ဆောမြို့နယ်

မကွေးတိုင်းရှိ မြို့နယ်

ဆောမြို့နယ် သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးဂန့်ဂေါခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ ဆောမြို့နယ်တွင် ဆောမြို့နှင့် ကျောက်ထုမြို့ တို့ပါဝင်သည်။[၂] မြို့နယ်ရုံးစိုက်ရာမြို့မှာ ဆောမြို့ ဖြစ်သည်။

ဆောမြို့နယ်
မြို့နယ်
ဂန့်​ဂေါခရိုင်အတွင်းတည်​နေရာ
ဂန့်​ဂေါခရိုင်အတွင်းတည်​နေရာ
ဆောမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဆောမြို့နယ်
ဆောမြို့နယ်
ဆောမြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 21°13′N 94°12′E / 21.217°N 94.200°E / 21.217; 94.200
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး
ခရိုင်ဂန့်ဂေါခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ဆောမြို့
လူဦးရေ (၂၀၁၄)၃၅,၈၃၂[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ဆောနယ်သစ်ထုတ်လုပ်ငန်း ပြင်ဆင်ရန်

ဆောနယ်တွင် ရှေးမြန်မာမင်းများလက်ထက်ကပင် သစ်ထုတ်လုပ်ငန်းကို လုပ်ကိုင်သည်။ ဆောမြို့မှာ ယော ၄ မြို့ဝန် အုပ်ချုပ်ရာ နယ်မြေ ဖြစ်ကာ ယော၊ဆော၊ ထီးလင်း၊ လောင်းရှည်မြို့များကို ပူးတွဲ အုပ်ချုပ်သည်။ မင်းတုန်းမင်း လက်ထက် ၁၈၇၀ ပြည့်နှင်က ဆောဒေသမှ သစ်များ ထုတ်လုပ်ကာ ဆောချောင်း၊ ယောချောင်း၊ မုန်းချောင်း စသည်တို့မှ မျှောချလေ့ ရှိသည်။ ဗြိတိသျှတို့ လက်ထက်၌လည်း ဆောနယ်၌ သစ်ထုတ်လုပ်ငန်း ဆက်လက် လုပ်ကိုင်ခဲ့သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၇။
  2. "Saw Township - Magway Division" Archived 17 November 2010 at the Wayback Machine. map, Myanmar Information Management Unit (MIMU)
  3. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၁၄၂။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်