Dr.Khon Latt Naung
ဝီကီပီးဒီးယားမှ နွေးထွေးစွာ ကြိုဆိုပါတယ် Dr.Khon Latt Naung !
ပြင်ဆင်ရန်
ပထမအဆင့် မိတ်ဆက်
ဝီကီပီးဒီးယားရဲ့ လမ်းစဉ်ငါးရပ်ကို ဦးစွာဖတ်ကြည့်ဖို့ အကြံပြုပါတယ်။ အကောင့်ကို မှတ်ပုံတင်ပြုလုပ်ပြီးတဲ့နောက် မိတ်ဆက်ခြင်း နှင့် မေးလေ့ရှိသော မေးခွန်းများ က သင့်ကို အများကြီး အကူအညီပေးပါလိမ့်မယ်။ သူတို့တွေက ဝီကီပီးဒီးယားမှာ တည်းဖြတ်နည်းနဲ့ ရေးသားဟန်တွေ၊ အခြား သိသင့်တာတွေကို ပြောပြပေးသွားပါလိမ့်မယ်။ ဝီကီပီးဒီးယားမှာ ပါဝင်ဖို့ သင့်မှာ နည်းပညာဆိုင်ရာတွေ တတ်ကျွမ်းနေဖို့ မလိုပါဘူး။ ပါဝင်ဆောင်ရွက်တဲ့နေရာမှာ သတ္တိရှိပါ။ ပြီးတော့ တခြားသူတွေအပေါ်မှာ ရိုးရိုးသားသား ပြုမူဆက်ဆံပါ။ ဒီနေရာဟာ ဝီကီ ဖြစ်ပြီး အလွန့်အလွန် လွယ်ကူပါတယ်။ အကူအညီရယူခြင်း
|
မှတ်သားဖွယ်ရာများ
Welcome!
Welcome to Myanmar Wikipedia! I hope you enjoy improving and editing this Wikipedia project. These pages are especially useful for those who are literate in Burmese. However, even experienced Wikipedians who don't know any Burmese have helped out with other things, such as updating images from Commons, so don't be afraid to improve the wiki any way you can! Remember, someone else can always come later and fix any changes you make that are not perfect. Thank you.
|
ဖေဖော်ဝါရီ ၂၀၂၃
ပြင်ဆင်ရန်မင်္ဂလာပါ။ ကျွန်ုပ်ကတော့ Ninjastrikers ဖြစ်ပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သင့်ရဲ့ တည်းဖြတ်မှုတစ်ခုဟာ စမ်းသပ်မှုတစ်ခု ဖြစ်နေနိုင်တဲ့အတွက် ဖယ်ရှားလိုက်ပါတယ်။ တည်းဖြတ်မှုကို လေ့ကျင့်လိုပါက ကျေးဇူးပြု၍ sandbox မှာ ပြုလုပ်ပေးပါ။ အမှားပြုလုပ်မိတယ်လို့ သင်ထင်ပါက၊ ဒါမှမဟုတ် မေးစရာတွေ ရှိနေခဲ့ရင် ကျွန်ုပ်ရဲ့ ဆွေးနွေးချက် စာမျက်နှာမှာ စာလွှာချန်ခဲ့နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ Ninja✮Strikers «☎» ၁၅:၁၉၊ ၅ ဖေဖော်ဝါရီ ၂၀၂၃ (UTC)
Resistance Hypertension ( ဆေးမတိုးသော သွေးတိုးရောဂါ/ ထိန်း၍ မရသော သွေးပေါင်ချိန်)
