[] ဥစ္ဆေဒအယူ၊ ပြတ်စဲ၏-အဆက် ပြတ်၏-ဟူသောအယူ၊ အတ္တကောင် သတ္တဝါ ကောင်သည်လည်းကောင်း, လောကသည်၎င်း သေပြီးနောက်ထပ်၍ မဖြစ်, အဆက်ပြတ်၏ဟူသော အယူမှား။

အတ္တနှင့် လောက ယူဆပုံ

ပြင်ဆင်ရန်

ထိုအယူရှိသောသူသည် ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးကို အတ္တဟု၎င်း လောကဟု၎င်း ယူဆ၏၊

သို့မဟုတ် ခန္ဓာငါးပါးရှိရာတွင် တစ်ပါးကို အတ္တဟုယူဆပြီးလျှင် ကျန်ခန္ဓာလေးပါးကို အတ္တ၏ အသုံးအဆောင်ဖြစ်သော လောကဟု ယူဆ၏၊

ဖြစ်ပေါ်လာခဲ့သော သို့မဟုတ် မိမိ၏ အတ္တကိုသာ အတ္တဟုယူဆပြီး အခြားသူ၏ အတ္တကိုမူ လောကဟု ယူဆ၏၊

ထိုအတ္တကောင် သတ္တဝါကောင်နှင့် လောကသည် ပြတ်စဲ၏၊ ထိုပြတ်စဲသွားသော သတ္တဝါသည် တခြားဖြစ်၍ သတ္တဝါသည် တခြား အသစ်တစ်မျိုး ဖြစ်၏၊ ထိုနှစ်မျိုးသည် မည်သို့မျှ အဆက်အစပ်မရှိဟု ယူဆ၏။ []

စုတိမျှကိုသာမြင်၍ ဥပပါတ (ပဋိသန္ဓေ)ကို မမြင်သောသူသည် ဥစ္ဆေဒအယူကို ယူတတ်သည်။ [][]

ဥစ္ဆေဒဒိဋ္ဌိ ၅-ပါး

ပြင်ဆင်ရန်

ဥစ္ဆေဒဒိဋ္ဌိ-သည်လည်း--

  • (၁) မီး တောက်မီးလျှံရှိသော ဆီမီးကို “မီးတောက် မီးလျှံနှင့် အဆင်းအရောင်သည် အတူပင် ဖြစ်သည်” ဟု ရှုသကဲ့သို့ ရူပက္ခန္ဓာနှင့် ဟု ကသိုဏ်းရုပ်ကို “အတ္တ”ဟု ယူ၍ “ရူပက္ခန္ဓာ နှင့်ကသိုဏ်းရုပ်သည် ငါပင်ဖြစ်သည်၊ ငါနှင့် အတူပင်တည်း”ဟု ရှုသောအားဖြင့် ယူသော ဒိဋ္ဌိ,
  • (၂) မီးတောက်မီးလျှံနှင့် အဆင်း အရောင်ကို အတူပြု၍ ရှူသကဲ့သို့ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနောသမ္ဖဿ-ကြောင့်ဖြစ်သော ဝေဒနာကို “အတ္တ” ယူ၍ “ယင်း-ဝေဒနာနှင့် ငါ အတူပင်ဖြစ်သည်”ဟု ရှုသောအားဖြင့်ယူသော
  • (၃) ယင်း-သမ္မဿ ၆-ပါးကြောင့် ဖြစ်သော သညာကို “အတ္တ”ဟု ယူ၍ “ယင်း-သညာ နှင့်ငါ အတူပင်ဖြစ်သည်”ဟု ရှုသောအားဖြင့် ယူသော ဒိဋ္ဌိ,
  • (၄) ယင်း-သမ္ဖဿ ၆-ပါး ကြောင့်ဖြစ်သော စေတနာကို “အတ္တ”ဟု ယူ၍ “ယင်း-စေတနာနှင့် ငါ အတူပင် ဖြစ်သည်”ဟု ရှုသောအားဖြင့်ယူသော ဒိဋ္ဌိ,
  • (၅) စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ,မနောဝိညာဉ်ကို “အတ္တ”ဟု ယူ၍ “ယင်း ဝိညာဉ်နှင့်ငါ အတူပင်ဖြစ်သည်”ဟု ရှုသောအားဖြင့်ယူသော ဒိဋ္ဌိ-အားဖြင့် ၅-ပါးအပြား ရှိ၏[][]


