၅ ဇန်နဝါရီ
နေ့စွဲ
ဇန်နဝါရီလ၊ (၅)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၅)ရက်မြောက် နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၃၆၀) ရက် (ရက်ထပ်နှစ်ဖြစ်လျှင် (၃၆၁) ရက်) ကျန်သေးသည်။
ဖြစ်ရပ်များ
ပြင်ဆင်ရန်- ၁၈၉၆ – ဂျာမန်သိပ္ပံ ပညာရှင် ဝီလဟမ်း ရန့်ဂင်းသည် လျှပ်စစ်သံလိုက် ရေဒီယိုသတ္တိကြွမှုတစ်မျိုးဖြစ်သော အိတ်ဇ်ရေးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဩစတြီးယား သတင်းစာတစ်စောင်က ဖော်ပြခဲ့သည်။
- ၁၉၂၅ – ဝိုင်အိုးမင်းပြည်နယ်မှ Nellie Tayloe Ross သည် အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံး အမျိုးသမီးအုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည်။
- ၁၉၃၃ – ဂိုးလ်ဒင်းဂိတ် တံတား ဆောက်လုပ်ရေးလုပ်ငန်းကို ဆန်ဖရန်စစ္စကို ပင်လယ်အော်တွင် စတင်ခဲ့သည်။
- ၁၉၄၅ – ဆိုဗီယက်ယူနီယံသည် ပိုလန်နိုင်ငံ ပရို-ဆိုဗီယက် အစိုးရသစ်ကို အသိအမှတ်ပြုခဲ့သည်။
- ၁၉၅၇ – အမေရိကန်သမ္မတ ဒွိုက် ဒေးဗစ် အိုင်ဆင်ဟောင်ဝါသည် နောက်ပိုင်းတွင် Eisenhower Doctrine ဟု ခေါ်တွင်ကြမည့် မိန့်ခွန်းကို အမေရိကန် ကွန်ဂရက် လွှတ်တော်တွင် ပြောကြားခဲ့သည်။
- ၁၉၇၂ – အမေရိကန်သမ္မတ ရစ်ချက် နစ်ကဆင် သည် အာကာသလွန်းပျံ အစီအစဉ်တစ်ခုကို လုပ်ဆောင်ရန် အမိန့်ပေးခဲ့သည်။
- ၁၉၇၄ – ပီရူးနိုင်ငံ၊ လီမာမြို့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်တစ်ခုကြောင့် လူခြောက်ဦးသေဆုံးပြီး နေအိမ်ရာပေါင်းများစွာ ပျက်စီးခဲ့သည်။
- ၁၉၇၄ – အန္တာတိကတွင် အနွေးဆုံးအပူချိန် +၅၉ °F (+၁၅ °C) ကို ဗန်ဒါအခြေစိုက်စခန်းတွင် တိုင်းတာရရှိခဲ့သည်။
- ၂၀၀၅ – နေအဖွဲ့အစည်းအတွင်း ရှာဖွေတွေ့ရှိသမျှသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများတွင် အကြီးဆုံးဖြစ်သော အဲရစ်ကို မိုက်ကယ်အီးဘရောင်း (Michael E. Brown)၊ ချဒ်ထရူဂျေလို (Chad Trujillo) နှင့် ဒေးဗစ်ရာဗင်နိုဝစ် (David Rabinowitz) တို့မှ ၂၀၀၃ အောက်တိုဘာ ၂၁ တွင် ရိုက်ကူးထားသော ပုံဟောင်းများကို ပြန်လည်ကြည့်ရှုစဉ် ရှာဖွေတွေ့ရှိခဲ့သည်။
မွေးဖွားသူများ
ပြင်ဆင်ရန်၁၉၉၆ – ဦးသန့်ဇင်ဦး|အထက်တန်းပြကျောင်းဆရာ|စစ်ကိုင်းပညာရေးတက္ကသိုလ် အပတ်စဉ်၁၄။
ကွယ်လွန်သူများ
ပြင်ဆင်ရန်- ၁၉၂၂ – အားနက် ရှက်ကယ်လတန်၊ အိုင်းရစ်ရှ်လူမျိုး စူးစမ်းရှာဖွေသောသူ (၁၈၇၄ မွေး)
- ၁၉၃၃ – ကယ်လ်ဗင် ကူးလစ်ဂျ်၊ အမေရိကန်လူမျိုး ရှေ့နေနှင့် နိုင်ငံရေးသမား၊ အမေရိကန်ပြည်ထောင်စု၏ ၃၀ ဦးမြောက် သမ္မတ (၁၈၇၂ မွေး)
- ၁၉၄၁ – အေမီ ဂျွန်ဆင်၊ အင်္ဂလိပ်လူမျိုး လေယာဉ်ပိုင်းလော့ (၁၉၀၃ မွေး)
- ၁၉၄၃ – ဂျော့ ဝါရှင်တန် ကာဗာ၊ အမေရိကန်လူမျိုး ရုက္ခဗေဒပညာရှင်၊ ကျောင်းဆရာနှင့် တီထွင်သူ (၁၈၆၄ မွေး)