ပြင်ဆင်ရန်Resistance Hypertension ( ဆေးမတိုးသော သွေးတိုးရောဂါ/ ထိန်း၍ မရသော သွေးပေါင်ချိန်) http://wix.to/vKUJ7UJ?ref=2_cl သွေးတိုးရောဂါ လူနာအများစုသည် တက်နေသော သွေးပေါင်ချိန်ကို မည်သို့မျှ ထိန်းမရသော ပြဿနာကို ကြုံရတတ်ပါသည်။ သွေးတိုးရောဂါသည် ကမ္ဘာတစ်လွှားတွင် နှလုံးသွေးကြောနှင့် ဦးနှောက်ဆိုင်ရာ နောက်ဆက်တွဲများကို ဖြစ်စေပြီး သေဆုံးခြင်း မသန်စွမ်းခြင်းများကို အများဆုံး ဖြစ်စေသည့် ရောဂါ တစ်ခုဖြစ်သည်။ သွေးတိုးရောဂါကို ကုသရာတွင် ထိန်းထားသင့်သော သွေးပေါင်ချိန်ပမာဏသည် လူတစ်ဦးနှင့်တစ်ဦး မတူညီပေ။ လူမျိုး၊ နေထိုင်စားသောက်မှုပုံစံ၊ သောက်သော ဆေးအမျိုးအစား၊ ဆေးဒဏ်ခံနိုင်မှုနှုန်း၊ လူနာသောက်လိုသော ဆေးအမျိုးအစားအစားတို့အပေါ် မူတည်၍ ပြောင်းလဲမှုများ ရှိနိုင်ပေသည်။ ဥပမာ ဆိုရသော် - နောင်လာမည် ဆယ်နှစ်အတွင်းတွင် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်တန်စွမ်း ၁၀ % နှင့် အထက်ရှိသော သွေးတိုးလူနာ၏ သွေးပေါင်ချိန်ကို ၁၃၀/၈၀ အောက်ရောက်အောင် ချပြီး ထိန်းထားသင့်ပေသည်။ ( နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၏ ဖြစ်တန်စွမ်းကို ဆရာဝန်မှ တွက်ချက်ပေးမည် ဖြစ်ပါသည်) - နာတာရှည် ကျောက်ကပ်အားနည်းရောဂါလူနာများတွင် သွေးပေါင်ချိန်ကို ၁၂၀ အောက်တွင် ထိန်းထားသင့်သည်ဟု ကျောက်ကပ် ရောဂါဆိုင်ရာ သီအိုရီစာအုပ်များက ညွှန်းဆိုထားပါသည်။ - ဆီးချိုရောဂါ ရှိသူများတွင် ၁၃၀/ ၈၀ အောက်တွင် ထိန်းထားသင့်သည်ဟု အမေရိကန် ဆီးချိုရောဂါ ထိန်းသိမ်းရေး ပညာရှင်များအဖွဲ့ ( ADA guideline ) မှဆိုပါသည်။ - သို့ရာတွင် လူနာအများစုသည် အဆိုပါ သွေးပေါင်ချိန်အတိုင်းအတာအထိ ရရှိအောင် ထိန်းညှိ၍ မရကြပေ။ ✳️မည်သည့် အချိန်တွင် Resistance Hypertension ( ဆေးမတိုးသော သွေးတိုးရောဂါ/ ထိန်း၍ မရသော သွေးတိုးရောဂါ) ဟု ခေါ်ဆိုမည်နည်း❓ အောက်ပါ အချက် သုံးချက်နှင့် ကိုက်ညီရပါမည်။ ၁။ လူနာသည် အမျိုးအစား မတူသော သွေးပေါင်ကျဆေး/ သွေးထိန်းဆေး အနည်းဆုံး ၃ မျိုး သောက်နေရမည်။ ၂။ အထက်ပါ ဆေးအားလုံး၏ ပမာဏ( maximum tolerated dose ) လူနာ၏ ဆေးဒဏ် ခံနိုင်စွမ်းအပေါ် မူတည်ပြီး ပမာဏ အမြင့်ဆုံးအထိ ပေးထားပြီး ဖြစ်ရမည်။ ၃။ အဆိုပါ ဆေးသုံးမျိုးထဲတွင် 1. CCB ဟုခေါ်သော ဆေးများ( ဥပမာ- Amlodipine) 2. ACEI/ ARB ဟု ခေါ်သော ဆေးများ( ဥပမာ- Enalapril, Losartan) 3. ဆီးဆေးများ ပါဝင်ရမည် ဖြစ်သည်။ ဤ အချက် ၃ ချက်နှင့် ကိုက်ညီအောင် ဆေးပေးထားပြီးသည့်နောက်မှ ထိန်းမရသော သွေးပေါင် အား Resistance Hypertension ဟု ခေါ်ဆိုပါသည်။ နောက်တစ်နည်းအားဖြင့် သွေးထိန်းဆေး အနည်းဆုံး လေးမျိုး ပေးပါမှ ထိန်းညှိနိုင်သော သွေးပေါင်ချိန်အား Resistance Hypertension ဟု ခေါ်ဆိုနိုင်ပါသေးသည်။ ——————————————————————— သို့ရာတွင် လူနာတစ်ဦးအား ဆေးမတိုး သွေးတိုးရောဂါဟု သတ်မှတ်ရန်အတွက် 🧨Pseudoresistance ဟုခေါ်သော ( ဆေးမတိုးဟု မှားယွင်းသတ်မှတ် မိခြင်း) နှင့် 🧨Apparent treatment- resistance hypertension ( ဆေးမတိုးတော့ဟု ထင်မှတ်မှားနေခြင်း) နှစ်ခုကိုရှေးဦးစွာ စဉ်းစားသင့်ပါသည်။ Pseudoresistance (ဆေးမတိုးဟု မှားယွင်းသတ်မှတ် မိခြင်း) သည် လူနာ၏ ဆေးပုံမှန် မသောက်မှု၊ ပတ်ဝန်းကျင် အခြေအနေကိုလိုက်၍ သွေးပေါင်အတက်အကျ ပြောင်းလဲ တတ်မှု၊ သွေးပေါင် တိုင်းတာရာတွင် နည်းစနစ်မကျမှုတို့ကြောင့် ဖြစ်တတ်ပါသည်။ သို့ဖြစ်၍ လူနာ၏ သွေးပေါင်သည် လိုချင်သည့် ပနာဏသို့ မရောက်နိုင်ပဲ တိုင်းလိုက်တိုင်းတက်နေတတ်သဖြင့် မှားယွင်း ကုသမှုကို ခံရနိုင်ပါသည်။ Apparent treatment- resistance hypertension ( ဆေးမတိုးတော့ဟု ထင်မှတ်မှားနေခြင်း) သည် ဆေးမတိုး သွေးတိုးရောဂါ သတ်မှတ်ချက် ၃ ချက်နှင့် ကိုက်ညီနေသော်လည်း လူနာ ဆေးသောက်သည့်ပမာဏ လိုအပ်ချက်ကြောင့်သော်လည်းကောင်း၊ ဆေးခန်းရောက်သောအခါ စိတ်လှုပ်ရှားမှုကြောင့်သော်လည်းကောင်း တက်မြဲ တက်နေတတ်ပါသည်။ အဆိုပါ လူနာမျိုးတွင် အိမ်တွင် သွေးပေါင်တိုင်းတာ၍ စောင့်ကြည့်သည့် စနစ်ကို အသုံးချ၍ အမှန်တကယ် ရှိသည့် သွေးပေါင်ကို သိအောင် လုပ်သင့်ပါသည်။ ——————————————————————— ✳️ ဆေးမတိုး သွေးတိုးရောဂါ ( Resistance Hypertension ) ကို ဘယ်လို သိအောင် လုပ်ရမလဲ❓ ✅ပထမအဆင့် ဆေးမတိုးဟု မှားယွင်းသတ်မှတ် မိခြင်း( Pseudoresistance) နှင့် ဆေးမတိုးတော့ဟု ထင်မှတ်မှားနေခြင်း ( Apparent treatment- resistance hypertension ) တို့ကို ရှေးဦးစွာ စဉ်းစားသင့်ပါသည်။ ✅ဒုတိယ အဆင့် လူနာသောက်နေသော ဆေးမှန်ကန်မှု ရှိမရှိ၊ ဆေးပမာဏ မှန်မမှန်၊ ဆေးပုံမှန် သောက်ခြင်း ရှိမရှိ သေချာအောင် စစ်ဆေးရမည်။ ✅တတိယ အဆင့် သွေးပေါင် တိုင်းသော စနစ် မှန်မမှန် ပြန်ကြည့်ရမည်။ hellosayarwon.comhttps://hellosayarwon.com › ေသြ...Hello Sayarwon ✅စတုတ္ထ အဆင့် လူနာကိုယ်တိုင် မိမိအိမ်တွင် သွေးပေါင် တိုင်းတာမှတ်သား ပြီး ဆေးရုံ ဆေးခန်းတွင်တိုင်းသောသွေးပေါင်ချိန်နှင့် ပြန်လည် ချိန်ကိုက်သော