အမေရိကန်ပြည်ထောင်စု အာကာသတပ်မတော်

အာကာသအခြေစိုက် အမေရိကန်တပ်မတော်တပ်ဖွဲ့ခွဲ

အမေရိကန်ပြည်ထောင်စု အာကာသတပ်မတော်သည် အာကာသအခြေစိုက် အမေရိကန်တပ်မတော်၏ တပ်ဖွဲ့ခွဲတစ်ခုဖြစ်ပြီး လက်ရှိသီးသန့်အာကာသတပ်မတော်တစ်ခုလည်းဖြစ်သည်။[၇] အမေရိကန်လေတပ်နှင့်အတူ အာကာသတပ်မတော်သည်လည်း လေတပ်မတော်ဌာန၏ လက်အောက်၌ပါဝင်ရာ လေတပ်မတော်အတွင်းရေးမှူးက ကြီးကြပ်သည်။ အဆိုပါအတွင်းရေးမှူးသည် ကာကွယ်ရေးဝန်ကြီးထံ အစီရင်ခံရပြီး အထက်လွှတ်တော်၏ အတည်ပြုချက်ဖြင့် သမ္မတကခန့်အပ်ထားသော အရပ်သားနိုင်ငံရေးရာထူးဖြစ်သည်။[၈] အာကာသစစ်ဆင်ရေးမှူးချုပ်သည် အာကာသတပ်မတော်၏ အကြီးအကဲဖြစ်ပြီး ရာထူးအကြီးဆုံးအရာရှိလည်းဖြစ်သည်။ အာကာသစစ်ဆင်ရေးမှူးချုပ်သည် အာကာသတပ်မတော်၏ တပ်ဖွဲ့များအားလုံးကို ကြီးကြပ်ကွပ်ကဲပြီး ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (Joint Chiefs of Staff) တွင်လည်း အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်သည်။

အမေရိကန်ပြည်ထောင်စု အာကာသတပ်မတော်
United States Space Force

တံဆိပ်တော်

ဒယ်လ်တာအမှတ်အသား
တည်ထောင်၂၀ ဒီဇင်ဘာ ၂၀၁၉; ၄ နှစ် အကြာက (၂၀၁၉-၁၂-20)
နိုင်ငံ အမေရိကန်
တပ်
အမျိုးအစား
အာကာသတပ်မတော်
အခန်းကဏ္ဍ
တပ်
အရွယ်အစား
  • တပ်သား ၈၄၀၀[၁][၂]
  • အာကာသယာဉ် ၇၇ ခု[၃]
အစိတ်အပိုင်းအမေရိကန်ပြည်ထောင်စု တပ်မတော်
လေတပ်မတော်ဌာန
ဌာနချုပ်ပင်တဂွန် စစ်ဌာနချုပ်
အာလင်တန်ခရိုင်၊ ဗာဂျီးနီးယား၊ အမေရိကန်ပြည်ထောင်စု[၄]
ဆောင်ပုဒ်
  • Semper Supra
  • "Always above"
  • အမြဲတမ်းအထက်၌ဝယ်[၅]
စစ်ချီတေးSemper Supra[၆]
နှစ်ပတ်လည်များ၂၀ ဒီဇင်ဘာ
ကိရိယာများ
ဝက်ဘ်ဆိုဒ်spaceforce.mil
spaceforce.com
အုပ်ချုပ်သူများ
စစ်သေနာပတိချုပ် နိုင်ငံတော်သမ္မတ ဂျိုး ဘိုင်ဒင်
ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်
လေတပ်မတော် အတွင်းရေးမှူး ဖရန့် ကန်ဒေါ ၃
အာကာသစစ်ဆင်ရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ဘရက်ဒလေ ချန့်စ် ဆော့ဇ်မန်း
ဒုတိယအာကာသစစ်ဆင်ရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ဒေးဗစ် ဒီ သော်မဆင်
အာကာသတပ်မတော်၏ တပ်ကြပ်မှူးကြီး CMSSF ရော်ဂျာ အေ တိုဘာမန်း
အဆောင်အယောင်များ
အလံတော်
Delta, Globe, and Orbit
လက်မောင်းတံဆိပ်

