ကာဇက်စတန်နိုင်ငံ

အလယ်အာရှနိုင်ငံ
(ISO 3166-1:KZ မှ ပြန်ညွှန်းထားသည်)

ကိုဩဒိနိတ်: 48°N 68°E / 48°N 68°E / 48; 68


ကာဇက်စတန်နိုင်ငံ၏ တရားဝင်အမည်မှာ ကာဇက်စတန် သမ္မတနိုင်ငံဖြစ်ပြီး အလယ်အာရှ နှင့် အရှေ့ဥရောပတွင် တည်ရှိကာ အာရှ နှင့် ဥရောပ တိုက်နှစ်ခုစလုံးတွင် တည်ရှိသည်။ ကမ္ဘာပေါ်တွင် နဝမမြောက် အကြီးဆုံး နိုင်ငံဖြစ်ပြီး အကြီးဆုံး ကုန်းတွင်းပိတ်နိုင်ငံလည်း ဖြစ်သည်။ ၎င်း၏ နယ်မြေ ၂,၇၂၇,၃၀၀ စတုရန်း ကီလိုမီတာ (၁,၀၅၃,၀၀၀) သည် အနောက်ဥရောပ ထက်ပင် ပို၍ ကျယ်ပြန့်သည်။

ကာဇက်စတန် သမ္မတနိုင်ငံ
Қазақстан Республикасы (ကာဇက်)
Qazaqstan Respublikasy
ကာဇက်စတန်နိုင်ငံ၏ အလံတော်
အလံတော်
ကာဇက်စတန်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: Menıñ Qazaqstanym
"My Kazakhstan"
 ကာဇက်စတန်နိုင်ငံ၏ တည်နေရာ  (အစိမ်းရောင်)
 ကာဇက်စတန်နိုင်ငံ၏ တည်နေရာ  (အစိမ်းရောင်)
မြို့တော်နျူ-ဆူလ်တန်မြို့
51°10′N 71°26′E / 51.167°N 71.433°E / 51.167; 71.433
အကြီးဆုံးမြို့အာမာတီမြို့
43°16′39″N 76°53′45″E / 43.27750°N 76.89583°E / 43.27750; 76.89583
ရုံးသုံး ဘာသာစကားများကာဇက်
ပူးတွဲရုံးသုံးဘာသာစကားရုရှား[မှတ်စု ၁]
ရုံးသုံးအက္ခရာ
လူမျိုးစု (၂၀၂၀[])
လူမျိုးKazakhstani[မှတ်စု ၄][]
အစိုးရပြည်ထောင်စု တစ်ပါတီကြီးစိုး သမ္မတစနစ်နှင့် ဖွဲ့စည်းပုံသမ္မတနိုင်ငံစနစ်
နျူဆူလ်တန် နာဇာဘာယဲ့ဗ်
ကာဆင်း-ရှာမတ် တိုကာယဲ့ဗ်
အက်စကာ မာမင်
မျအူလင် အယ်ဆင်ဘာယဲ့ဗ်
နျူလန် နီဂ်မာတူလင်း
ဥပဒေပြုလွှတ်တော်ပါလီမန်
ဆီးနိတ်လွှတ်တော်
မာရှီလစ်လွှတ်တော်
တည်ထောင်ခြင်း
၁၄၆၅
၁၉၁၇ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်
၁၉၂၀ ခုနှစ် ဩဂုတ်လ ၂၆ ရက်
၁၉၂၅ ခုနှစ် ဇွန်လ ၁၉ ရက်
၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၅ ရက်
• အချုပ်အခြာအာဏာပိုင်အဖြစ် ကြေညာခဲ့
၁၉၉၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
• ကာဇက်စတန်သမ္မတနိုင်ငံအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့
၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်
• ဆိုဗီယက်ယူနီယံမှ လွတ်လပ်ရေးကြေညာခဲ့
၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်
၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်
၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်
၁၉၉၂ ခုနှစ် မတ်လ ၂ ရက်
၁၉၉၅ ခုနှစ် ဩဂုတ် ၃၀ ရက်
ဧရိယာ
• စုစုပေါင်း
၂,၇၂၄,၉၀၀ km2 (၁,၀၅၂,၁၀၀ sq mi) (အဆင့်: )
• ရေထု (%)
၁.၇
လူဦးရေ
• ၂၀၂၀ ခန့်မှန်း
Neutral increase ၁၈,၇၁၁,၅၆၀[] (အဆင့် - ၆၄)
• သိပ်သည်းမှု
၇/km2 (၁၈.၁/sq mi) (အဆင့် - ၂၃၆)
GDP (PPP)၂၀၂၀ ခန့်မှန်း
• စုစုပေါင်း
Increase $569.813 billion[] (အဆင့် - ၄၁t)
• Per capita
Increase $၃၀,၁၇၈[] (အဆင့် - ၅၃)
GDP (nominal)၂၀၂၀ ခန့်မှန်း
• စုစုပေါင်း
Increase $၁၇၉.၃၃၂ ဘီလီယံ[] (အဆင့် - ၅၅)
• Per capita
Increase $၉,၆၈၆[] (အဆင့် - ၆၉)
Gini (၂၀၁၇)Negative increase ၂၇.၅[]
နိမ့်
HDI (၂၀၁၉)Increase ၀.၈၂၅[]
အလွန်မြင့် · ၅၁
ငွေကြေးထန်ဂီ (₸) (KZT)
အချိန်ဇုန်အနောက် / အရှေ့ (UTC+5 / +6)
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+၇-၆xx၊ +၇-၇xx
Internet TLD