စနစ်ကို အသုံးပြုခြင်း ✅ပဥ္စမ အဆင့် ပင်ရင်း ငုတ်နေသော ရောဂါ အခံကြောင့် သွေးတိုးနေခြင်းကို ရှာဖွေခြင်း။ ဥပမာ- ကျောက်ကပ် ရည်အိတ်တည်ခြင်း၊ ကျောက်ကပ်သွေးကြောပြဿနာများကြောင့် ကြောင့် သွေးတိုးနေခြင်း၊ ဟော်မုန်း လွန်ကဲသော ရောဂါများကြောင့် သွေးတိုးနေခြင်း၊ ညအိပ်ပျော်စဉ် အသက်ရှုလမ်းကြောင်း ပိတ်ဆို့ရပ်တံ့မှု၏ နောက်ဆက်တွဲအနေဖြင့် သွေးတိုးလာခြင်း၊ ပုံမှန် စွဲသောက်နေသော ဆေးတစ်ချို့ကြောင့် သွေးတိုးခြင်း၊ စသည်တို့ကို ရှာဖွေဖော်ထုတ်ခြင်း အစရှိသည့် အဆင့်များကို အသုံးပြုပြီး ဆေးမတိုး သွေးတိုးရောဂါ ( Resistance Hypertension ) ကို အဖြေထုတ်နိုင်ပါသည်။ ——————————————————————— ✳️ ဆေးမတိုး သွေးတိုးရောဂါ ( Resistance Hypertension ) နှင့် ဆက်နွယ်နေသည့် လူနေမှု ပုံစံများ- ၁။ အဝလွန်ခြင်း BMI 30kg/ m2 ကျော်လျှင် ဆေးမတိုး သွေးတိုးဖြစ်နိုင်ချေ နှစ်ဆ ရှိပါသည်။ ၂။ ဆိုဒီယမ်ဓာတ် စားသုံးမှု( အိမ်သုံးဆား၊ ဟင်းချိုမှုန့်၊ ကြက်သားမှုန့်) ၃။ ကိုယ်လက် လေ့ကျင့်ခန်းများ လူတစ်ဦးသည် တစ်ပတ်လျှင် ချွေးထွက်စေသော လေ့ကျင့်ခန်း တစ်ခုခုကို အနည်းဆုံး ၁၅၀ မိနစ်ခန့် သို့မဟုတ် မောပန်းစေသော လေ့ကျင့်ခန်းတစ်ခုခုကို ၇၅ မိနစ်ခန့် ဆောင်ရွက်ပေးပါက သွေးတိုးကို လျော့ကျ စေပါသည်။ ၄။ အရက်( အယ်လ်ကိုဟော ဓာတ်) အယ်လ်ကိုဟော ဓာတ် ၁၀ ဂရမ် သောက်တိုင်း သွေးပေါင်ချိန် ၁ မီလီမီတာ မာကျူရီ မြင့်တက်လာစေပါသည်။ ၅။ ဆေးရွက်ကြီး၊ ဆေးလိပ်၊ လျှပ်စစ်ဆေးလိပ် အစရှိသည့် နီကိုတင်း ပါဝင်သော အရာမှန်သမျှသည် သွေးပေါင်ကို တက်စေပါသည်။ ၆။ အကိုက်အခဲ ပျောက်ဆေးများ မည်သည့် အကိုက်အခဲ ပျောက်ဆေးမဆို သောက်လိုက်သည်နှင့် တပြိုင်နက် သွေးပေါင်ချိန်ကို ၂ မှ ၅ မီလီမီတာ မာကျူရီ အထိ မြင့်တက် စေပါသည်။ ၇။ သွေးပေါင် တက်စေတတ်သော ဆေးများ သောက်နေမိခြင်း - အကိုက်အခဲ ပျောက်ဆေးများ( စတီးရွိုက် သို့မဟုတ် စတီးရွိုက် မဟုတ်သော အကိုက်အခဲ ပျောက်ဆေး အားလုံး ပါဝင်သည်) - စိတ်ငြိမ်ဆေး အုပ်စုများ - ဟော်မုန်းဆေးများ - ခုခံအားနှိမ်ဆေးများ - သွေးနီဥ ထုတ်လုပ်မှု ပွါးများစေသော ဆေးများ - ဖြည့်စွက်အားဆေးများ- ဥပမာ ဂျင်ဆင်း၊ နွယ်ချိုပါဝင်သော ဆေးများ ——————————————————————— ✳️ အကယ်၍ ဆေးမတိုး သွေးတိုးရောဂါ ( Resistance Hypertension ) တွေ့ရှိခဲ့လျှင် ဘယ်လို ကုသရမလဲ❓ - ဆေးမတိုးရောဂါ သေချာလျှင် လူနာ၏ ဆေးသောက်ပုံ မှန်မမှန် ဆေးများမှန်မမှန် ပြန်စစ်ရပါမည် - အပေါ်တွင် ဖော်ပြခဲ့သော လူနေမူ ပုံစံများကို ပြုပြင်ရပါမည် - မိမိသဘော အလျှောက်ဖြစ်စေ၊ ဆရာဝန် ပေးထားသော ဆေးဖြစ်စေ စွဲသောက်နေသော အကိုက်အခဲ ပျောက်ဆေးများ၊ တိုင်းရင်းဆေးများ၊ နွယ်ချိုပါသော ဆေးများ၊ ဖြည့်စွက် အားဆေးများကို ရပ်ပါ - ညအိပ်ပျော်စဉ် အသက်ရှုလမ်းကြောင်း ပိတ်ဆို့ရပ်တံ့မှု ရှိမရှိ ရှာဖွေစမ်းသပ်ရပါမည် - ငုတ်နေသော ရောဂါ အခံကြောင့် သွေးတိုးနေခြင်းရှိမရှိကို ရှာဖွေဖော်ထုတ်ရပါမည် - လူနာ သောက်နေသော ဆေးများကို ဆရာဝန်မှ ပြန်စစ်ကြည့်ပြီး ဆေးမတိုး သွေးတိုးရောဂါ၏ အချက် သုံးချက်တွင် ပါဝင်သော ဆေးသုံးမျိုးစလုံးကို အမြင့်ဆုံး ပမာဏ အထိ လိုသလို ထိန်းညှိပေးပါလိမ့်မည် - မရလျှင် mineralocorticoid receptor antagonist ဟုခေါ်သော ဆေးများ ပေါင်းထည့်ရပါသည်( ဥပမာ - spironolactone) - မရလျှင် beta blocker ဟု ခေါ်သော နှလုံးလုန်နှုန်း ထိန်းကာ သွေးကြောများကျယ်ပြန့်၍ သွေးပေါင်ကျစေသော ဆေးများကို ထည့်ရပါသည် ( ဥပမာ- labetalol, carvedilol) ။ ဤ ဆေးများကို ပထမဦးစွာ ကုသသည့် လူနာ အသစ်များတွင် မရွေးချယ်ရပါ။ သွေးပေါင် မထိန်းနိုင်သည့် နောက်မှ ရွေးချယ်ရပါသည် - သည့်နောက်မှ မထိန်းနိုင်သေးလျှင် Clonidine ဟုခေါ်သော ဆေးများ၊ Alpha blocker အုပ်စု ဆေးများ၊ သွေးကျော ကျယ်စေ၍ သွေးပေါင်ကျစေသော ဆေးများကို လိုအပ်သလို ထည့်ပေးရပါသည်။ ဤ စာပါ အကြောင်းအရာများသည် ဆေးပညာ စာတမ်းအား သာမာန်လူများ နားလည်စေရန်သာမက ဆရာဝန် အငယ်များ၊ ကျောင်းသားများပါ နားလည် နိုင်စေရန် ချိိန်ဆ ရေးသားထားခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ ရောဂါရှာဖွေခြင်း၊ လိုအပ်သော ဆေးများ ဆေးပမာဏများကို ချိန်ညှိခြင်းအစရှိသည် အပိုင်းတို့ကို စာဖတ်သူလူနာများမှ လိုက်လံစဉ်းစား ဆောင်ရွက် ရန် မလိုအပ်ပဲ ဆရာဝန်များမှ လိုအပ်သလို ပြုလုပ်ပေးသွားမည်ကြောင်း အသိပေး တင်ပြအပ်ပါသည်။ Dr. Khon latt Naung( Physician) Memories of Emancipated soul 17.2.23/Friday Reference # Resistant hypertension: A stepwise approach, Jordana Yahr et al. G. Thomas, J. Calle, LEVELAND CLINIC JOURNAL OF MEDICINE VOLUME 90 • NUMBER 2 FEBRUARY 2023 Dr.Khon Latt Naung (ဆွေးနွေး) ၁၀:၅၃၊ ၁၇ ဖေဖော်ဝါရီ ၂၀၂၃ (UTC)