အာကာသတပ်မတော်၏ မူလဇစ်မြစ်သည် စစ်အေးကာလအစ၌ ခြေရာခံရာ ၁၉၄၅ ခုနှစ်တွင် ကြည်း-လေတပ်မတော်သည် အာကာသဆိုင်ရာတို့ကို စတင်ဆောင်ရွက်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ဘားနက် ရှရီဗာသည် တပ်မတော်အတွင်း၌ အာကာသဆိုင်ရာအတွက် အဖွဲ့စည်းတစ်ခုကို စတင်ဖွဲ့စည်းခဲ့ရာ ယခုအခါ အာကာသစနစ် စစ်ဌာနချုပ်အဖြစ်တည်ရှိသည်။[၉][၁၀] စစ်ဘက်ဆိုင်ရာ အာကာသတပ်ဖွဲ့များကို လေတပ်မတော်၏ စစ်ဌာနချုပ်များအဖြစ် ဖွဲ့စည်းခဲ့ရာမှ နောက်ပိုင်းတွင် လေတပ်အာကာသစစ်ဌာနချုပ်သို့ ပေါင်းစည်းခဲ့သည်။ အာကာသတပ်မတော်သည် ဗီယက်နမ်စစ်ပွဲအတွင်း တိုက်ခိုက်ရေးထောက်ပံ့မှု စစ်ဆင်ရေးများကို ပထမဆုံးစတင်လုပ်ဆောင်ခဲ့သည်။ အာကာသတပ်မတော်ကို ပထမဆုံးသော အဓိကအသုံးချမှုမှာ ပင်လယ်ကွေ့စစ်ပွဲတွင်ဖြစ်သည်။ ယင်းအာကာသတပ်သည် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့အတွက် အလွန်အရေးကြီးကြောင်း သက်သေပြခဲ့ရာ တစ်ခါတစ်ရံထိုစစ်ပွဲကို ပထမ"အာကာသစစ်ပွဲ" ဟုလည်း ခေါ်ဆိုကြသည်။

အာကာသတပ်မတော် ဖွဲ့စည်းရေးအတွက် ပထမဆုံးအကြိမ် ဆွေးနွေးမှုများသည် ၁၉၅၈ ၌ဖြစ်ပြီး ၁၉၈၂ တွင်လည်း သမ္မတရော်နယ် ရေဂင်သည်လည်း အဆိုပါကိစ္စအတွက် ထည့်သွင်းစဉ်းစားခဲ့သည်။ ၂၀၀၁ ခုနှစ် အာကာသကော်မရှင်သည် ၂၀၀၇ နှင့် ၂၀၁၁ ခုနှစ်များအကြားတွင် အာကာတပ်ခွဲများ (Space Corps) ဖန်တီးရန်အတွက်‌ တောင်းဆိုခဲ့ပြီး ၂၀၁၇ တွင် အမေရိကန် ကွန်ဂရက်လွှတ်တော်၌လည်း ထိုကိစ္စအတွက် ပါတီနှစ်ဖွဲ့ပေါင်း၍ အဆိုပြုခဲ့ကြသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု အာကာသတပ်မတော်အက်ဥပဒေကို အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ၏ တစ်စိတ်တစ်ပိုင်းအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး လေတပ်အာကာသစစ်ဌာနချုပ်နှင့် အခြားလေတပ်အာကာသဆိုင်ရာ အစိတ်အပိုင်းများကိုစုပေါင်း၍ အမေရိကန်ပြည်ထောင်စု အာကာသတပ်မတော်အဖြစ် ဖွဲ့စည်းခဲ့သည်။

တာဝန် ပြင်ဆင်ရန်

အမေရိကန်ပြည်ထောင်စု အာကာသတပ်မတော်အက်ဥပဒေအရ အမေရိကန်ပြည်ထောင်စု အာကာသတပ်မတော်သည် "အမေရိကန်ပြည်ထောင်စုအတွက် အာကာသ၌ လွတ်လပ်စွာဆောင်ရွက်ခွင့်ကို ပံ့ပိုးပေးရန်"နှင့် "ရေရှည်တည်တံ့သော အာကာသဆိုင်ရာ ဆောင်ရွက်မှုများကို ပံ့ပိုးပေးရန်" လေ့ကျင့်သင်ကြားထားသည်ဖြစ်၍ အာကာသထဲ၌ အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားများကို ကာကွယ်ရန်၊ အာကာသအတွင်း ကျူးကျော်ရန်စမှုများကို ဟန့်တားရန်၊ အာကာသစစ်ဆင်ရေးများကို လုပ်ဆောင်ရန်စသော တာဝန်များကိုဖော်ပြထားသည်။[၁၁]

၂၀၂၀ သြဂုတ် ၁၀ တွင် အာကာသတပ်မတော်သည် "အာကာသစွမ်းအား" (Spacepower: Doctrine for Space Forces) အမည်ရှိသော စစ်ဖက်ရေးရာအဆိုကို ချမှတ်ခဲ့သည်။[၁၂]

