မြန်မာနိုင်ငံ မုခ်ဝ က ကြိုဆိုပါတယ်။ Peacock

မြန်မာနိုင်ငံ (အင်္ဂလိပ်: Myanmar သို့မဟုတ် Burma)၊ တရားဝင်အားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (Republic of the Union of Myanmar) သည် အရှေ့တောင်အာရှရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်နှင့် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ‌အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်ပြီး တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တည်ရှိသည်။ နိုင်ငံ၏မြို့တော်မှာ နေပြည်တော်ဖြစ်ပြီး စီးပွားရေးမြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။ (Full article...)

ရွေးချယ်ထားသော ဆောင်းပါးများ - load new batch


မြန်မာ့ပြည်တွင်းစစ် သို့မဟုတ် ပြည်သူ့ခုခံတော်လှန်စစ် ဟု ပိုပြီး လူသိများသည့် မြန်မာ့နွေဦးတော်လှန်ရေး သည် မြန်မာနိုင်ငံ တစ်ဝှမ်းတွင် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) က လိုက်လျောခြင်းမရှိပဲ လုံခြုံရေးအင်အားအလွန်အကျွံသုံးကာ အဓိကရုဏ်း ဖြိုခွင်းရေးလက်နက်များသာမက စစ်မြေပြင်လက်နက်များကို အသုံးပြုကာ နှိမ်နင်း ဖြိုခွင်းမှုအား တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံ အနှံ့ ဖြစ်ပွားလျက်ရှိသော အမျိုးသားညီညွတ်ရေး အစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော် ၏ လက်နက်ကိုင် တိုက်ခိုက်မှုများ ဖြစ်သည်။ ဤပဋိပက္ခကို ထကြွခြင်းထက် ပြည်တွင်းစစ်ဟု ကုလလူ့အခွင့်အရေး အကြီးအကဲက သတ်မှတ်ခဲ့သည်။ ACLED ၏ ၂၀၂၂ ခုနှစ် မတ်လတွင် ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး လူပေါင်း ၁၁,၀၀၀ ဦးခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။

