၁၉၈၆ အာရှ အားကစားပြိုင်ပွဲ

၁၉၈၆ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1986 Asian Games) သည် ကိုရီးယားသမ္မတနိုင်ငံဆိုးလ်မြို့ ၌ ၁၉၈၆ခုနှစ် စက်တင်ဘာ ၂၀ရက်နေ့မှ အောက်တိုဘာ ၅ရက်နေ့အထိ ကျင်းပခဲ့သော ၁၀ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ကိုရီးယားသမ္မတနိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ ချန်ဒူးဝမ် မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

၁၉၈၆ အာရှ အားကစားပြိုင်ပွဲ
X Asian Games
ကျင်းပရာမြို့ကိုရီးယားသမ္မတနိုင်ငံဆိုးလ်မြို့
ပါဝင်သော နိုင်ငံများ၂၇
ပါဝင်ဆင်နွဲသော အားကစားသမားများ၄,၈၃၉
ကစားပွဲအမျိုးအစား၂၉၆ (၂၅နည်း)
ဖွင့်ပွဲအခမ်းအနား၂၀ စက်တင်ဘာ
ပိတ်ပွဲအခမ်းအနား၅ အောက်တိုဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူချန်ဒူးဝမ်
(သမ္မတ)
တရားဝင်ပိတ်သိမ်းပေးခဲ့သူFahad Al-Ahmed Al-Jaber Al-Sabah
အာရှ အိုလံပစ်ကောင်စီ၏ ဥက္ကဋ္ဌ
Torch LighterJang Jae-keun
Park Mi-sun
အဓိကအားကစားကွင်းအိုလံပစ် အားကစားကွင်း
၁၉၈၂ ၁၉၉၀  >

နိုင်ငံ (၂၇)နိုင်ငံမှ အားကစားသမား (၄,၈၃၉)ဦးတို့သည် အားကစားနည်း (၂၅)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အိုလံပစ် အားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံကိုရီးယားသမ္မတနိုင်ငံဂျပန်နိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

နိုင်ငံရေး အကြောင်းအရာများကြောင့် မြန်မာနိုင်ငံအပါအဝင် ဆိုရှယ်လစ် ၊ ကွန်မြူနစ် တိုင်းပြည်များ၏ သပိတ်မှောက်ခြင်း ခံခဲ့ရသည်။ ကိုရီးယားသမ္မတနိုင်ငံသည် ၁၉၇၀ ပွဲတော် ကို လက်ခံကျင်းပရန် ဖြစ်သော်လည်း အိမ်နီးချင်း ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ ၏ ခြိမ်းခြောက်မှုကြောင့် ၁၉၆၆ ပွဲတော် ကို လက်ခံကျင်းပခဲ့သည့် ဘန်ကောက်မြို့အား လွှဲပြောင်းပေးခဲ့ရသည်။ ဆိုးလ်မြို့သည် ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပရန် ရှိသည်ဖြစ်ရာ ဤ အာရှအားကစားပြိုင်ပွဲသည် အိုလံပစ်ပြိုင်ပွဲအကြို စမ်းသပ်ကျင်းပသည့် သဘောအနေဖြင့် သက်ရောက်သည်။

လက်ခံကျင်းပခြင်း

ပြင်ဆင်ရန်

အိမ်ရှင်ရွေးချယ်ခြင်း

ပြင်ဆင်ရန်

ဘဂ္ဂဒတ်မြို့ပြုံယမ်းမြို့နှင့် ဆိုးလ်မြို့တို့သည် အိမ်ရှင်ဖြစ်ခွင့် လျှောက်ထားခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ကျန်မြို့များ နုတ်ထွက်သွားသဖြင့် ဆိုးလ်မြို့သာ ကျန်ရှိခဲ့သည်။ ထို့ကြောင့် ၁၉၈၆ ပွဲတော်အား ဆိုးလ်မြို့မှ ကျင်းပခွင့် ရရှိခဲ့သည်။

သပိတ်မှောက်ခြင်း

ပြင်ဆင်ရန်
 
သပိတ်မှောက်နိုင်ငံများ (အနီရင့်ရောင်)

