ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် (၁၉၆၄ ဖွား) သည် လက်ရှိ အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်သည်။[၅] ယင်းမတိုင်မီက သူသည် အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး [၆] [၇] နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်ခဲ့သည်။ [၈]


ဖုန်းမြတ်
အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
ဇန်နဝါရီ ၂၀၂၄
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် [၁]
အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး
တာဝန်သက်တမ်း
မတ် ၂၀၂၁ – ဇန်နဝါရီ ၂၀၂၄
ယခင်လူဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် [၂]
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်
ဒုတိယဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန
တာဝန်သက်တမ်း
၂၇ ဇူလိုင် ၂၀၂၀ – ဖေဖော်ဝါရီ ၂၀၂၁
ယခင်လူဗိုလ်ချုပ် သန်းထွဋ် [၃]
ဆက်ခံသူဗိုလ်ချုပ် ခွန်သန့်​ဇော်ထူး [၄]
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
တိုင်းမှူး
တာဝန်သက်တမ်း
၂၀၁၉ – ၂၇ ဇူလိုင် ၂၀၂၀
ယခင်လူဗိုလ်မှူးချုပ် စိုးတင့်နိုင်
ဆက်ခံသူဗိုလ်ချုပ် ထင်လတ်ဦး
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၄
မြန်မာပြည်
နိုင်ငံသားမြန်မာ
ဆုတံဆိပ်များဇေယျကျော်ထင်ဘွဲ့
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
အမှုထမ်းကာလ၁၉၈၅ - လက်ရှိ
ရာထူးဒုတိယဗိုလ်ချုပ်ကြီး
တပ်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)

စစ်မှုထမ်းခြင်း ပြင်ဆင်ရန်

သူသည် ဗိုလ်သင်တန်းကျောင်း OTS-အပတ်စဉ် ၇၃ ဆင်း ဖြစ်သည်။သူ၏ ပြန်တမ်းဝင် အမှတ်မှာ ကြည်း ၂၀၃၂၄ ဖြစ်သည်။ တပ်မတော် တွင် တာဝန်များအဆင့်ဆင့်ထမ်းဆောင်ပြီးနောက် ၂၀၁၆ ခုနှစ် ရှေ့ပိုင်းကာလ အစ သူ့အသက် ၅၀ အရွယ် တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖြစ် တာဝန်ပေးခံရသည်။[၉] ယင်းနောက် ၂၀၁၇ ခုနှစ် တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှုး ၊ ၂၀၁၉ ခုနှစ်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန် ထမ်းဆောင်သည်။[၁၀] သူ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂၇ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ အဆိုပြုချက်ဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ခန့်အပ်သည်။[၁၁] ထိုတာဝန် ကို မြန်မာနိုင်ငံစစ်အာဏာစသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ နောက်ပိုင်း [၁၂] ထမ်းဆောင်ပြီးနောက် မူလစစ်ဘက် ဝတ္တရားများ ထမ်းဆောင်ရန် တပ်မတော်သို့ ပြောင်းရွှေ့သည်။ ယင်းနောက် သူသည် တပ်မတော် တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်တိုးမြှင့်ခြင်းခံရသည်။ကထစ ၃ ဟု အတိုကောက် ခေါ်ဝေါ်သည့် ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့ တွင် အခြေစိုက်သည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အစရှိသော စစ်တိုင်းကြီး များကို တာဝန်ယူကြီးကြပ်ရသည့် အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်လာသည်။[၁၃] ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ ထဲတွင် သူသည် နေပြည်တော်တိုင်းစစ်ဌာနချုပ် အား ကြီးကြပ်ရသည့် အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ခ) ကစထ(၆)မှူး အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းသည်။ [၁၄]


အရေးယူပိတ်ဆို့ခံရမှု ပြင်ဆင်ရန်

သူ့ကို ၂၀၂၁ခုနှစ် ဩဂုတ်လ နောက်ပိုင်းက စ၍ အရပ်သားများအား မြေပြင်နှင့် လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရာဇဝတ်မှု နှင့် ရက်စက်ကြမ်းကြုတ်မှုများ ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့ရာတွင် တာဝန်ရှိသူဟု အမေရိကန် နှင့် ဥရောပသမဂ္ဂအဖွဲ့က သတ်မှတ်ပြီး အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်သည်။ [၁၅] [၁၆]

ကိုးကား ပြင်ဆင်ရန်

  1. နေပြည်တော်စစ်ဆင်ရေးအထူးအဖွဲ့မှူး အပါအဝင်တိုင်းမှူးတွေ အပြောင်းအလဲဖြစ်BBC Burmese (၂၆ သြဂုတ် ၂၀၂၃)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. တပ်မတော် စစ်ဆင်ရေး အထူးအဖွဲ့ မှူး ရာထူးများ အပြောင်းအလဲ ဖြစ်The Irrawaddy (၁၂ ဇူလိုင် ၂၀၁၉)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ပြည်ထဲရေး ၊ ကာကွယ်ရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများ ခန့်အပ်ဆင်ဟွာသတင်း (၃ မေ ၂၀၁၆)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်းMYANMAR NATIONAL PORTAL (၂၅ ဩဂုတ် ၂၀၂၁)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ လွှဲကြီးပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံMOI Myanmar (၂၁ ဧပြီ ၂၀၂၄)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများ ပေးအပ်CINCDS Myanmar (၁၅ မတ် ၂၀၂၁)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် စစ်တွေတပ်နယ်၊ ပလက်ဝတပ်နယ်များရှိ နယ်မြေခံတပ်ရင်းများ၊ စာသင်ကျောင်းများ နှင့် နယ်မြေခံမြန်မာနိုင်ငံရဲတပ်ဖွဲ့ခွဲများသို့သွားရောက် ကြည့်ရှုစစ်ဆေး၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်CINCDS Myanmar (၂၅ မေ ၂၀၂၃)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. နယ်စပ်ရေးရာ ဒုဝန်ကြီးသစ် အစားထိုးခန့်အပ်DVB (၂၈ ဇူလိုင် ၂၀၂၀)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. နိုင်ငံတော်သမ္မတရုံး အမိန်ကြော်ငြာစာ ၂၄/၂၀၁၆ ဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်း၂၀၁၆ခုနှစ် ဧပြီလ ၂၂ရက်နေ့ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်း (၁ မတ် ၂၀၁၆)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  10. တပ်မတော် စစ်တိုင်းမှူး ၂ ဦးကို အပြောင်းအလဲပြုလုပ်The Irrawaddy (၂၈ မေ ၂၀၁၉)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  11. ရခိုင် စစ်တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ် နယ်စပ်ရေးရာ ဒု-ဝန်ကြီး ဖြစ်လာThe Irrawaddy (၂၈ ဇူလိုင် ၂၀၂၀)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  12. နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်နယ်စပ်ရေးရာဝန်ကြီးဌာန (၁၇ ဖေဖော်ဝါရီ ၂၀၂၁)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  13. ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်ဦးဆောင်သောမြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒက္ကားတွင်တွေ့ဆုံNarinjara News (၂၈ အောက်တိုဘာ ၂၀၂၂)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  14. စစ်ခေါင်းဆောင်က စစ်ရှုံးနေသည့် နေရာများကို ကွပ်ကဲရန်အတွက် ၎င်းတို့အားထား ရသည့် ဒုဗိုလ်ချုပ်ကြီးတေဇကျော်ကို ကစထ-၃ ရွှေ့ပြောင်းစေခိုင်းAyeyarwaddy Times (၁၈ ဇန်နဝါရီ ၂၀၂၄)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  15. Phone Myat Sanctioned entityOpen Sanctions။ 21 April 2024 တွင် ပြန်စစ်ပြီး။
  16. amending Decision 2013/184/CFSP concerning restrictive measures in view of the situation in Myanmar/BurmaOfficial Journal of the European Union (8 November 2022)။ 21 April 2024 တွင် ပြန်စစ်ပြီး။