စိုးတင့်နိုင်
ဗိုလ်ချုပ် စိုးတင့်နိုင် သည် အမ်းမြို့ နှင့် မုံရွာမြို့ တို့တွင် အခြေစိုက်သည့် တိုင်းစစ်ဌာနချုပ်များတွင် စစ်တိုင်းမှုးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။သူသည် ဦးဝင်းမြင့်အစိုးရလက်ထက် နှင့် အာဏာသိမ်းစစ်အစိုးရလက်ထက် တို့တွင် ပြည်ထဲရေးဒုဝန်ကြီး အဖြစ် တာဝန်ထမ်းခဲ့သူလည်း ဖြစ်သည်။
ဗိုလ်ချုပ် ဇေယျကျော်ထင် စိုးတင့်နိုင် | |
---|---|
ဒုတိယဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန | |
တာဝန်သက်တမ်း ၁၁ မေ ၂၀၂၁ – ၂ ဖေဖော်ဝါရီ ၂၀၂၃ | |
ယခင်လူ | ကိုယ်တိုင် |
ဆက်ခံသူ | ဗိုလ်ချုပ် တိုးရီ |
ဒုတိယဝန်ကြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန | |
တာဝန်သက်တမ်း ၂ ဖေဖော်ဝါရီ ၂၀၂၁ – ၁၁ မေ ၂၀၂၁ | |
ယခင်လူ | ဦးတင်မြင့် |
ဆက်ခံသူ | ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး |
ဒုတိယဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန | |
တာဝန်သက်တမ်း ၂၅ မတ် ၂၀၂၀ – ၂ ဖေဖော်ဝါရီ ၂၀၂၁ | |
ယခင်လူ | ဗိုလ်ချုပ် အောင်သူ |
ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် |
တိုင်းမှူး အနောက်မြောက်တိုင်းစစ်ဌာနချုပ် | |
တာဝန်သက်တမ်း မေ ၂၀၁၉ – ၂၅ မတ် ၂၀၂၀ | |
ယခင်လူ | ဗိုလ်ချုပ် ဖုန်းမြတ် |
ဆက်ခံသူ | ဗိုလ်ချုပ် မိုးမျိုးအောင် [၁] |
တိုင်းမှူး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် | |
တာဝန်သက်တမ်း နိုဝင်ဘာ ၂၀၁၇ – မေ ၂၀၁၉ | |
ယခင်လူ | ဗိုလ်ချုပ် မောင်မောင်စိုး |
ဆက်ခံသူ | ဗိုလ်ချုပ် ဖုန်းမြတ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မြန်မာပြည် |
နိုင်ငံသား | မြန်မာ |
ဆုတံဆိပ်များ | ဇေယျကျော်ထင်ဘွဲ့ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
ရာထူး | ဗိုလ်ချုပ် |
တပ် | ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) |
စစ်မှုထမ်းဘဝ
ပြင်ဆင်ရန်သူသည် ပြန်တမ်းဝင်အမှတ် ကြည်း ၂၀၈၁၈ ဖြင့် စစ်မှုထမ်းသည်။ရာထူးအဆင့်ဆင့်တိုးသည်။၂၀၁၇ ခုနှစ် နိုဝင်ဘာလ တွင် စစ်တွေမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသည်။[၂]ယင်းမတိုင်မီက တပ်မတော်(ကြည်း)၏ စစ်အကူလက်ရုံးဝန်ထမ်းတပ်ဖွဲ့ တစ်ခုဖြစ်သော ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့ (ထောက်ပံ့ပို့ဆောင်ရေးတပ်) ၏ အကြီးအကဲ ဖြစ်ခဲ့သည်။၂၀၁၉ ခုနှစ် မေလ တွင် ၎င်းတာဝန်ယူသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာ နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ် တို့အား နေရာချင်း ချိန်းရာ သူသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အသစ် ဖြစ်လာသည်။[၃]ထိုတာဝန်ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၅ ရက် နေ့အထိ ထမ်းဆောင်သည်။ထိုရက်မှာပင် ဦးဝင်းမြင့် အစိုးရအဖွဲ့ က သူ့ကို ပြည်ထဲရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် တာဝန်ပေးသည်။[၄] ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးသည့် နောက်တွင်လည်း အာဏာသိမ်းစစ်အစိုးရအဖွဲ့ ထဲ ထိုတာဝန်နှင့် ဆက်ရှိနေခဲ့သည်။သူသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ရက် နေ့မှ [၅] ၂၀၂၁ ခုနှစ် မေလ ၁၁ရက် နေ့အထိ [၆] ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီးအဖြစ် ခေတ္တတာဝန် ယူခဲ့သေးပြီး နောက်ပိုင်းတွင် မူလရာထူးဖြစ်သည့် ပြည်ထဲရေးဒုဝန်ကြီး အဖြစ် ပြန်လည်ထမ်းဆောင်ခဲ့ကာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ရာထူးတာဝန်မှ ဖယ်ရှားခြင်းခံရသည်။[၇]
ရရှိသောဘွဲ့
ပြင်ဆင်ရန်သူ့ကို သမ္မတဦးဝင်းမြင့် က ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ တွင် တပ်မတော်စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ အပ်နှင်းသည်။[၈]
ကိုးကား
ပြင်ဆင်ရန်- ↑ နေပြည်တော် စစ်တိုင်းမှူး အပြောင်းအလဲ ဖြစ်။ The Irrawaddy (၁၇ ဇန်နဝါရီ ၂၀၂၁)။ ၁၁ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရခိုင်အခြေစိုက် အနောက်ပိုင်းတိုင်း တိုင်းမှူး အစားထိုးခန့်။ BBC Burmese (၁၃ နိုဝင်ဘာ ၂၀၁၇)။ 30 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော် စစ်တိုင်းမှူး ၂ ဦးကို အပြောင်းအလဲပြုလုပ်။ The Irrawaddy (၂၈ မေ ၂၀၁၉)။ 30 January 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဗိုလ်ချုပ် စိုးတင့်နိုင်ကို ပြည်ထဲရေးဒုဝန်ကြီးအဖြစ်ခန့်အပ်။ DVB (၂၆ မတ် ၂၀၂၀)။ ၁၁ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီး ပြောင်းရွှေ့တာဝန်ပေးခြင်း။ MOI Myanmar (၂ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၁ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီး ပြောင်းလဲတာဝန်ပေး။ MOI Myanmar (၁၁ မေ ၂၀၂၁)။ ၁၁ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေကာစိုက်/မွေး/ဆည်ဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးတစ်ဦးခန့်အပ်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးနှင့် ဒုတိယဝန်ကြီးတစ်ဦးကို ဝန်ကြီးဌာနပြောင်းရွှေ့။ Eleven Media Group (၃ ဖေဖော်ဝါရီ ၂၀၂၃)။ ၁၁ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၂ / ၂၀၂၁ ၁၃၈၂ ခုနှစ် ၊ နတ်တော်လပြည့်ကျော် ၆ ရက် ( ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက် )။ MYANMAR NATIONAL PORTAL (၄ ဇန်နဝါရီ ၂၀၂၁)။ ၁၁ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။