နိုင်ငံရေး အခြေအနေများနှင့် အကြောင်းတရားများကြောင့် ကွန်မြူနစ်နှင့် ဆိုရှယ်လစ်နိုင်ငံများ ဖြစ်ကြသည့် မြန်မာမြောက်ကိုရီးယားမွန်ဂိုလီးယားလာအိုကမ္ဘောဒီးယားအာဖဂန်နစ္စတန်၊ တောင်ယီမင်ဆီးရီးယား နှင့် ဘရူနိုင်းတို့က ပြိုင်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။ သို့သော် ၁၉၉၀ ပေကျင်းပွဲတော် ကို လက်ခံကျင်းပမည့် ကွန်မြူနစ်တိုင်းပြည်ဖြစ်သည့် တရုတ်နိုင်ငံမှာ သပိတ်မှောက်မှုတွင် မပါဝင်ခဲ့ပေ။ သို့သော် နောင်နှစ်နှစ်အကြာ ၁၉၈၈ခုနှစ်တွင် ကျင်းပသည့် ဆိုးလ်အိုလံပစ်ပွဲတော်ကိုမူ မြောက်ကိုရီးယားမှလွဲ၍ ကျန်သပိတ်မှောက်သည့် နိုင်ငံအားလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပေါက်ကွဲမှု

ပြင်ဆင်ရန်

အားကစားပြိုင်ပွဲ စတင်ရန် ၆ရက်အလိုတွင် ထိုစဉ်က ဆိုးလ်မြို့၏ အဓိကလေဆိပ်ဖြစ်သော ဂင်ဖို အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ (၅)ဦးသေဆုံးပြီး လူ (၃၀)​ကျော် ဒဏ်ရာရခဲ့သည်။ ဤပေါက်ကွဲမှုသည် ၁၉၈၃ခုနှစ် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်ပေါက်ကွဲမှုနှင့် ဆင်တူကာ မြောက်ကိုရီးယားမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။[]

အားကစားကွင်းများ

ပြင်ဆင်ရန်

၁၉၈၆ အာရှအားကစားပြိုင်ပွဲတွင် အသုံးပြုသည့် အားကစားကွင်းများသည် ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲ တွင် အသုံးပြုမည့် အားကစားကွင်းများ ဖြစ်သည်။

  • အိုလံပစ် အားကစားကွင်း (ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ပြေးခုန်ပစ်၊ ဘောလုံး)
  • ဘူဆန် ဂူဒေါ့ အားကစားကွင်း (ဘောလုံး)
  • ဘူဆန် ရွက်လှေစင်တာ (ရွက်လှေ)
  • ဒယ်ဂူ အားကစားကွင်း (ဘောလုံး)
  • ဒယ်ဂျွန် အားကစားကွင်း (ဘောလုံး)
  • ဒုန်ဒယ်မွန် အားကစားကွင်း (ဘောလုံး)
  • ဆိုးလ်အရှေ့ပိုင်း ဘိုလင်းစင်တာ (ဘိုလင်း)
  • ဂွမ်ချွန်း မြင်းစီးကွင်း (မြင်းစီး)
  • ဂွမ်ဂျူး အားကစားကွင်း (ဘောလုံး)
  • ယန်ယမ် ကလပ် (ဂေါက်သီးရိုက်)
  • ယန်ယမ်တက္ကသိုလ် အားကစားရုံ (ဘော်လီဘော)
  • ဟွာယမ်းမြားပစ်ကွင်း (မြားပစ်)
  • ဂျမ်စီပွဲခန်းမ (ဘတ်စကက်ဘော)
  • ဂျမ်စီ မိုးလုံလေလုံအားကစားရုံ (ရေပိုင်းဆိုင်ရာအားကစားနည်းများ)
  • ဂျမ်စီ ကျောင်းသားအားကစားရုံ (လက်ဝှေ့)
  • Misari Regatta (လှေလှော်)
  • ဆိုးလ်အိုလံပစ် ကျွမ်းဘား ပွဲခန်းမ (ကျွမ်းဘား၊ ကြက်တောင်ရိုက်)
  • အိုလံပစ် ဓားသိုင်း အားကစားရုံ (ဓားသိုင်း)
  • ဆမ်မူအားကစားရုံ (နပန်း)
  • အိုလံပစ် တင်းနစ်စင်တာ (တင်းနစ်)
  • အိုလံပစ် အလေးမအားကစားရုံ (အလေးမ)
  • Saemaul အားကစားခန်းမ (ဂျူဒို)
  • ဆောင်နမ်ဟော်ကီ အားကစားကွင်း (ဟော်ကီ)
  • ဆိုးလ် အိုလံပစ် စက်ဘီးစီးအားကစားရုံ (စက်ဘီးစီး - track)
  • ဆိုးလ်အမျိုးသားတက္ကသိုလ် အားကစားရုံ (စားပွဲတင်တင်းနစ်)
  • ဆူဝန်အားကစားရုံ (Handball)
  • ဆူဝန် တက္ကသိုလ် အားကစားရုံ (တိုက်ကွမ်ဒို)
  • Taenung နိုက်ငံတကာ သေနတ်ပစ်ကွင်း (သေနတ်ပစ်)
  • Tongillo လမ်းမ (စက်ဘီးစီး - road)

