမ်းသမား၊ အပေါစား ပန်းချီဆရာအဖြစ်မျိုးနှင့် နေထိုင်ခဲ့ရသည်ဆို၏။
စာကြောင်း ၁၀၁ -
၁၉၄ဝ တွင် ဟစ်တလာ၏ အစီအစဉ်များသည် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နိုင်ခဲ့သည် ဆိုကြရလေ၏။ [[ဗြိတိသျှ]]၊ [[ပြင်သစ်]]၊ [[ဘယ်လ်ဂျီယံ]]၊ [[နော်ဝေး]]တို့၏ တပ်ပေါင်းများစွာ၊မြို့ ပေါင်းများစွာမှ ဂျာမနီတပ်များကို ခုခံတိုက်ခိုက်ခဲ့ရသည်။ ၁၉၄၁ ခုနှစ်တွင် [[ဆိုဗီယက်ယူနီယံ]]ကို ဝင်ရောက် တိုက်ခိုက်ခဲ့လေ၏။ သို့သော် ဟစ်တလာ၏စစ်မျက်နှာများ လက်တံရှည်လျားလှသဖြင့် ထိုအချိန်မှစ၍ မနိုင်မနင်းဖြစ်ကာရှိနေခိုက်တွင် ဂျပန်နှင့်လည်း မဟာမိတ်ဖွဲ့ခဲ့သေး၏။ သို့သော် ထိုအချိန်တွင် ဟစ်တလာသည် စစ်ပန်းနေခဲ့ပြီ။ မကြာခင်မှာပင် [[ဂျပန်]]တို့၏ ပုလဲဆိပ်ကမ်းဗုံးကြဲ မှုကြီးသည် အမေရိကန်တို့ ရန်စကျူးကျော်ခြင်းဖြစ်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းသို့ အမေရိကန် ဝင်ရောက်လာခဲ့ခြင်းသည် ဟစ်တလာနှင့် နောက်ပါမိတ်ဆွေနိုင်ငံများအတွက် ဆုံးရှုံးခြင်း နိမိတ်ဟု ယူဆခဲ့ကြသည်ဆို၏။
ထိုသို့နှင့် ၁၉၄၁-၄၂-၄၃-၄၄ ခုနှစ်များတွင် ဟစ်တလာ သည် ဘေးကြပ်နံကြပ်များနှင့် ရင်ဆိုင်ခဲ့ရပြီး တစတစ စစ်ရှုံးကာ မျက်ကန်းတစ္ဆေမကြောက် ပုံစံနှင့်သာရှိနေခဲ့လေ၏။ ၁၉၄၅ ခုနှစ်တွင် ဟစ်တလာ၏ ရှိသမျှတပ်ပေါင်းများစွာ ပျက်စီးခဲ့၍ မဟာမိတ်တပ်များနှင့် ဆိုဗီယက်တပ်နီတော်၏ ထိုးစစ်ဒဏ် များကို လုံးဝခုခံနိုင်ခြင်းမရှိတော့ဘဲ ပြိုကွဲပျက်စီးခဲ့ရလေတော့ သည်။
ဟစ်တလာကို လုပ်ကြံမှုကြီးပေါင်းများစွာနှင့်သေကြောင်း ကြံစည်ခဲ့ကြသော်လည်း မသေခဲ့ဘဲ သူ၏ဝန်မခံသော နောက်ဆုံးချစ်သူ အိဗာဗရွန်းနှင့်အတူ ၁၉၄၅ ခုနှစ်၊ ဧပြီလတွင် နောက်ဆုံးနေထိုင်ရာ စံအိမ်တော်ဝင်း ပုန်းခိုကျင်းကြီးထဲတွင်မိမိကိုယ်မိမိ သေနတ်ဖြင့် သေကြောင်းကြံ ကွယ်လွန်ခဲ့သည်ဟုသိရှိ ကြရပါသည်။ကြရသည်။ <ref>သုတေသီ ရေး ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ</ref>
 