အာဏာသိမ်းပြီး လများအကြာတွင် အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကောင်စီအား တိုက်ခိုက်မှုများ စတင်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် အတိုက်အခံများက နယ်မြေဒေသအချို့ကို စိုးမိုးနိုင်ခဲ့သည်။ ကျေးရွာများနှင့် မြို့ငယ်များတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် လူပေါင်းများစွာ ထွက်ပြေးနေခဲ့ရသည်။ ၂၀၂၃ ဖေဖော်ဝါရီလတွင် မြို့နယ်များ၏ သုံးပုံတစ်ပုံထက်ပို၍ လက်လွှတ်နေရပြီဖြစ်ကြောင်း မင်းအောင်လှိုင်က ဝန်ခံခဲ့သည်။ (Full article...)
  • Image 7 ၁၂၁၀ ခန့် ပုဂံအင်ပါယာ ပုဂံခေတ်သည် မြန်မာနိုင်ငံတွင်းသို့ ဗမာတိုင်းရင်းသားများ ရောက်လာပြီးနောက်တွင် တဖြည်းဖြည်းနှင့် အင်အားအကြီးဆုံး အနေအထားသို့ ရောက်ချိန်ဖြစ်ပြီး ယနေ့ မြန်မာနိုင်ငံနီးပါးမျှ ကျယ်ဝန်းသည့် ပိုင်နက်ကိုလည်း သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့သည်။ ပျူတို့နောက်တွင် ပထမ မြန်မာနိုင်ငံတော်ကို တည်ထောင်နိုင်ခြင်းဖြစ်သည်။ ပုဂံခေတ်ကာလကို သက္ကရာဇ် ၄၀၆-ခုမှ ပင်းယမြို့တည်သည့် သက္ကရာဇ် ၆၇၄-ခုအထိ သတ်မှတ်သည်။ ကြာအိုးအံ ပုဂံတည် ဆိုရိုးစကားအရ (ကြာ = ၂ ၊ အိုး = ၁ ၊ အံ = ၁) ၂၁၁-ခုနှစ်၌ တည်ထောင်သည်။ အစဦးတွင် ဗမာလူမျိုးတို့သည် ကျောက်ဆည်ခရိုင် ဒေသများတွင် အခြေချပြီး တစ်နယ်တစ်မင်း ထူထောင်ကာ စုစည်းနေထိုင်ကြရာမှ အေဒီ ၁၀ ရာစုသို့ရောက်သည့်အခါ ပုဂံမင်းသည် အင်အားအကြီးဆုံးအဖြစ် အသိအမှတ်ပြုခံရကာ မင်းကြီး ဖြစ်လာသည်။ သို့သော် အစောပိုင်း ပုဂံမင်းဆက်များအကြောင်းမှာ ပါးစပ်ပြောရာဇဝင်သာရှိပြီး တိကျသည့် သမိုင်းအထောက်အထားများကိုမူ ရှာဖွေမတွေ့ရချေ။ အထောက်အထားများကို အစောဆုံး စတင်ကာတွေ့ရသည့် အနော်ရထာ မင်းလက်ထက်အရောက်တွင် ထေရဝါဒ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြပြီး နိုင်ငံရေး ဩဇာအရလည်း အထွတ်အထိပ်သို့ရောက်လာခဲ့သည်။ ပုဂံအင်ပါယာနှင့်ခမာအင်ပါယာတို့သည် ခေတ်ပြိုင်အင်အားကြီးအင်ပါယာများဖြစ်သည်။[ကိုးကားချက်လိုသည်] (Full article...)
    ၁၂၁၀ ခန့် ပုဂံအင်ပါယာ

    ပုဂံခေတ်သည် မြန်မာနိုင်ငံတွင်းသို့ ဗမာတိုင်းရင်းသားများ ရောက်လာပြီးနောက်တွင် တဖြည်းဖြည်းနှင့် အင်အားအကြီးဆုံး အနေအထားသို့ ရောက်ချိန်ဖြစ်ပြီး ယနေ့ မြန်မာနိုင်ငံနီးပါးမျှ ကျယ်ဝန်းသည့် ပိုင်နက်ကိုလည်း သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့သည်။ ပျူတို့နောက်တွင် ပထမ မြန်မာနိုင်ငံတော်ကို တည်ထောင်နိုင်ခြင်းဖြစ်သည်။ ပုဂံခေတ်ကာလကို သက္ကရာဇ် ၄၀၆-ခုမှ ပင်းယမြို့တည်သည့် သက္ကရာဇ် ၆၇၄-ခုအထိ သတ်မှတ်သည်။ ကြာအိုးအံ ပုဂံတည် ဆိုရိုးစကားအရ (ကြာ = ၂ ၊ အိုး = ၁ ၊ အံ = ၁) ၂၁၁-ခုနှစ်၌ တည်ထောင်သည်။