ပြိုင်ပွဲအထိမ်းအမှတ်များ

ပြင်ဆင်ရန်

လာဘ်ကောင်

ပြင်ဆင်ရန်

၁၉၈၆ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ် လာဘ်ကောင်မှာ ဟိုဒိုရီဟု အမည်ရသော ကျားဖြစ်သည်။ ဤလာဘ်ကောင်ကိုပင် ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲတွင် အသုံးပြုခဲ့သည်။

ပွဲများနှင့်အားကစား

ပြင်ဆင်ရန်

ပါဝင်​သော အားကစားနည်းများ

ပြင်ဆင်ရန်
  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    •  ဒိုင်ဗင်
    •  ​ရေကူး
    •  ဝါတာပိုလို
  •  မြားပစ်
  •  ​ပြေးခုန်ပစ်
  •  ကြက်​တောင်ရိုက်
  •  ဘတ်စကက်​ဘော
  •  ဘိုလင်း
  •  လက်​ဝှေ့
  •  စက်ဘီးစီး
  •  မြင်းစီး
  •  ဓားသိုင်းအတတ်
  •  ​ဟော်ကီ
  •  ​ဘောလုံး
  •  ​ဂေါက်သီးရိုက်
  •  ကျွမ်းဘား
  •  Handball
  •  ဂျူဒို
  •  ​လှေ​လှော်
  •  ရွက်​လှေ
  •  ​သေနတ်ပစ်
  •  စားပွဲတင်တင်းနစ်
  •  တိုက်ကွမ်ဒို
  •  တင်းနစ်
  •  ဘော်လီ​ဘော
  •   အ​လေးမ
  •  နပန်း

ပါဝင်သည့်နိုင်ငံများ

ပြင်ဆင်ရန်

ဆုတံဆိပ်ဇယား

ပြင်ဆင်ရန်
Key

  *   အိမ်ရှင်

၁၉၈၆ အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NOC ရွှေ ငွေ ကြေး စုစုပေါင်း
  တရုတ် ၉၄ ၈၂ ၄၆ ၂၂၂
  တောင်ကိုရီးယား* ၉၃ ၅၅ ၇၆ ၂၂၄
  ဂျပန် ၅၈ ၇၆ ၇၇ ၂၁၁
  အီရန် ၁၀ ၂၂
  အိန္ဒိယ ၂၃ ၃၇
  ဖိလစ်ပိုင် ၁၈
  ထိုင်း ၁၀ ၁၃ ၂၆
  ပါကစ္စတန်
  အင်ဒိုနီးရှား ၁၄ ၂၀
၁၀   ဟောင်ကောင်
၁၁   ကာတာ
၁၂   ဘာရိန်း
  လက်ဘနွန်
၁၄   မလေးရှား ၁၀
၁၅   အီရတ်
၁၆   ဂျော်ဒန်
၁၇   ကူဝိတ်
၁၈   စင်ကာပူ
၁၉   ဆော်ဒီအာရေးဘီးယား
၂၀   နီပေါ
၂၁   ဘင်္ဂလားဒေ့ရှ်
  အိုမန်
စုစုပေါင်း (22 NOCs) ၂၇၀ ၃၆၈ ၃၁၀ ၈၄၈
  1. JAMESON၊ SAM (15 September 1986)။ Bomb Kills 5 in Seoul; North Koreans Blamed