သူ၏မွေးရပ်မြေမှ [[ဂျာမနီနိုင်ငံ]]သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ပြီး ဂျာမနီ နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၂၁ ခုနှစ်မှစ၍ ဂျာမန် အမျိုးသားဆိုရှယ်လစ်အလုပ်သမားများပါတီ (NSDAP) ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ၁၉၃၃ ခုနှစ်မှစ၍ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ်၊ ၁၉၃၄ ခုမှစ၍ သေဆုံးသည့် ၁၉၄၅ ခုနှစ်အထိ သူ့ကိုယ်သူ "အမျိုးသားခေါင်ဆောင်" ဟုအမည်တပ်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အစိုးရအဖွဲ့ ဥက္ကဋ္ဌ ရာထူးများကို တစ်ဦးတည်း သိမ်းပိုက်ကာ တိုင်းပြည်အာဏာကို ထင်သလို ခြယ်လှယ်ခဲ့သူ တစ်ဦးဖြစ်သည်။ သူသည် ၁၉၄၅ ခု ဧပြီလ ၃၀ ရက်နေ့တွင် သူနေထိုင်ရာ ဘာလင်မြို့နန်းတော်တွင်း၌ သူ့ကိုယ်သူပင် အဆုံးစီရင်ခဲ့သည်။
စာကြောင်း ၁၁၆ -
ထို့နောက်တွင်တော့ ဟစ်တလာသည် နှစ်အနည်းငယ်အတွင်းမှာပင် ဂျာမနီနိုင်ငံတော်ကြီးကိုပင် ဝန်ကြီးချုပ်လုပ် သိမ်းပိုက်နိုင်ရုံမက [[ဥရောပ|ဥရောပနိုင်ငံ]]အတော်များများကိုလည်း သူ၏လက်အောက်သို့ ပြားပြားမှောက် ရောက်ရှိစေခဲ့သည်။ ပြောရလျှင် သူလိုလူသည် ဤကမ္ဘာလောကတွင် မရှိသလောက်ပင် ရှားသည် ဟုဆိုရမည်။
 
နိုင်ငံရေးလောကထဲမဝင်မီ သူ၏ဘဝနှင့် သူ၏ဇာတ်ကြောင်းကို ဟစ်တလာသည် "ပဟေဠိ" တစ်ခုအနေဖြင့်သာ အများကို သိစေခဲ့သည်။ Krockow ၏စာအုပ်ထဲတွင် "ငါဘယ်ကလာတယ်၊ ငါက ဘယ် မိသားစုကပေါက်ဖွားတယ်ဆိုတာ ဒင်းတို့ သိဖို့ အရေးမပါ ပါဘူး" လို့ဟစ်တလာက သူ့ ခေတ်ပြိုင် နိုင်ငံရေးသမားတွေကို ရည်ညွန်းပြီး ပြောခဲ့ကြောင်း ရေးသားထားပါသည်။ရေးသားထားသည်။
 
အားဒေါ့လ်ဖ် ဟစ်တလာကို အကောက်အခွံအရာရှိ [[အားလွိုက်စ် ဟစ်တလာ]] နှင့် ဇနီးဖြစ်သူ ကလာရာတို့မှ [[ဩစတြီးယားနိုင်ငံ|ဩစတြီးယား]] ပြည်နယ်မြောက်ပိုင်း ဗရောင်းနောင်း အမ် အင်းန် တွင် မွေးဖွားခဲ့သည်။ ၁၉၀၃ ခုနှစ်တွင် ဖခင်ဖြစ်သူသေဆုံးခဲ့ပြီး အထက်တန်းကျောင်းမှ နုတ်ထွက်ခဲ့သည်။ ဗင်းန်မြို့တွင် ယဉ်ကျေးမှု တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး အောင်မြင်မှုမရခဲ့သည့်အတွက် သူဖြစ်ချင်သော အနုပညာရှင် တစ်ယောက်ဖြစ်ရန် ရည်မှန်းချက်ကို လက်လွှတ်လိုက်ရသည်။
စာကြောင်း ၁၃၁ -
== ဟစ်တလာ အာဏာရလာပုံ ==
[[File:Reichsparteitagnov1935.jpg|thumb|220px|အာဏာရ ဟစ်တလာ]]
အာဒေါ့လ်ဖ် ဟစ်တလာသည် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးလောကသို့ ဝင်ရောက်လာချိန် ကတည်းကပင် ဂျာမနီနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် စိုးစင်းမျှ စိတ်ကူးခဲ့ခြင်းမရှိပေ။ သို့သော် နိုင်ငံတော်အာဏာကို သူ၏လက်ဝယ်သို့ လျှင်မြန်စွာလျင်မြန်စွာ ရောက်ရှိရေးနှင့် ရရှိပြီးသော အာဏာကို အဓွန့်ရှည်ကြာစွာ ဆက်လက် ချုပ်ကိုင်ထားနိုင်ရေး အတွက်ကိုမူ [[ဒီမိုကရေစီ]]လမ်းစဉ်ကို စနစ်ကျစွာ အလွဲသုံးစား ပြုခဲ့သည်။ ဟစ်တလာသည် တရားဝင် နည်းလမ်းသုံးသွယ်ကို အသုံးပြုကာ အကြွင်းမဲ့အာဏာရှင်အဖြစ်သို့ လွယ်လင့်တကူပင် ရောက်ရှိလာခဲ့ပေတော့သည်။
 
