၁၉၈၂ အာရှ အားကစားပြိုင်ပွဲ

၁၉၈၂ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1982 Asian Games) သည် အိန္ဒိယနိုင်ငံဒေလီမြို့ ၌ ၁၉၈၂ခုနှစ် နိုဝင်ဘာ ၁၉ရက်နေ့မှ ဒီဇင်ဘာ ၄ရက်နေ့အထိ ကျင်းပခဲ့သော ၉ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ၁၉၅၁ပွဲတော် ကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၁၉၈၂ခုနှစ်တွင် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ ဇဲလ်ဆင်း မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

၁၉၈၂ အာရှ အားကစားပြိုင်ပွဲ
IX Asian Games
ကျင်းပရာမြို့အိန္ဒိယနိုင်ငံဒေလီမြို့
ပါဝင်သော နိုင်ငံများ၃၃
ပါဝင်ဆင်နွဲသော အားကစားသမားများ၄,၅၉၅
ကစားပွဲအမျိုးအစား၁၉၆ (၂၁နည်း)
ဖွင့်ပွဲအခမ်းအနား၁၉ နိုဝင်ဘာ
ပိတ်ပွဲအခမ်းအနား၄ ဒီဇင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဇဲလ်ဆင်း
(သမ္မတ)
တရားဝင်ပိတ်သိမ်းပေးခဲ့သူFahad Al-Ahmed Al-Jaber Al-Sabah
အာရှ အိုလံပစ်ကောင်စီ၏ ဥက္ကဋ္ဌ
Athlete's OathP.T. Usha
Torch LighterDeanna Syme Tewari
Balbir Singh Sr.
အဓိကအားကစားကွင်းဂျဝါဟာလာ နေရူး အားကစားကွင်း
၁၉၇၈ ၁၉၈၆  >

နိုင်ငံ (၃၃)နိုင်ငံမှ အားကစားသမား (၄,၅၉၅)ဦးတို့သည် အားကစားနည်း (၂၁)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဂျဝါဟာလာ နေရူး အားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံဂျပန်နိုင်ငံကိုရီးယားသမ္မတနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

အာရှအိုလံပစ်ကောင်စီ၏ ကြီးကြပ်မှုအောက်တွင် ပထမဆုံး ကျင်းပခဲ့သော အာရှအားကစားပြိုင်ပွဲဖြစ်သည်။ ဒေလီမြို့သည် ဘန်ကောက်မြို့နှင့် ဂျာကာတာမြို့တို့ကဲ့သိုပင် အာရှအားကစားပြိုင်ပွဲကို တစ်ကြိမ်ထက်ပို၍ ကျင်းပသည့် မြို့ဖြစ်လာခဲ့သည်။ ဤအားကစားပြိုင်ပွဲမှာ အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ဇယားများတွင် တရုတ်နိုင်ငံက ထိပ်ဆုံးတွင် နေရာယူခြင်း၏ အစလည်းဖြစ်သည်။ အားကစားပြိုင်ပွဲ၏ ပွဲစဉ်များကို ရောင်စုံဖြင့် ထုတ်လွှင့်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံတွင် အဖြူအမဲရုပ်မြင်သံကြားမှ ရောင်စုံရုပ်မြင်သံကြားကို စတင်ထုတ်လွှင့်ခဲ့သည်။

လက်ခံကျင်းပခြင်း

ပြင်ဆင်ရန်

ပရိသတ် (၇၀,၀၀၀) ကျော် ဝင်ဆံ့သော ဂျဝါဟာလာ နေရူး အားကစားကွင်းကို တည်ဆောက်ခဲ့ကြသည်။ ထိုအားကစားကွင်းတွင် ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ပြေးခုန်ပစ် အားကစားနည်းများကို လက်ခံကျင်းပခဲ့သည်။ ၁၉၈၆ အာရှ အားကစားပြိုင်ပွဲနှင့် ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲများကိုလက်ခံကျင်းပမည့် ကိုရီးယားသမ္မတနိုင်ငံ မှ လေ့လာရေးအဖွဲပါ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲကျင်းပပုံများကို လေ့လာခဲ့ကြသည်။[]

ပြိုင်ပွဲအထိမ်းအမှတ်များ

ပြင်ဆင်ရန်

အထိမ်းအမှတ်တံဆိပ်

ပြင်ဆင်ရန်

၁၉၈၂ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ Mishra Yantra ဖြစ်သည်။ အပေါ်တွင် အာရှအိုလံပစ်ကောင်စီ၏ အထိမ်းအမှတ်တံဆိပ်ဖြစ်သော နေဝန်းနီကြီးရှိသည်။

လာဘ်ကောင်

ပြင်ဆင်ရန်

၁၉၈၂ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်လာဘ်ကောင်မှာ Appu ဟု အမည်ရသော ဆင်ပေါက်လေးဖြစ်သည်။

ပွဲများနှင့်အားကစား

ပြင်ဆင်ရန်

ပါဝင်​သော အားကစားနည်းများ

ပြင်ဆင်ရန်
  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    •  ဒိုင်ဗင်
    •  ​ရေကူး
    •  ဝါတာပိုလို
  •  မြားပစ်
  •  ​ပြေးခုန်ပစ်
  •  ကြက်​တောင်ရိုက်
  •  ဘတ်စကက်​ဘော
  •  လက်​ဝှေ့
  •  စက်ဘီးစီး
  •  မြင်းစီး
  •  ​ဟော်ကီ
  •  ​ဘောလုံး
  •  ​ဂေါက်သီးရိုက်
  •  ကျွမ်းဘား
  •  Handball
  •  ​လှေ​လှော်
  •  ရွက်​လှေ
  •  ​သေနတ်ပစ်
  •  စားပွဲတင်တင်းနစ်
  •  တင်းနစ်
  •  ဘော်လီ​ဘော
  •   အ​လေးမ
  •  နပန်း
  • သရုပ်ပြအားကစားနည်းများ
    •  Kabaddi
    •  ပိုက်​ကျော်ခြင်း

ပါဝင်သည့်နိုင်ငံများ

ပြင်ဆင်ရန်

ဆုတံဆိပ်ဇယား

ပြင်ဆင်ရန်
Key

  *   အိမ်ရှင်

၁၉၈၂ အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NOC ရွှေ ငွေ ကြေး စုစုပေါင်း
  တရုတ် ၆၁ ၅၁ ၄၁ ၁၅၃
  ဂျပန် ၅၇ ၅၂ ၄၄ ၁၅၃
  တောင်ကိုရီးယား ၂၈ ၂၈ ၃၇ ၉၃
  မြောက်ကိုရီးယား ၁၇ ၁၉ ၂၀ ၅၆
  အိန္ဒိယ ၁၃ ၁၉ ၂၅ ၅၇
  အင်ဒိုနီးရှား ၁၅
  အီရန် ၁၂
  ပါကစ္စတန် ၁၁
  မွန်ဂိုးလီးယား
၁၀   ဖိလစ်ပိုင် ၁၄
၁၁   အီရတ်
၁၂   ထိုင်း ၁၀
၁၃   ကူဝိတ်
၁၄   ဆီးရီးယား
၁၅   မလေးရှား
၁၆   စင်ကာပူ
၁၇   အာဖဂန်နစ္စတန်
  လက်ဘနွန်
၁၉   ဘာရိန်း
  ဟောင်ကောင်
  ကာတာ
  ဆော်ဒီအာရေးဘီးယား
  ဗီယက်နမ်
စုစုပေါင်း (23 NOCs) ၁၉၉ ၂၀၀ ၂၁၅ ၆၁၄
  1. Olympic Council of Asia : 1982 Asian Games, New Delhi။ 6 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-09-15 တွင် ပြန်စစ်ပြီး။
  2. အာရှအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေ။ 16 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 January 2022 တွင် ပြန်စစ်ပြီး။