အိမ်နီးချင်းနိုင်ငံများမှာ ရုရှားနိုင်ငံတရုတ်ပြည်သူ့သမ္မတနိုင်ငံကာဂျစ်စတန်နိုင်ငံဥဇဘက်ကစ္စတန်နိုင်ငံနှင့် တာ့ခ်မင်နစ္စတန်နိုင်ငံများ ဖြစ်သည်။ ကက်စပီယန်ပင်လယ်နှင့်လည်း ထိစပ်နေသည်။ မြို့တော်မှာ အက်စ်တာနာ ဖြစ်သည်။ ယခင်မြို့တော်ဖြစ်သော အာမာတီမြို့ မှ ၁၉၉၇ခုနှစ်တွင် ပြောင်းရွှေ့သည်။

ကာဇက်စတန်နိုင်ငံ တည်ရှိရာနယ်မြေတွင် ရှေးအခါက နောမက် (ခေါ်) နေရာအတည်တကျမရှိ လှည့်လည်သွားလာနေသော လူမျိုးစုများ နေထိုင်ခဲ့ကြသည်။ ယင်းမှာ ၁၃ရာစု ရောက်သော် ပြောင်းလဲသွားလေသည်။ မွန်ဂိုဘုရင် ဂျင်ဂစ်ခန်က ဤဒေသကို သိမ်းပိုက်လိုက်သည်။

၁၆ရာစုအရောက်တွင် ကာဇက်လူမျိုးများသည် သီးခြားလူမျိုးစုများအဖြစ် ထင်ရှား လာပြီး ကာဇက်စတက်ပ်မြက်ခင်းပြင်ကို နယ်မြေသုံးခုအဖြစ် ပိုင်းခြား ကာ အုပ်ချုပ်လေသည်။ ၁၈ရာစုအတွင်း ရုရှားလူမျိုးများသည် ကာဇက်စတက်ပ် မြက်ခင်းပြင်များကို စတင်ကျူးကျော်လာပြီး ၁၉ရာစုအလယ် ပိုင်းရောက်သော် ကာဇက်စတန်သည် ရုရှားအင်ပိုင်ယာ၏ အစိတ်အပိုင်း ဖြစ်လာသည်။ ၁၉၃၆ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု၏ အစိတ်အပိုင်း ဖြစ်လာသည်။

၁၉၉၁ခုနှစ်၊ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲချိန်တွင် လွတ်လပ်ရေးရရှိသည်။ လက်ရှိသမ္မတဖြစ်သူ နျူဆူလ်တန် နာဇာဘာယာဗ့် သည် ၁၉၉၁ခုနှစ်ကတည်း ကပင် တိုင်းပြည်၏ခေါင်းဆောင် ဖြစ်နေသည်။

လူဦးရေ ၁၇.၇သန်း ရှိသည်။ လူမျိုးပေါင်း ၁၃၁မျိုး ရှိရာ ကာဇက်၊ ရုရှား၊ ယူကရိန်း၊ ဂျာမန်၊ ဥဇဘက်၊ တာတာနှင့် ဝီဂါ လူမျိုးများ ပါဝင်သည်။ လူဦးရေ၏ ၆၃% မှာ ကာဇက်လူမျိုး များ ဖြစ်သည်။ လူဦးရေ ၇၀% က အစ္စလာမ်ဘာသာ ကိုးကွယ်သည်။ ၂၆% မှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်သည်။

ထင်ရှားသော ကာဇက်လူမျိုးများ

ပြင်ဆင်ရန်

နျူဆူလ်တန် နာဇာဘာယာဗ့် (ကာဇက်စတန်နိုင်ငံ၏ သမ္မတ)

အဘ့်လိုင်ခန်း (၁၇၁၁ခုနှစ်မှ ၁၇၈၁ခုနှစ်အထိ စိုးစံသွားသော ကာဇက်ဘုရင်)

မှတ်ချက်များ

  1. Apart from Kazakh, Russian has equal official status for all levels of administrative and institutional purposes.[]
  2. ကာဇက်ဘာသာစကား(၂၀၂၅ ခုနှစ်ထိ)နှင့် ရုရှားဘာသာစကားအတွက် ရုံးသုံးအက္ခရာ
  3. ကာဇက်ဘာသာစကား(၂၀၂၅ ခုနှစ်မှ)အတွက် ရုံးသုံးအက္ခရာ
  4. Kazakhstani includes all citizens, in contrast to Kazakh, which is the demonym for ethnic Kazakhs.[]

ကိုးကားများ

  1. "Constitution of the Republic of Kazakhstan" Archived 14 July 2014 at the Wayback Machine.. zan.kz.
  2. Численность населения Республики Казахстан по отдельным этносам на начало 2020 года။ 27 May 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 August 2020 တွင် ပြန်စစ်ပြီး။
  3. Schneider၊ Johann F.; Larsen၊ Knud S.; Krumov၊ Krum; Vazow၊ Grigorii (2013)။ Advances in International Psychology: Research Approaches and Personal Dispositions, Socialization Processes and Organizational Behavior (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Kassel university press GmbH။ p. 164။ ISBN 978-3-86219-454-4။ 27 February 2018 တွင် မူရင်းမှ မော်ကွန်းတင်ပြီး
  4. Kazakhstan . CIA World Factbook.
  5. Негізгі။ 30 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 May 2019 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ World Economic Outlook Database, October 2019အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့။ 29 January 2020 တွင် ပြန်စစ်ပြီး။
  7. GINI index (World Bank estimate)ကမ္ဘာ့ဘဏ်။ 7 May 2019 တွင် ပြန်စစ်ပြီး။
  8. Human Development Report 2020 (in en)။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (December 15, 2020)။ December 15, 2020 တွင် ပြန်စစ်ပြီး။