အေးချမ်းသာရွာ၊ ပုလဲမြို့နယ်
အေးချမ်းသာရွာ (အင်္ဂလိပ်: Ayechanthar)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အေးချမ်းသာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၄၂၁၀ ဖြစ်သည်။ [၁]
အေးချမ်းသာ | |
---|---|
ရွာ | |
အေးချမ်းသာရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 21°59′27″N 94°31′36″E / 21.9907875101°N 94.5267741514°Eကိုဩဒိနိတ်: 21°59′27″N 94°31′36″E / 21.9907875101°N 94.5267741514°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်း |
ခရိုင် | ယင်းမာပင်ခရိုင် |
မြို့နယ် | ပုလဲမြို့နယ် |
ကျေးရွာအုပ်စု | အေးချမ်းသာ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
၂၀၂၁ ဖြစ်စဉ်
ပြင်ဆင်ရန်၂၀၂၁ ခု၊ စက်တင်ဘာလ ၁၄ ရက် မနက်ပိုင်းတွင် စစ်တပ်မှ ရွာသို့ဝင်ကာ ပစ်ခတ်သည်။ [၂] အသက် ၁၈ နှစ်အရွယ် ထွန်းမြင့်မှာ ရွာလမ်း၌ပင် ကျည်ထိ၍ မပြေးနိုင် ကျန်သည်တွင် ရိုက်နှက်သတ်ဖြတ်ခံရသည်။ အသက် ၁၃ နှစ်အရွယ် နေထက်ဦးမှာ ဆည်ဘက်သို့ ပြေးရာ ဆက်သွားရန် လမ်းမရှိတော့စဉ် ပစ်သတ်ခံရသည်။ ရွာအား မီးရှို့စဉ် အိမ်တလုံးတွင်ပုန်းနေသော အသက် ၂၆ နှစ်အရွယ် မင်းမင်းပါ မီးထဲပါ၏။ [၃] မြိုင်-ပုလဲ ပတ်ဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ လှုပ်ရှားနေသဖြင့် အနီးအနားရှိ အေးချမ်းသာ၊ ကျောက်ကုန်း၊ ပန်းတော်ပြင်၊ ဌေးအောင်၊ တောင်ရွာသစ် စသည်တို့ကို စစ်တပ်မှ တောခြောက်သည့်အခြေဖြင့် ရွာထဲဝင်၍ ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းတို့ ပြုရာ ရွာသားတို့ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ↑ "မြိုင်မြို့နယ်မှာ စစ်အုပ်စုက ပြည်သူတစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်". Delta News. 2021-09-16.
- ↑ "မြိုင်တွင် အသက်မပြည့်သေးသူ အပါအဝင် ၃ ဦးကို စစ်တပ်က ပစ်ခတ် မီးရှို့သတ်ဖြတ်". Irrawaddy. 2021-09-16.
ဤ စစ်ကိုင်းတိုင်းဒေသကြီး တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |