စွမ်းအင် ဝန်ကြီးဌာန
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် စွမ်းအင်နှင့် ပတ်သက်၍ စွမ်းအင် ဝန်ကြီးဌာနထားရှိသည်။
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
Ministry of Energy | |
ဝန်ကြီးဌာနတံဆိပ် | |
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် |
|
ယခင်အဖွဲ့အစည်း | ပြည်သူ့ရေနံလုပ်ငန်း |
အစားထိုးခြင်း | လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (၂၀၁၆ - ၂၀၂၂) |
အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
ဌာနချုပ် | ရုံးအမှတ် ၆၊ နေပြည်တော် |
ဝန်ကြီးများ | ဦးကိုကိုလွင် |
ဌာနခွဲများ | ဝန်ကြီးရုံး စွမ်းအင်စီမံရေးဦးစီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း |
ဝက်ဘ်ဆိုက် | energy.gov.mm |
သမိုင်းကြောင်း
ပြင်ဆင်ရန်ကိုလိုနီခေတ်အတွင်းနှင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည်မှ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ၊ ရေနံထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းအားလုံးကို ဘီအိုစီကုမ္ပဏီမှ ဆောင်ရွက်ခဲ့သည်။ ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအစိုးရမှ ပြည်သူ့ရေနံလုပ်ငန်း အမည်ဖြင့် သတ္တုတွင်း ဝန်ကြီးဌာန ကြီးကြပ်မှု အောက်တွင် ဆောင်ရွက်ခဲ့ပြီး၊ ၁၉၇၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာ့ရေနံကော်ပိုရေးရှင်းအဖြစ် အမည်ပြင်ဆင်ပြောင်းလဲခဲ့သည်။ မြန်မာ့ရေနံကော်ပိုရေးရှင်းသည် ရေနံရှာဖွေခြင်း၊ တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်းနှင့်ရေနံထွက်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ရာမှ ၁၉၇၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ကျင်းပခဲ့သော နိုင်ငံတော်ကောင်စီ၏ (၂၆) ကြိမ်မြောက်အစည်းအဝေးမှ သဘောတူဆုံးဖြတ်ချက်အရ ရေနံချက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ရေနံချက် စက်ရုံများနှင့် ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို ၁၉၇၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အမှတ်(၂)စက်မှု ဝန်ကြီးဌာန ကြီးကြပ်မှုအောက်သို့ လွှဲပြောင်းပေးခဲ့ပြီး၊ ၁၉၇၇ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ မြန်မာ့ရေနံကော်ပိုရေးရှင်းကိုပါ အမှတ်(၂)စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်သို့ လွှဲပြောင်းပေးခဲ့သဖြင့် အောက်ပါအဖွဲ့အစည်း(၃)ခုဖြင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
- မြန်မာ့ရေနံကော်ပိုရေးရှင်း
- ရေနံဓာတုဗေဒနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကော်ပိုရေးရှင်း
- ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချရေးကော်ပိုရေးရှင်း [၁]
၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် စွမ်းအင် ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၂၀၂၂ခုနှစ် မေလတွင် နစက၏ အိမ်စောင့်အစိုးရမှ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင် ဝန်ကြီးဌာနများအဖြစ် ပြန်လည်ခွဲထုတ်ခဲ့သည်။[၂]
တာဝန်ထမ်းဆောင်ခဲ့သောဝန်ကြီးများ(၂၀၁၀-လက်ရှိကာလ)
ပြင်ဆင်ရန်စဉ် | အမည် | ကာလ | |
---|---|---|---|
မှ | ထိ | ||
၁ | ဦးသန်းဌေး | ၂၀ မတ် ၂၀၁၁ | ၂၅ ဇူလိုင် ၂၀၁၃ |
၂ | ဦးဇေယျာအောင် | ၁၄ ဩဂုတ် ၂၀၁၅ | ၃၀ မတ် ၂၀၁၆ |
၃ | ဒေါ်အောင်ဆန်းစုကြည် | ၃၀ မတ် ၂၀၁၆ | ၆ ဧပြီ ၂၀၁၆ |
၄ | ဦးဖေဇင်ထွန်း | ၇ ဧပြီ ၂၀၁၆ | ၁ ဩဂုတ် ၂၀၁၇ |
၅ | ဦးဝင်းခိုင် | ၂ ဩဂုတ် ၂၀၁၇ | ၁ ဖေဖော်ဝါရီ ၂၀၂၁ |
၆ | ဦးအောင်သန်းဦး | ၂ မေ ၂၀၂၂ | ၅ ဩဂုတ် ၂၀၂၂ |
၇ | ဦးသောင်းဟန် | ၂ မေ ၂၀၂၂ | ၅ ဩဂုတ် ၂၀၂၂ |
၈ | ဦးမျိုးမြင့်ဦး | ၅ ဩဂုတ် ၂၀၂၂ | ၂ ဩဂုတ် ၂၀၂၃ |
၉ | ဦးကိုကိုလွင် | ၃ ဩဂုတ် ၂၀၂၃ | ယနေ့ထိ [၃] |
ဖွဲ့စည်းပုံ
ပြင်ဆင်ရန်၁၉၈၅ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနကို အောက်ပါအဖွဲ့အစည်းများဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
- ဝန်ကြီးရုံး (အသစ်ဖွဲ့စည်းခြင်း)
- စွမ်းအင်စီမံရေး ဦးစီးဌာန (အသစ်ဖွဲ့စည်းခြင်း)