ထိုအဆိုထဲတွင် အာကာသတပ်မတော်သည် အမေရိကန်ပြည်ထောင်စု၏ တိုးတက်ရေးနှင့် လုံခြုံရေးတို့အတွက် ၎င်း၏အုတ်မြစ်တာဝန်သုံးခုကို အောက်ပါအတိုင်းသတ်မှတ်သည်။

  • အာကာသနယ်မြေအတွင်း လွတ်လပ်စွာလုပ်ဆောင်ခွင့်ကို ပေးစွမ်းရန်
  • ပူးတွဲစစ်ဆင်ရေးများ၏ ထိရောက်မှုကို ပေးစွမ်းနိုင်ရန်
  • အမျိုးသားရေးရည်မှန်းချက်များ ပြည့်မီအောင်စွမ်းဆောင်နိုင်သော အမေရိကန်အမျိုးသားခေါင်းဆောင်မှုကို လွတ်လပ်သော ရွေးချယ်မှုများ ပေးစွမ်းရန်

အာကာသတပ်ဖွဲ့၏ ပင်မစွမ်းရည်ငါးခုမှာ အောက်ပါအတိုင်းဖြစ်သည်။

  • အာကာသလုံခြုံရေး (Space security)
  • တိုက်ခိုက်ရေးစွမ်းအားထုတ်ဖော်ပြသမှု (Combat power projection)
  • အာကာသဆိုင်ရာရွေ့လျားမှုနှင့် ထောက်ပံ့ပို့ဆောင်ရေး (Space mobility and logistics)
  • အချက်အလက်ဆိုင်ရာရွေ့လျားမှု (Information mobility)
  • အာကာသပိုင်နက်တက်သိမှု (Space domain awareness)

အာကာသစွမ်းအင်ဆိုင်ရာ ကျွမ်းကျင်မှုများအတွက် လိုအပ်သော အာကာသစွမ်းအင်ဆိုင်ရာ ပညာရပ်ခုနစ်ခုကိုလည်း အောက်ပါအတိုင်းဖော်ပြထားသည်။

  • ဂြိုဟ်ပတ်လမ်းစစ်ဆင်ရေး
  • အာကာသလျှပ်စစ်သံလိုက်စစ်ဆင်ရေး
  • အာကာသတိုက်ပွဲစီမံခန့်ခွဲမှု
  • အာကာသဝင်ရောက်မှုနှင့် တည်တံ့ခိုင်မြဲရေး
  • စစ်ထောက်လှမ်းရေး
  • ဆိုက်ဘာစစ်ဆင်ရေး
  • အင်ဂျင်နီယာပညာနှင့် ရယူမှုများ

ရာထူးအဆင့်များ ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမေရိကန်အာကာသတပ် ရာထူးအဆင့်နှင့် အဆောင်အယောင်များ

ပြန်တမ်းဝင် အရာရှိများ ပြင်ဆင်ရန်

နေတိုးကုဒ် OF-10 OF-9 OF-8 OF-7 OF-6 OF-5 OF-4 OF-3 OF-2 OF-1 OF(D) ဗိုလ်လောင်း
  အမေရိကန်ပြည်ထောင်စု အာကာသတပ်မတော်[၁၃]
                    (အဆောင်အယောင် အများအပြား)
General Lieutenant general Major general Brigadier general Colonel Lieutenant colonel Major Captain First lieutenant Second lieutenant Officer cadet / Officer trainee
ဗိုလ်ချုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဗိုလ်ချုပ် ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီး ဒုတိယဗိုလ်မှူးကြီး ဗိုလ်မှူး ဗိုလ်ကြီး ဗိုလ် ဒုတိယဗိုလ် ဗိုလ်လောင်း / အလုပ်သင်ဗိုလ်

အခြားအဆင့်များ ပြင်ဆင်ရန်

နေတိုးကုဒ် OR-9 OR-8 OR-7 OR-6 OR-5 OR-4 OR-3 OR-2 OR-1
  အမေရိကန်ပြည်ထောင်စု အာကာသတပ်မတော်[၁၄]
အဆောင်အယောင်
သတ်မှတ်ဆဲ
                   
Senior Enlisted Advisor to the Chairman Chief Master Sergeant of the Space Force Chief master sergeant Senior master sergeant Master sergeant Technical sergeant Sergeant Specialist 4 Specialist 3 Specialist 2 Specialist 1
ဥက္ကဋ္ဌ၏အကြီးတန်းအကြံပေးအရာရှိ အာကာသတပ်မတော်၏ တပ်ကြပ်မှူးကြီး တပ်ကြပ်မှူးကြီး တပ်ကြပ်ကြီး တပ်ကြပ်မှူး နည်းပညာတပ်ကြပ် တပ်ကြပ် အထူးပညာရှင် ၄ အထူးပညာရှင် ၃ အထူးပညာရှင် ၂ အထူးပညာရှင် ၁

