ဥယျာဉ်ရွာ၊ တောမ
ဥယျာဉ်ရွာ (အင်္ဂလိပ်: Uyin)သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ တောမကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၃၈၉၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောမကျေးရွာအုပ်စုတွင် ကျား ၃၄၈၇ ဦး၊ မ ၄၃၈၆ ဦး၊ လူဦးရေ စုစုပေါင်း ၇၈၇၃ ဦးနေထိုင်သည်။ [၁]
လမ်းပန်းဆက်သွယ်ရေး
ပြင်ဆင်ရန်လမ်းပန်းအဆက်အသွယ်ရေးမှာ ကုန်းလမ်းခရီးတစ်ခုသာ ရှိပြီး မိတ္ထီလာ-သာစည် လမ်းမကြီးပေါ်တွင် တည်ရှိပြီး ရွာ၏အလယ် တည့်တည့်မှဖြတ်ဖောက်ထားသည်။
ဘာသာရေး
ပြင်ဆင်ရန်ရွာအရှေ့ဘက်တွင် ရွာဦးဘုန်းကြီးကျောင်း တည်ရှိပြီး၊ ဆုတောင်းပြည့်စေတီများ တည်ထား ကိုးကွယ်ခဲ့ကြသည်။
ပညာရေး
ပြင်ဆင်ရန်ပညာရေးအရေဖြင့် အမှတ်(၂၁၄)အခြေခံပညာမူလတန်းကျောင်း၊ ကလေးသူငယ်ပြုစုပျိုးထောင်ရေးဌာန(မူကြိုကျောင်း)နှင့် ပန်းဥယျာဉ်စာကြည့်တိုက်တို့ ဖြင့် ပညာရေးနှင့် အသိပညာဗဟုသုတများကို ပြုစုပျိုးထောင်ပေးနေသည်။
-
အမှတ်(၂၁၄)အခြေခံပညာမူလတန်းကျောင်း၊ ဥယျာဉ်ရွာ
-
မူကြိုကျောင်း
စိုက်ပျိုးရေး
ပြင်ဆင်ရန်စိုက်ပျိုးရေးအား ဆန်စပါးအဓိကစိုက်ပျိုး ကြပြီး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ နေကြာ၊ ငရုပ်နှင့် ကြက်သွန် တို့ကို စိုက်ပျိုးလျက်ရှိကြသည်။ စိုက်ပျိုးရေးအတွက် အဓိကဆည်ရေသောက် စနစ်ကို အားကိုးအားထားပြုနေရပြီး၊ ၎င်းဆည်ရေအား မိတ္ထီလာကန် မှ တစ်ဆင့် ရယူသုံးစွဲကြသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
ဤ မန္တလေးတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |