အောင်လင်းဒွေး

မြန်မာ့တပ်မတော်ဗိုလ်ချုပ်ကြီးဟောင်း နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမ

ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးသည် မြန်မာ့တပ်မတော်အရာရှိနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အတွင်းရေးမှူး အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။[]


အောင်လင်း​ဒွေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ဖေဖော်ဝါရီ ၂၀၂၁
စစ်ဥပဒေချုပ်
တာဝန်သက်တမ်း
သြဂုတ် ၂၀၁၆ – ဇန်နဝါရီ ၂၀၂၂
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်
တိုင်းမှူး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
တာဝန်သက်တမ်း
၂၀၁၄ – သြဂုတ် ၂၀၁၆
အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး
တာဝန်သက်တမ်း
အောက်တိုဘာ ၂၀၁၁ – ၂၀၁၄
ကျောင်းအုပ်ကြီး
တပ်မတော်နည်းပညာတက္ကသိုလ်
တာဝန်သက်တမ်း
၉ မေ၂၀၁၁ – ၃ အောက်တိုဘာ ၂၀၁၁
ယခင်လူဗိုလ်မှူးချုပ် ညိုစော
ဆက်ခံသူဗိုလ်မှူးချုပ် အောင်စိုး
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1962-05-31) ၃၁ မေ၊ ၁၉၆၂ (အသက် ၆၂)
မြန်မာနိုင်ငံ
နိုင်ငံသားမြန်မာ
ကြင်ဖော်(များ)ဥမ္မာမြင့်
သားသမီးရွှေရည်ဖူးအောင်
လှိုင်ဘွားအောင်
ဖြိုးအာကာအောင်
မိခင်ကျောင်းစစ်တက္ကသိုလ်အပတ်စဉ် ၂၅
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
အမှုထမ်းကာလ၁၉၈၂-လက်ရှိ
ရာထူးဗိုလ်ချုပ်ကြီး

ငယ်ဘဝ

၁၉၆၂ ခု၊ မေလ ၃၁ ရက်တွင် မွေးသည်။ မွေးချင်းညီမ စုစုဒွေးမှာ ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဖြစ်သည်။

စစ်မှုထမ်းဘဝ

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၅ နှင့် ကျောင်းဆင်းသည်။ပြန်တမ်းဝင်အမှတ် ကြည်း ၁၈၂၆၃ ဖြင့် စစ်မှုထမ်းသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသည်။သစ္စာရှိသော လက်ရုံးအဖြစ် သတ်မှတ်ခံရသည်။[] သူသည် ဗိုလ်မှူးကြီးအဆင့်ဖြင့် ဒကစမှူး(စစ်တွေ) မှသည် စစ်တက္ကသိုလ် အောင်ဇေယျဗိုလ်လောင်းတပ်ရင်း တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းသည်။ ဗိုလ်မှူးချုပ်အဆင့်ဖြင့် ၂၀၁၁ မေ ၉ - ၂၀၁၁ အောက်တိုဘာ ၃ ကာလကို တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်အဖြစ် တာဝန်ယူသည်။ နောက် ဗိုလ်ချုပ်အဆင့်ဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး[] ၊ တပ်မတော်မှတ်တမ်းရုံး ညွှန်ကြားရေးမှူးချုပ်တို့သို့ ပြောင်းလဲထမ်းဆောင်သည်။၂၀၁၆ ခု၊ ဩဂုတ်လတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ဥပဒေချုပ်ဖြစ်လာသည်။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတွင် ပါဝင်ခဲ့သည်။၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး အဖြစ်ခန့်အပ်ခံရသည်။အစိုးရ၏ အမိန့်ကြော်ငြာစာ များအား ပုံ ကောင်စီအတွင်းရေးမှူး ဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ရသူ လည်းဖြစ်၍ လူသိများသည်။၂၀၂၂ ခုနှစ် ဇန်နဝါရီ လထဲတွင် စစ်ကောင်စီအတွင်းရေးမှူး နေရာကိုသာပေးပြီး တပ်မတော် စစ်ဥပဒေချုပ် ရာထူးမှ အနားပေးခံရသည်။ တပ်မတော်အရန်အင်အား သို့ ရောက်ရှိသွားသည်။[] သူ့၏ တပ်မတော်ရာထူးနေရာအား တပ်မတော်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး (ကကအင်) မှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်နိုင်က ဒုတိယဗိုလ်ချုပ်ကြီးရာထူးတိုးကာ ဆက်ခံသည်။ယင်းနောက် ၂၀၂၄ ခုနှစ် သြဂုတ် လထဲတွင် ဗိုလ်ချုပ်ကြီး အဆင့်တိုးသည်။တပ်လက်ကိုင်မရှိသည့် တပ်မတော်အရန်အင်အား အဖြစ်မှ ဗိုလ်ချုပ်ကြီး ရာထူး တိုးသူဖြစ်လာခဲ့သည်။[]

မိသားစုဘဝ

ဇနီးဖြစ်သူမှာ ဒေါ်ဥမ္မာမြင့် ဖြစ်ပြီး သားသမီးများမှာ

  • ရွှေရည်ဖြိုးပြည့် ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာလုပ်ငန်းများ ကုမ္ပဏီပိုင်ရှင် ရွှေရည်ဖူးအောင်
  • မင်္ဂလာအောင်မြေဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် လှိုင်ဘွားအောင် (မိခင်နှင့်အတူပိုင်)
  • အောင်မြင့်မိုရ်လင်းဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဖြိုးအာကာအောင် တို့ ဖြစ်သည်။

ကိုးကား

  1. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ်(၉/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (in my)။ 3 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 February 2021 တွင် ပြန်စစ်ပြီး။
  2. စစ်ခေါင်းဆောင်၏ သစ္စာရှိသော လက်ရုံး ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးThe Irrawaddy (၆ ဇူလိုင် ၂၀၂၂)။ ၂၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၂၄/၂၀၁၆ ဇေယျကျော်ထင်ဘွဲ့ အပ်နှင်းခြင်းမြန်မာနိုင်ငံပြန်တမ်း (၁ မတ် ၂၀၁၆)။ ၂၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး အရန်အင်အား အပို့ခံရThe Irrawaddy (၁၀ ဇန်နဝါရီ ၂၀၂၂)။ ၂၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. စစ်ခေါင်းဆောင်ရဲ့ လူရင်း သုံးဦး ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာBBC Burmese (၁၆ ဩဂုတ် ၂၀၂၄)။ ၂၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။