အီရိဝမ် ယူစွပ်ဖ်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်

အီရိဝမ် ယူစွပ်ဖ် (အင်္ဂလိပ်: Erywan Yusof) သည် ဘရူနိုင်းဒါရုစလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သည်။၂၀၂၁ စစ်အာဏာသိမ်းမှုအပြီးတွင် အာဆီယံ၏ မြန်မာနိုင်ငံအထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသူလည်းဖြစ်သည်။

အီရိဝမ် ယူဆွပ်ဖ်
Erywan Yusof
ဘူရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၀၁၅
ဧကရာဇ်ဟန်ဆာနယ် ဘိုကီယာ
ယခင်လူLim Jock Seng
ကိုယ်ရေး အချက်အလက်များ
မိခင်ကျောင်းUniversity College Swansea
အလုပ်အကိုင်သံတမန်

အီရိဝမ်ယူဆွပ်ဖ်သည် ၁၉၉၁ခုနှစ်တွင် ဗြိတိန်ဝေလနိုင်ငံရှိ ဆွမ်ဆီးကောလိပ်မှ ဘွဲ့ရရှိခဲ့သည်။ သူသည် ၂၀၁၅ခုနှစ်မှစ၍ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဒုတိယဝန်ကြီး ဖြစ်လာခဲ့သည်။

အထူးကိုယ်စားလှယ် ပြင်ဆင်ရန်

၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၂၀၂၁ခုနှစ် ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပသည့် တွေ့ဆုံပွဲတွင် အာဆီယံခေါင်းဆောင်များအကြား သဘောတူညီမှု (၅)ချက် ရရှိခဲ့ကြသည်။ ထိုအချက်များတွင် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်၏ အကူအညီနှင့် ဆွေးနွေးရေးလုပ်ငန်းစဉ်များ အကောင်အထည် ဖော်နိုင်ရန်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးရန်၊ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရန်အတွက် အာဆီယံ အထူးကိုယ်စားလှယ်နှင့်အဖွဲ့ကို မြန်မာနိုင်ငံထံ စေလွှတ်ရန် စသည်တို့ပါဝင်သည်။ ထို့ကြောင့် အာဆီယံ၏ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် ခန့်အပ်ရန် ရွေးချယ်ခဲ့ကြသည်။[၁]

အထူးကိုယ်စားလှယ်ခန့်အပ်ရန် အချိန်အ​တော်ကြာ ​ဆွေး​နွေးခဲ့ကြရပြီး ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဟောင်း Virasakdi Futrakul မှာ အထူးကိုယ်စားလှယ်ဖြစ်လာရန် နီးစပ်ခဲ့သော်လည်း ၂၀၂၁ခုနှစ် ဩဂုတ်လ (၄)ရက်​နေ့တွင် အီရိဝမ်ယူဆွပ်ဖ်က ကိုယ်စားလှယ်ဖြစ်လာခဲ့သည်။[၂][၃]တပ်မတော်မှလည်း ၎င်းကိုခန့်အပ်ခြင်းအပေါ် သဘောတူခဲ့ပြီး အိမ်စောင့်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အထူးကိုယ်စားလှယ်၏ စွမ်းဆောင်ရည်ကို ယုံကြည်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. အာဆီယံအထူးကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီအချို့ တွေ့ဆုံပွဲ ရွှေ့ဆိုင်း။ 12 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 October 2021 တွင် ပြန်စစ်ပြီး။
  2. မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ခြင်းကို ကြိုဆိုပြီး တပ်မတော်အနေဖြင့် သက်ဆိုင်သူ အားလုံးနှင့် ထိတွေ့ဆောင်ရွက်ရေး အာဆီယံအဖွဲ့နိုင်ငံများက အမြန်ဆုံး ဆောင်ရွက်ရန် အမေရိကန် တိုက်တွန်း။ 20 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 October 2021 တွင် ပြန်စစ်ပြီး။
  3. အာဆီယံ အထူးကိုယ်စားလှယ် အလုပ်ဖြစ်ပါ့မလား။ 20 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 October 2021 တွင် ပြန်စစ်ပြီး။
  4. မြန်မာနိုင်ငံခရီးစဉ်အတွင်း သက်ဆိုင်သူအားလုံးနှင့် အပြည့်အဝတွေ့ဆုံခွင့်ရလိုသည်ဟု အာဆီယံအထူးကိုယ်စားလှယ် ပြောကြား။ 10 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 October 2021 တွင် ပြန်စစ်ပြီး။