ဘတ်ဂျတ် ပြင်ဆင်ရန်

အသုံးစရိတ် ၂၀၂၀[၁၅] ၂၀၂၁[၁၆] ၂၀၂၂ (ခွင့်ပြု)[၁၇] ၂၀၂၃ (ပြဋ္ဌာန်း)[၁၈]
လည်ပတ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှု $၄၀,၀၀၀,၀၀၀ $၂,၄၉၂,၁၁၄,၀၀၀ $၃,၆၁၁,၀၁၂,၀၀၀ $၄,၀၈၆,၈၈၃,၀၀၀
ဝယ်ယူရေး $၂,၃၁၀,၉၉၄,၀၀၀ $၂,၇၈၇,၃၅၄,၀၀၀ $၄,၄၆၂,၁၈၈,၀၀၀
သုတေသန၊ ဖွံ့ဖြိုးတိုးတက်မှု၊ စမ်းသပ်မှုနှင့် စစ်ဆေးအကဲဖြတ်မှု $၁၀,၅၄၀,၀၆၉,၀၀၀ $၁၁,၇၉၄,၅၆၆,၀၀၀ $၁၆,၆၃၁,၃၇၇,၀၀၀
တပ်မတော်သားများ $၁,၁၀၉,၄၀၀,၀၀၀
စုစုပေါင်း $၄၀,၀၀၀,၀၀၀ $၁၅,၃၄၃,၁၇၇,၀၀၀ $၁၈,၁၉၂,၉၃၂,၀၀၀ $၂၆,၂၈၉,၈၄၈,၀၀၀

ကိုးကား ပြင်ဆင်ရန်

  1. Corey Dickstein။ Space Force to launch its first guardians-only basic training in May | Stars and Stripes။ Stripes.com။ 5 May 2022 တွင် ပြန်စစ်ပြီး။
  2. 2021 USAF & USSF Almanac: PersonnelAir Force Magazine (30 June 2021)။ 17 August 2021 တွင် ပြန်စစ်ပြီး။
  3. U.S. Space Force brochure။ 22 September 2020 တွင် ပြန်စစ်ပြီး။
  4. U.S. Space Force Fact SheetSpaceforce.mil။ United States Space Force (20 December 2019)။ 21 December 2019 တွင် ပြန်စစ်ပြီး။
  5. The U.S. Space Force logo and motto.
  6. Space Force reveals official song: "Semper Supra"
  7. Robitzski၊ Dan (18 June 2018)။ The US may soon have the world's first Space Force (in en)။ 3 February 2021 တွင် ပြန်စစ်ပြီး။
  8. Fact Sheet။ 27 January 2020 တွင် ပြန်စစ်ပြီး။
  9. Neufeld 1990, pp. 107–108.
  10. Spires 1998, pp. 33–34.
  11. National Defense Authorization Act for Fiscal Year 2020။ United States House of Representatives (December 2019)။
  12. Wright၊ Ashley M. (10 August 2020)။ Space Force releases 1st doctrine, defines "spacepower" as distinct form of military power (in en-US)။ 3 February 2021 တွင် ပြန်စစ်ပြီး။
  13. U.S. Military Rank Insignia။ Department of Defense။ 13 January 2022 တွင် ပြန်စစ်ပြီး။
  14. Space Force Reveals Insignia for Enlisted Ranks။ Air Force Magazine (20 September 2021)။ 21 September 2021 တွင် ပြန်စစ်ပြီး။
  15. Defense Budget Overview: Irreversible Implementation of the National Defense Strategy (February 2020) - Revised May 13, 2020။ Office of the Undersecretary of Defense (Comptroller)/Chief Financial Officer, United States Department of Defense (13 May 2020)။ 3 February 2021 တွင် ပြန်စစ်ပြီး။
  16. RULES COMMITTEE PRINT 116–68 TEXT OF THE HOUSE AMENDMENT TO THE SENATE AMENDMENT TO H.R. 133။ 14 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 January 2023 တွင် ပြန်စစ်ပြီး။
  17. Biden၊ Joseph။ "Statement by the President on S. 1605, the National Defense Authorization Act for Fiscal Year 2022" (သတင်းထုတ်ပြန်ချက်)။ White House28 December 2021 တွင် ပြန်စစ်ပြီး
  18. H.R.2617 - Consolidated Appropriations Act, 2023။ Congress။ 29 December 2022 တွင် ပြန်စစ်ပြီး။