  1. ဥစ္ဆေဒဒိဋ္ဌိ (ထီ) [ဥစ္ဆေဒ+ဣတိ+ဒိဋ္ဌိ။ ဥစ္ဆေဒေါတိ ပဝာ ဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ။ ပဋိသံ၊ဋ္ဌ၊၁၊၄၆။]
  2. ဒီ၊၁၊၃၁။ အဘိ၊ဋ္ဌ၊၁၊၄၂၂။ မူလဋီ၊၁၊၁၈၂။ မူလဋီ၊၂၊၁၃၂။
  3. ဝိ၊ဋ္ဌ၊၁၊၁၃၂။ ဝိသုဒ္ဓိ၊၂၊၅၄။) တတ္ထ ကတမာ ဥစ္ဆေဒဒိဋ္ဌိ။ ဥစ္ဆိဇ္ဇိဿတိ အတ္တာ စ လောကော စာတိ ယာ ဧဝရူပါ ဒိဋ္ဌိ ဒိဋ္ဌိဂတံ။ ပ။ ဝိပရိယာသဂ္ဂါဟော။ အယံ ဝုစ္စတိ ဥစ္ဆေဒဒိဋ္ဌိ။ အဘိ၊ဓ၊၂၅၇။ အဘိ၊ဝိ၊၃၇၃။ ဥစ္ဆိဇ္ဇိဿတီတိ ပဝတ္တာ ဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ။ အဘိ၊ဋ္ဌ၊၁၊၉၄။ အယံ အတ္တာ နာမ ကာမာဝစရသမ္ပတ္တိ ဘဝေ ဝါ ရူပါရူပဘဝါနံ ဝါ အညတရသ္မိံ ဥစ္ဆိန္နော သုဥစ္ဆိန္နော ဟောတီတိ ဥစ္ဆေဒဒိဋ္ဌိမုပါဒါယ။ အဘိ၊ဋ္ဌ၊၂၊၁၇၇။ ဥစ္ဆေဒဒိဋ္ဌိံ ဂဏှာတီ (ဝိ၊ဋ္ဌ၊၁၊၁၃၂။ ဝိသုဒ္ဓိ၊၂၊၅၄) တိ ပရတော ဥပ္ပတ္တိယာ အဒဿနတော “ဧတ္ထေဝါယံ သတ္တော ဥစ္ဆိန္နော၊ ဧဝမိတရေပီ” တိ စ္ဆေဒဒိဋ္ဌိံ ဂဏှာတိ။ သာရတ္ထ၊၁၊၃၉၇။ ဝိသုဒ္ဓိ၊၂၊၅၇။ သတ္တန္တရော ဥစ္ဆိန္နော၊ သတ္တန္တရော ဥပ္ပန္နောတိ ဂဏှန္တော ဥစ္ဆေဒဒိဋ္ဌိံ ဥပါဒိယတိ။ မူလဋီ၊၂၊၁၃၂။ ဝိသုဒ္ဓိ၊ဋီ၊၂၊၃၄၈။ (သံ၊၂၊၈၁။ အဘိ၊ဓ၊၁၄။ အဘိ၊ဝိ၊၃၆၀၊ ၃၈၀။ အဘိ၊က၊၄၂၄။ ပဋိသံ၊၁၃၃၊ ၁၄၀။ နေတ္တိ၊၃၅။ ပေဋကော၊၂၈၆၊ ၂၈၄။ ဒီ၊ဋ္ဌ၊၁၊၁၁၀။ မ၊ဋ္ဌ၊၁၊၂၄၊ ၃၃၊ ၇၃။ မ၊ဋ္ဌ၊၂၊၂၆၀။ သံ၊ဋ္ဌ၊၁၊၁၈၊ ၇၉။ သံ၊ဋ္ဌ၊၂၊၃၁၊ ၂၃၅။ အံ၊ဋ္ဌ၊၂၊၂၅။ အံ၊ဋ္ဌ၊၃၊၃၀၅။ အဘိ၊ဋ္ဌ၊၁၊၃၈၆။ အဘိ၊ဋ္ဌ၊၂၊၈၂၊ ၁၁၈၊ ၄၈၅။ အဘိ၊ဋ္ဌ၊၃၊၂၇၀။ ပဋိသံ၊ဋ္ဌ၊၂၊၅၇။ သုတ္တနိ၊ဋ္ဌ၊၂၊၂၃၉။ ဥဒါန၊ဋ္ဌ၊၃၁။ ဣတိဝုတ်၊ဋ္ဌ၊၃၆၊ ၉၀-၃၀၀။ နေတ္တိ၊ဋ္ဌ၊၁၇၁။ ဝဇိရ၊၁၁။ သာရတ္ထ၊၁၊၂၂၀။ သီ၊ဋီ၊သစ်၊၁၊၄၄၅။ မ၊ဋီ၊၁၊၁၅၇။ မ၊ဋီ၊၂၊၂၀၀။ မ၊ဋီ၊၃၊၂၃၀။ သံ၊ဋီ၊၂၊၂၀၅၊ ၂၀၇၊ ၄၁၄။ အံ၊ဋီ၊၁၊၂၄၉။ မူလဋီ၊၂၊၅၆။ အနုဋီ၊၁၊၁၂၀၊ ၁၄၀၊ ၁၇၀။ မူလဋီ၊၃၊၅၇။ ဝိသုဒ္ဓိ၊ဋီ၊၁၊၂၂၂။ ဝိသုဒ္ဓိ၊ဋီ၊၂၊၂၁၇။)
  4. တိပိဋကအဘိဓာန် အတွဲ-၄ အပိုင်း-၁
  5. (ပဋိသံ၊၁၄၇-၉)
  6. တိပိဋကအဘိဓာန် အတွဲ-၁၀