အင်တိုင်းသူ/သားများသို့

မုံရွာမြို့နယ် အင်တိုင်းကျေးရွာသည် ကြေးပန်းတင်း ကြေးစည်၊ထိုးမောင်း၊ကြေးဖလား၊ကြေးဇွန်း၊ခြူ စသော ကြေးလုပ်ငန်းများထွန်းကား၍ ကျော်ကြားခဲ့ဖူးသော ကျေးရွာဖြစ်ခဲ့ဘူးပြီ။

ထို့နောက် လက်ယက္ကန်း ချည်ထည်၊စောင်များ ယက်လုပ်ခြင်းဖြင့်လည်း ထွန်းကားခဲ့၏။ ယခုတိုင်လည်း ထိုလုပ်ငန်းများ အနည်းငယ် လည်ပတ်လုပ်ကိုင်စဲဖြစ်၏။

သာသနာဘက်မှာ ယခုချိန်ထိ ဘုန်းကြီးကျောင်း(၉)ကျောင်းရှိ၍ နိုင်ငံကျော်မစိုးရိမ်တိုက်သစ် နာယကဆရာတော် ဦးရာဇဓမ္မ ဇာတိချက်ကြွေမွေးရပ်မြေဆိုတာ ဆရာတော်သံဃာတော်များအသိုင်းဝန်း၌ သာသနာတော်၌ ယခုချိန်ထိထင်းရှားလှသော ကျေးရွာဖြစ်၏။

အင်းတိုင်းရွာသို့ ရောက်လျင် ပေါများလှတဲ့ ရေတွင်းတွေရှိတဲ့ချောင်းရိုးသို့ မရောက်ဖူးသူ ရှိအံ့မထင်။

အင်တိုင်းလို့ပြောလိုက်လျင် ''ရေတွင်းပေါတဲ့ အင်တိုင်းလား"လို့ ဝိသေသတတ် ပြန်အမေးခံရအောင် ဒီနယ်တစ်ဝိုက်မှာတော့ ထင်းရှားခဲ့၏။

အင်တိုင်းရွာ၏ အရှေ့တောင်ဘက် ချောင်းရိုးဘယ်/ညာ တဖက်စီ၌ ရေတွင်းပေါင်း (၅၂)(ဆင်မုန်တွင်းခေါ် ဆီဆုံတွင်းမပါ)အစီအရီ တည်ရှိပါသည်။

(ရေတွင်းများသမိုင်းကို စုဆောင်းစဲဖြစ်၍ သီးသန့်ရေသားပါအံ့)

ယခုအခါ၌ ထိုရေတွင်းများ ပျက်စီးယိုယွင်းခြင်း၊ချောင်းရိုး တိမ်ကော၍ မြေထိန်းနံရံများပျက်စီခြင်းတို့သည် အတော်ကို

အမြင်ဆိုးစေခဲ့ပါသည်။

ကျွန်ုပ်ရွာပြန်ရောက်ကတည်းက ရေတွင်းများနှင့်ချောင်းရိုးတစ်လျောက် ပြန်လည်ပြုပြင်ခြင်း ထိန်းသိမ်းခြင်းများ

ပြုလုပ်ဖို့ တွေးကြံခဲ့ပါသည်။

အချို့ရေတွင်းကုသိုလ်ရှင်တို့သည်လည်း ပြန်လည်ပြုပြင်ထားသည်ကို တွေ့ရ၍ အားရကျေနပ်မိပါကြောင်း။

အရှင်ဘုရား တပည့်တော်တို့ ရေတွင်းပျက်စီးနေတာကို

ပြင်ခြင်လို့ ဆောင်ရွက်ပေးတော်မူပါဟု လာလျောက်ထား၍

၁၃၃၈-ဦးကြည်အောင်+ဒေါ်အိုတင် သားသ္မီးတစ်စုကောင်းမှု

ဖြင့်တည်ထားသော ရေတွင်း(ရွာအခေါ် တမာပင်တွင်း)အား

ဦးစန်းကို+ဒေါ်ရီစိန် သ္မီး မအေးအေးမော် မိသားစုကောင်းမှုဖြင့် ကျောင်းရှိကပ္ပိယများလုပ်အားဖြင့် စတင်ဆောင်ရွက်ပါတော့မည်။

ဒုတိယ ရေတွင်းအနေဖြင့်ပြုပြင်ရန် ကောဝိဒါရာမကျောင်းဆရာတော်ဦးအင်္ကုရ၊ရွှေသိမ်တော်ကျောင်းဆရာတော် ဦးအာလောက ကောင်းမှုဖြင့် အများကောင်းမှုဖြင့်တည်ထားသော ရွာဘုံတွင်း(ဘုံတွင်းလေး)အားပြုပြင်ပါမည်။

"ရေတွင်းများနှင့်ချောင်းရိုးပြုပြင်ရန် အစီအစဥ်"

၁။  ရေတွင်းများအား အုပ်စုခွဲ၍ နံပါတ်အစဥ်တပ်ခြင်း။

၂။  ရေတွင်းများပြုပြင်၍ မူရင်းသက္ကရာဇ် ပြုပြင်သက္ကရာဇ်

      အထိန်းအမှတ် ကျောက်စာများ စိုက်ထူခြင်း။

၃။ မြေထိန်းနံရံများပြုပြင်၍ မြေညှိ အစားထိုးအရိပ်ရအပင်

      များစိုက်ပျိုးခြင်း။

၄။  ချောင်းရိုးတလျောက် ရေစီးရေလာကောင်းအောင်

       ပြုပြင်ဆောင်ရွက်ခြင်း။

၅။    နွေရာသီ အပူရှောင်နားနေရန် ဇရပ်အဆောက်အဦးများ

        တည်ဆောက်ခြင်းများဖြင့် တစ်ရွာလုံးအကူညီဖြင့်

        သန့်သန့်ရှင်းရှင်း ထိန်းသိမ်းကြဖို့ ဆောင်ရွက်ပါမည်။

သို့ဖြစ်ပါ၍ မိဘ ဘိုးဖွားများကုသိုလ်ပြုခဲ့သော နာမည်ရှိပြီးသား အလှူရှင်၏

သားစဥ်မြေးဆက် ပြုပြင်ရန်လိုအပ်ပါက

အကြောင်းကြားဆက်သွယ်ခြင်းများပြုပါမည်။

မရှိပါက အများကောင်းမှုဖြင့် ပြုပြင်ပါမည်။

အများကောင်းမှုဖြင့်တည်ထားသောရေတွင်းများ(ရွာဘုံတွင်းများ)အား တစ်ဦးတည်းကုသိုလ်ရှင်များ မရှိပါက

အများကောင်းမှုဖြင့် ပြုပြင်ပါမည်။

စေတနာအား၊သဒ္ဓါအား၊ကာယအား၊ညာဏအားများဖြင့်

ကုသိုလ်ပြု အကြံညာဏ်ပြုကြဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါသည်။

ဒုက္ခာ မုစ္စထ သုခိတာ ဟောထ။

          အရှင်အာလောက (အင်တိုင်း)

တို့ရွာ အရှေ့တောင်ယွန်းဆီက

စိမ့်စမ်းချို ဘယ်ညာကမ်းတဖက်

ပြုပြင်ခြင်းမဲ့။

အပင်တွေကအို

တွင်းတွေကပြို

သားစဥ်မြေးဆက်

ကုသိုလ်တွေဆက်ကြပါစို့။

ဆက်သွယ်လှူဒါန်းရန်

kpay/wave.  09455526530

ရွှေသိမ်တော်ကျောင်းတိုက် အရှင်အာလောက(အင်တိုင်း)

ပြန်လည်မျှဝေခြင်းပြုနိုင်သည်။

အင်တိုင်း
ရွာ
အင်တိုင်းရွာ
အင်တိုင်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အင်တိုင်း
အင်တိုင်း
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°13′16″N 95°15′10″E / 22.2210292816162°N 95.2527313232422°E / 22.2210292816162; 95.2527313232422ကိုဩဒိနိတ်: 22°13′16″N 95°15′10″E / 22.2210292816162°N 95.2527313232422°E / 22.2210292816162; 95.2527313232422
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင်မုံရွာခရိုင်
မြို့နယ်မုံရွာမြို့နယ်
ကျေးရွာအုပ်စုအင်တိုင်း
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)