ဦးစိန်ဝင်းအောင် သည် မန္တလေးမြို့၏ ဒုတိယ​မြောက်မြို့တော်ဝန်[၃] ၊ သံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ သူသည် တပ်မတော်မှ ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သူဖြစ်သည်။ ထို့အပြင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။


စိန်ဝင်းအောင်
Sein Win Aung
မန္တလေးမြို့တော်ဝန် နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၇ ဇွန် ၁၉၉၅ – ၃၀ ဇွန် ၁၉၉၈
နိုင်ငံတော်အကြီးအကဲဗိုလ်ချုပ်မှူးကြီး သန်းရွှေ
ယခင်လူဒုတိယဗိုလ်မှူးကြီး ထွန်းကြည်
ဆက်ခံသူဗိုလ်ချုပ်ရဲမြင့်
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး
တာဝန်သက်တမ်း
၁၀ ​မေ ၂၀၀၁ – ၁၅ ဧပြီ ၂၀၀၃
ယခင်လူဦးဘ​ဌေးချစ်[၂]
ဆက်ခံသူဦးသိန်းလွင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမန္တလေးမြို့မြန်မာနိုင်ငံ
ကြင်ဖော်(များ)ဒေါ်ထွေးရည်
ဆုတံဆိပ်များသီရိပျံချီဘွဲ့
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ

မိသားစု ပြင်ဆင်ရန်

ဦးစိန်ဝင်းအောင်ကို ဦးတင်အောင်၊ ဒေါ်ရင်ရင်တို့က မန္တလေးမြို့ မလွန်၊ ခဲလန်တန်းတွင် မွေးဖွားခဲ့သည်။ ဗမာလူမျိုးဖြစ်ကာ ဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်သည်။ ဇနီးဖြစ်သူမှာ ဒေါ်ထွေးရည်ဖြစ်သည်။

ထမ်းဆောင်ခဲ့သောတာဝန်များ ပြင်ဆင်ရန်

တပ်မတော် ပြင်ဆင်ရန်

ခလရ(၆)၊ (၇၂)၊ (၉၄)၊ (၉၅)တို့တွင် တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်မှူးတာဝန်များ ထမ်းဆောင်ခဲ့သည်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်ဦးစီးမှူး (တတိယတန်း)နှင့် စစ်ဦးစီးမှူး (ပထမတန်း)တာဝန်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးအထူးအဖွဲ့ရုံးတွင် စစ်ဦးစီးမှူး(ဒုတိယတန်း) တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ခုနှစ်မှ ၁၉၉၅ခုနှစ်အထိ အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်တွင် ဗျူဟာမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။[၄]

အစိုးရအဖွဲ့ ပြင်ဆင်ရန်

၁၉၉၅ခုနှစ်မှစ၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် အဖြစ်ဆောင်ရွက်ခဲ့ပြီး ၁၉၉၈ခုနှစ်အထိဖြစ်သည်။ ၁၉၉၈ခုနှစ်မှ ၂၀၀၃ခုနှစ်အထိ လာအိုနိုင်ငံ[၅]တရုတ်နိုင်ငံ[၂] နှင့် မွန်ဂိုလီးယားနိုင်ငံဆိုင်ရာမြန်မာသံအမတ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၄ခုနှစ်မှ ၂၀၀၅ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အကြံပေးပုဂ္ဂိုလ်၊ ၂၀၀၄ခုနှစ်မှ ၂၀၀၇ခုနှစ်အထိ အမျိုးသားညီလာခံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။

နောက်ပိုင်းအလုပ်အကိုင် ပြင်ဆင်ရန်

လူမှုရေးလုပ်ငန်းများအဖြစ် မန္တလေးတက္ကသိုလ်နှင့် အမျိုးသားအထက်တန်းကျောင်းတို့၏ အသင်းအဖွဲ့များတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း၏ဥက္ကဋ္ဌ[၆]ရွှေတိဂုံဘုရားဂေါပကအဖွဲ့ဝင်၊ ဦးသိန်းစိန်အစိုးရ၏ သာသနာရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။[၇]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့အလင်းသတင်းစာ (၁၉.၁၁.၂၀၂၂)
  2. ၂.၀ ၂.၁ The Myanmar Ambassador in Beijing
  3. Mandalay Urban Development Project inspected
  4. ကလောင်စုံ။ တိုက်ပွဲဝင်တပ်မှူးများ
  5. Secretary-2 exchanges views with Laotian leaders to further strengthen relations, cooperation Myanmar goodwill delegation concludes La0 PRD visit
  6. “Spring Line: First China Gourmet Festival Opened in Yangon, Myanmar”
  7. သမ္မတ အကြံပေးတွေ ထပ်ခန့်