- မြန်မာ့ရေနံ ကော်ပိုရေးရှင်း
- ရေနံဓာတုဗေဒနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကော်ပိုရေးရှင်း
- ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရောင်းချရေး ကော်ပိုရေးရှင်း
- လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း၊
၁၉၈၉ ခုနှစ်၊ မတ်လ ၃၁ ရက်စွဲပါ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ အမိန့် ကြော်ငြာစာအမှတ်(၂/၈၉)အရ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏အမည်များကို ပြောင်းလဲခေါ်ဝေါ်ရန် သတ်မှတ်သဖြင့် စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိကော်ပိုရေးရှင်း ၄ ခု၏အမည်များကို အောက်ပါအတိုင်း ပြင်ဆင်ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
- ဝန်ကြီးရုံး
- စွမ်းအင်စီမံရေး ဦးစီးဌာန
- မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း
- မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
- မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း
- မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း
မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းသည် ၁၉၆ရ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းသွားခဲ့သည်။
ယခုလက်ရှိ စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှာ
- ဝန်ကြီးရုံး
- စွမ်းအင်စီမံရေး ဦးစီးဌာန
- မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း
- မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
- မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း တို့ဖြစ်သည်။
ဝန်ကြီးရုံး
ပြင်ဆင်ရန်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံးကို ၁၉၈ရ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် အရာထမ်း(၈)ဦး၊ အမှုထမ်း(၄၀)ဦး၊ စုစုပေါင်း(၄၈)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၊ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ ရက်နေ့တွင် အရာထမ်း(၁၆)ဦး၊ အမှုထမ်း(၁၉)ဦး၊ စုစုပေါင်း(၃၅)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဝန်ကြီးရုံး၏ အဓိကလုပ်ငန်းတာဝန်များမှာ စွမ်းအင်ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲခြင်း၊ လိုအပ်သည်များကို စီမံခန့်ခွဲခြင်း နှင့် အထက်ဌာန/ အဖွဲ့အစည်းများနှင့် အခြားဝန်ကြီးဌာန/အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ဖြစ်သည်။ ဝန်ကြီးရုံး ရုံးအဖွဲ့ကို အောက်ဖော်ပြပါအတိုင်း ဖွဲ့စည်းထားရှိသည်။[၄]
- အဖွဲ့ခွဲ(၁)
- အဖွဲ့ခွဲ(၂)
- အဖွဲ့ခွဲ(၃)
- သတင်းအချက်အလက်နှင့်နည်းပညာဌာန
စွမ်းအင်စီမံရေး ဦးစီးဌာန
ပြင်ဆင်ရန်စွမ်းအင်ဝန်ကြီးဌာန၏ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြုဌာန တစ်ခုဖြစ်ပြီး၊ ဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒနှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့အစည်းများနှင့် စေ့စပ်ဆွေးနွေးညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို တာဝန်ခံဆောင်ရွက်သည်။ စွမ်းအင်စီမံရေးဦးစီးဌာနတွင် အောက်ဖော်ပြပါ ဌာနခွဲ(၃)ခု ပါဝင်သည်။[၅]
- စီးပွားရေးစီမံရေးဌာနခွဲ
- ထုတ်လုပ်မှုစီမံရေးဌာနခွဲ
- အထွေထွေစီမံရေးဌာနခွဲ
ကိုးကား
ပြင်ဆင်ရန်- ↑ ဝန်ကြီးဌာန အကြောင်း။ 26 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 Oct 2014 တွင် ပြန်စစ်ပြီး။
- ↑ "ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း"။
- ↑ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးများ။ စွမ်းအင်ဝန်ကြီးဌာန။ ၁၄ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဝန်ကြီးရုံး။ 26 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 Oct 2014 တွင် ပြန်စစ်ပြီး။
- ↑ စွမ်းအင်စီမံရေး ဦးစီးဌာန။ 26 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 Oct 2014 တွင် ပြန်စစ်ပြီး။
ပြင်ပအဆက်အသွယ်
ပြင်ဆင်ရန်- စွမ်းအင်ဝန်ကြီးဌာန Archived 14 April 2012 at the Wayback Machine.