=== အုပ်ချုပ်ရေးအာဏာကို အရယူခြင်း ===
စာကြောင်း ၁၄၁ -
 
=== ဥပဒေပြုအာဏာကို အရယူခြင်း ===
၁၉၃၃ ခု မတ်လ ၂၄ ရက်နေ့တွင် ဟစ်တလာသည် စစ်ဥပဒေသစ်တစ်ရပ်ကို ထုတ်ပြန်ကြေငြာခဲ့သည်။ထုတ်ပြန်ကြေညာခဲ့သည်။ ထိုဥပဒေကို "နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းခွင့် ဥပဒေ" ဟု တရားဝင်ခေါ်ဆိုခဲ့သော်လည်း ထိုအမိန့်ဥပဒေအရပင် ဟစ်တလာ အာဏာရှင်သည် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လိုသလို မွှေနှောက်အသုံးချနိုင်သူ ဖြစ်သွားသည်။ ထို့ထက်ဆိုးသည်မှာ အဆိုပါ အမိန့်အရ ပြည်သူ့လွှတ်တော်၏ ထိန်းချုပ်မှုအောက်မှလည်း ကွင်းလုံးကျွတ် လွတ်မြောက်ခွင့်ရ သွားလေ တော့သည်။
 
ဤနည်းဖြင့်ပင် ဂျာမနီနိုင်ငံတွင် အချိန်အတော်အတန်ကြာ အမြစ်တွယ်နေပြီးဖြစ်သော ဒီမိုကရေစီစနစ်ကြီးသည် အပြီးအပိုင် ချုပ်ငြိမ်းသွားခဲ့လေတော့၏။ တချိန်တည်းတွင်ပင် စစ်အာဏာရှင်များသည် နိုင်ငံရေးအတိုက်အခံများ၊ တော်လှန်ပုန်ကန်သူများကို ချုပ်နှောင်ထိန်းသိမ်းရန် နာဇီအကျဉ်းစခန်းများကို စတင် တည်ဆောက်လေတော့သည်။
စာကြောင်း ၁၄၉ -
၁၉၃၃ ခု ဇွန်လ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရုမ်းမ် "Roehm" ၏ အာဏာသိမ်းရန် ကြံစည်မှုကြီးက ဟစ်တလာကို နောက်ထပ် လှေကားထစ်တစ်ခုသို့ထပ်မံ တွန်းပို့လိုက်သည်နှင့် တူနေလေတော့သည်။ SS စစ်တပ်နှင့် ကာကွယ်ရေးစစ်တပ်နှစ်ခုကို ပူးပေါင်းစေပြီး အာဏာသိမ်းရန် ကြံစည်သော အဲ့န်စ်တ် ရုမ်းမ် "Ernst Roehm" အပါအဝင် အခြားသော SA စစ်ဗိုလ်များကို ကွက်မျက်စေခဲ့သည်။
 
၁၉၃၃ ဇူလိုင် ၃ ရက်နေ့တွင် ထုတ်ပြန် သော ဥပဒေအသစ်မှ ၏လုပ်ရပ်သည် နိုင်ငံတော် အေးချမ်းသာယာရေးကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သဖြင့် ဥပဒေကြောင်လမ်းအရ မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့သည်။တရားဝင်ကြေညာခဲ့သည်။ SA စစ်တပ်ကြီးသည် ထိုအချိန်မှစ၍ သူ၏လုပ်ပိုင်ခွင့်နှင့် အထူးအာဏာများကို လက်လွှတ်လိုက်ရပြီး SS စစ်တပ်သည်သာလျှင် ဟစ်တလာ၏ တိုက်ရိုက်ဦးဆောင်မှုဖြင့် အာဏာရှင်လက်ကိုင်တုတ်များ ဖြစ်လာကြတော့သည်။
 
ဤသို့သော တရားဝင်နည်းလမ်းအသွယ်သွယ်ကို အသုံးချရင်း နိုင်ငံတော်အာဏာကို တစတစသိမ်းယူလာခဲ့သည်။ ဂျာမနီနိုင်ငံသမ္မတ ဟင်းဒန်းဘွတ်ခ် ကွယ်လွန်ပြီးသည့်အချိန်မှစ၍ လက်ရှိရာထူးအပြင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ခေါင်းဆောင်ကြီး အမည်များခံယူကာ ဟစ်တလာသည် အကြွင်းမဲ့အာဏာရှင်ဘဝသို့ ပြိုင်ဘက်မရှိ ရောက်ရှိသွားလေတော့သည်။ <ref>"http://www.nz-nothanks.blogspot.com {{Webarchive|url=https://web.archive.org/web/20181006194045/http://nz-nothanks.blogspot.com/ |date=6 October 2018 }}" မှ</ref>