    အစဦးတွင် ဗမာလူမျိုးတို့သည် ကျောက်ဆည်ခရိုင် ဒေသများတွင် အခြေချပြီး တစ်နယ်တစ်မင်း ထူထောင်ကာ စုစည်းနေထိုင်ကြရာမှ အေဒီ ၁၀ ရာစုသို့ရောက်သည့်အခါ ပုဂံမင်းသည် အင်အားအကြီးဆုံးအဖြစ် အသိအမှတ်ပြုခံရကာ မင်းကြီး ဖြစ်လာသည်။ သို့သော် အစောပိုင်း ပုဂံမင်းဆက်များအကြောင်းမှာ ပါးစပ်ပြောရာဇဝင်သာရှိပြီး တိကျသည့် သမိုင်းအထောက်အထားများကိုမူ ရှာဖွေမတွေ့ရချေ။ အထောက်အထားများကို အစောဆုံး စတင်ကာတွေ့ရသည့် အနော်ရထာ မင်းလက်ထက်အရောက်တွင် ထေရဝါဒ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြပြီး နိုင်ငံရေး ဩဇာအရလည်း အထွတ်အထိပ်သို့ရောက်လာခဲ့သည်။ ပုဂံအင်ပါယာနှင့်ခမာအင်ပါယာတို့သည် ခေတ်ပြိုင်အင်အားကြီးအင်ပါယာများဖြစ်သည်။[ကိုးကားချက်လိုသည်] (Full article...)
  • Image 8 ကူမင်တန်တို့၏တံဆိပ် တရုတ်သမ္မတနိုင်ငံ၌ ကူမင်တန်အစိုးရ (Kuomintang၊ KMT) နှင့် ကွန်မြူနစ်သူပုန်တို့သည် ၁၉၂၇ ခုနှစ်မှစ၍ ပြည်တွင်းစစ်ကို စတင်တိုက်ခိုက်ခဲ့ကြသည်​။ ကူမင်တန်တို့ကို "တရုတ်ဖြူ" ဟူ၍လည်းခေါ်ဆိုခဲ့ကြသည်။ ၁၉၄၉ တွင် ကူမင်တန်တို့ ပြည်တွင်းစစ်ရှုံးခဲ့သဖြင့် ထိုင်ဝမ်သို့ တိမ်းရှောင်ခဲ့ရသည်။ ၁၉၅၀ တွင် ယူနန်နယ်ရှိ ကူမင်တန်တပ်များသည် ကွန်မြူနစ်တို့၏တိုက်ထုတ်မှူကြောင့် မြန်မာ့နယ်စပ်အထိ ရောက်ရှိလာခဲ့ကြသည်။ ထိုကူမင်တန်တပ်ကို ယူနန်ကွန်မြူနစ်ဆန့်ကျင်‌သော အမျိုးသားကယ်ဆယ်ရေးတပ်မတော် (Yunnan Anti-communist National Salvation Army) ဟူ၍ခေါ်ဆိုပြီး ဗိုလ်ချုပ်လီမီက ဦးဆောင်ခဲ့သည်။ ထိုကူမင်တန်တပ်ကို တစ်ခါတစ်ရံ လမ်းပျောက်နေသောတပ် (lost army) ဟူ၍လည်းခေါ်ဆိုကြသည်။ ကူမင်တန်ကျူးကျော်မှုသည် မြန်မာနိုင်ငံအတွက် ပြဿနာရပ်တစ်ခုဖြစ်ခဲ့သည်။ အထူးသဖြင့် အမေရိကန်နှင့် ထိုင်းနိုင်ငံတို့မှ ကူမင်တန်တို့အား ထောက်ပံ့ထားမှုကြောင့် မြန်မာ့အချုပ်အခြာအာဏာအတွက် ပြဿာနာကြီးဖြစ်ခဲ့ရသည်သာမက မြန်မာ့ပြည်တွင်းမတည်ငြိမ်မှုများကိုလည်း ဖြစ်ပေါ်‌စေခဲ့သည်။ ၁၉၅၃ တွင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂထံ၌ ကူမင်တန်ကျူးကျော်မှု ပြဿနာရပ်များကိုတင်ပြခဲ့ပြီး တရုတ်သမ္မတနိုင်ငံအား ကူမင်တန်တို့ကို ပြန်ခေါ်ရန်ဖိအားပေးခဲ့သည်။ ၁၉၆၀ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ–မြန်မာ စစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ကြရာ ကူမင်တန်တို့သည် မြန်မာ့နယ်မြေမှ အပြီးတိုင်ထွက်ခွာခဲ့ကြရသည်။ (Full article...)
    Founded 24 October 1919; 99 years ago
    ကူမင်တန်တို့၏တံဆိပ်

    တရုတ်သမ္မတနိုင်ငံကူမင်တန်အစိုးရ (Kuomintang၊ KMT) နှင့် ကွန်မြူနစ်သူပုန်တို့သည် ၁၉၂၇ ခုနှစ်မှစ၍ ပြည်တွင်းစစ်ကို စတင်တိုက်ခိုက်ခဲ့ကြသည်​။ ကူမင်တန်တို့ကို "တရုတ်ဖြူ" ဟူ၍လည်းခေါ်ဆိုခဲ့ကြသည်။ ၁၉၄၉ တွင် ကူမင်တန်တို့ ပြည်တွင်းစစ်ရှုံးခဲ့သဖြင့် ထိုင်ဝမ်သို့ တိမ်းရှောင်ခဲ့ရသည်။ ၁၉၅၀ တွင် ယူနန်နယ်ရှိ ကူမင်တန်တပ်များသည် ကွန်မြူနစ်တို့၏တိုက်ထုတ်မှူကြောင့် မြန်မာ့နယ်စပ်အထိ ရောက်ရှိလာခဲ့ကြသည်။ ထိုကူမင်တန်တပ်ကို ယူနန်ကွန်မြူနစ်ဆန့်ကျင်‌သော အမျိုးသားကယ်ဆယ်ရေးတပ်မတော် (Yunnan Anti-communist National Salvation Army) ဟူ၍ခေါ်ဆိုပြီး ဗိုလ်ချုပ်လီမီက ဦးဆောင်ခဲ့သည်။ ထိုကူမင်တန်တပ်ကို တစ်ခါတစ်ရံ လမ်းပျောက်နေသောတပ် (lost army) ဟူ၍လည်းခေါ်ဆိုကြသည်။
    ကူမင်တန်ကျူးကျော်မှုသည် မြန်မာနိုင်ငံအတွက် ပြဿနာရပ်တစ်ခုဖြစ်ခဲ့သည်။ အထူးသဖြင့် အမေရိကန်နှင့် ထိုင်းနိုင်ငံတို့မှ ကူမင်တန်တို့အား ထောက်ပံ့ထားမှုကြောင့် မြန်မာ့အချုပ်အခြာအာဏာအတွက် ပြဿာနာကြီးဖြစ်ခဲ့ရသည်သာမက မြန်မာ့ပြည်တွင်းမတည်ငြိမ်မှုများကိုလည်း ဖြစ်ပေါ်‌စေခဲ့သည်။ ၁၉၅၃ တွင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂထံ၌ ကူမင်တန်ကျူးကျော်မှု ပြဿနာရပ်များကိုတင်ပြခဲ့ပြီး တရုတ်သမ္မတနိုင်ငံအား ကူမင်တန်တို့ကို ပြန်ခေါ်ရန်ဖိအားပေးခဲ့သည်။ ၁၉၆၀ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ–မြန်မာ စစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ကြရာ ကူမင်တန်တို့သည် မြန်မာ့နယ်မြေမှ အပြီးတိုင်ထွက်ခွာခဲ့ကြရသည်။ (Full article...)
  • Image 9 ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့အတွက် ရွေးကောက်ခံခဲ့ကြသည်။ ယင်းအမတ်နေရာများတွင် တပ်မတော်မှ တိုက်ရိုက်ခန့်အပ်မည့် နေရာများလည်း ပါဝင်သည်။ ၂၀၁၅ ရွေးကောက်ပွဲကို မှတ်ပုံတင်ထားပြီးသော နိုင်ငံရေးပါတီ ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ (Full article...)

    ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည်။ ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့အတွက် ရွေးကောက်ခံခဲ့ကြသည်။ ယင်းအမတ်နေရာများတွင် တပ်မတော်မှ တိုက်ရိုက်ခန့်အပ်မည့် နေရာများလည်း ပါဝင်သည်။ ၂၀၁၅ ရွေးကောက်ပွဲကို မှတ်ပုံတင်ထားပြီးသော နိုင်ငံရေးပါတီ ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ (Full article...)
  • Image 10 မြန်မာနိုင်ငံ၏ အသက်အငယ်ဆုံး သမာဓိမြို့ဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျီစီဘီအေ လူကြီး၊ ဝိုင်အမ်ဘီအေအသင်းချုပ် နာယက၊ မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒိုင်အာခီ (diarchy) ဥပဒေပြုကောင်စီဝင်အမတ်၊ ဥပဒေပြု မင်းတိုင်ပင်အမတ် ဖြစ်ခဲ့သည်။ ဆင်ဖြူရှင်မင်း နှင့် မဟာသီဟသူရ (ကောင်းတုံစာချုပ်) တို့၏ (၂) ဆက်မြောက်မြေးတော် တစ်ဦးအနေဖြင့် သာမန်မြန်မာပြည်သူများထက် အမျိုးသားရေးဇာတိမာန် လွန်စွာထက်သန်သူဖြစ်သည်။ "မြန်မာ့ကြွေပန်းကန်အစ ဦးသော် က" ဟု သမိုင်းစာမျက်နှာတွင် ထင်ရှားသည်။ မြန်မာနိုင်ငံ၏ပထမဆုံးသော ပန်းကန်စက်ရုံတည်ထောင်သူနှင့်ပိုင်ရှင်ဖြစ်သည်။ (Full article...)

    မြန်မာနိုင်ငံ၏ အသက်အငယ်ဆုံး သမာဓိမြို့ဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျီစီဘီအေ လူကြီး၊ ဝိုင်အမ်ဘီအေအသင်းချုပ် နာယက၊ မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒိုင်အာခီ (diarchy) ဥပဒေပြုကောင်စီဝင်အမတ်၊ ဥပဒေပြု မင်းတိုင်ပင်အမတ် ဖြစ်ခဲ့သည်။ ဆင်ဖြူရှင်မင်း နှင့် မဟာသီဟသူရ (ကောင်းတုံစာချုပ်) တို့၏ (၂) ဆက်မြောက်မြေးတော် တစ်ဦးအနေဖြင့် သာမန်မြန်မာပြည်သူများထက် အမျိုးသားရေးဇာတိမာန် လွန်စွာထက်သန်သူဖြစ်သည်။ "မြန်မာ့ကြွေပန်းကန်အစ ဦးသော် က" ဟု သမိုင်းစာမျက်နှာတွင် ထင်ရှားသည်။ မြန်မာနိုင်ငံ၏ပထမဆုံးသော ပန်းကန်စက်ရုံတည်ထောင်သူနှင့်ပိုင်ရှင်ဖြစ်သည်။ (Full article...)

  • ဆက်စပ် မုခ်ဝများနှင့် ပရောဂျက်များ


    အရှေ့တောင်အာရှ


    အခြားနိုင်ငံများ


    ဓာတ်ပုံများ - load new batch

    အောက်ပါတို့သည် ဝီကီပီးဒီးယားပေါ်ရှိ မြန်မာနိုင်ငံနှင့် ဆက်စပ်သော ဆောင်းပါးများမှ ပုံအမျိုးမျိုး ဖြစ်သည်။

    အဓိက ခေါင်းစဉ်များ

    ကဏ္ဍများ

    Category puzzle
    Category puzzle
    ကဏ္ဍခွဲများကို ကြည့်ရှုရန် [►] ကို ရွေးချယ်ပါ

    နောက်ထပ် ခေါင်းစဉ်များ

    ဝီကီမီဒီယာ

    အောက်ပါ ဝီကီမီဒီယာ ဖောင်ဒေးရှင်း ညီအစ်မ ပရောဂျက်များတွင် ဤအကြောင်းအရာအတွက် ပိုမို ထောက်ပံ့ပေးထားသည်။

    နောက်ထပ် မုခ်ဝများ