ဆိပ်ဖြူမြို့

မကွေးတိုင်းရှိ မြို့

ဆိပ်ဖြူမြို့သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်တွင် ပါဝင်ပြီး ဆိပ်ဖြူမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိ၍၊ မကွေးခရိုင်အပိုင်၊ ချောက်မြို့နှင့် မျက်နှာချင်းဆိုင်လျက်ရှိသည်။

ဆိပ်ဖြူမြို့
မြန်မာနိုင်ငံရှိ မြို့များ
ဆိပ်ဖြူမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဆိပ်ဖြူမြို့
ဆိပ်ဖြူမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°54′N 94°47′E / 20.900°N 94.783°E / 20.900; 94.783ကိုဩဒိနိတ်: 20°54′N 94°47′E / 20.900°N 94.783°E / 20.900; 94.783
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး
ခရိုင်ပခုက္ကူခရိုင်
လတ္တီကျု(၂၀)ဒီဂရီ၊ (၅၄)မိနစ်
လောင်ဂျီကျု(၉၄)ဒီဂရီ၊ (၄၇)မိနစ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

သင်္ဘောဆိပ်မြို့ဖြစ်သည်။ နွေရာသီတွင် အနောက်ဘက်မိုင် ၇ဝ အကွာတွင်တည်ရှိသော ဆောမြို့နှင့် ကားလမ်းဖြင့် ဆက်သွယ်နိုင်သည်။ ‌ေမေြာက်ဘက် ၄½မိုင်တွင် ‌ေခေျာင်းမကြီး‌ေကျးရွာတည်ရှိပါသည်။မြို့နယ်၏အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၅၅၉ မိုင်မျှရှိသည်။[၁]

နောက်ခံသမိုင်း ပြင်ဆင်ရန်

နွေရာသီ၌ ဆိပ်ကမ်းတွင် သဲဖြူဖြူဖြင့် သောင်ခုံထလေ့ရှိသောကြောင့် ဆိပ်ဖြူဟု ခေါ်နိုင်ကြောင်း ယူဆကြသည်။ အနော်ရထာမင်းလက်ထက်ကပင် ရွာအဖြစ် ရှိနေပြီ။

၁၈၈၅ ခုတွင် ဆိပ်ဖြူကို ပခုက္ကူစီရင်စုအောက်တွင်း သွင်းကာ မြို့နယ်အဖြစ် ဖွဲ့၍ ဇီးကပ်ရွာ၌ မြို့ပိုင်ရုံးထားသည်။ ၁၈၉၆ ခုတွင် ရုံးကို အောက်ဆိပ်ကျေးရွာသို့ ပြောင်းသည်။ ၁၉၀၁ ခုတွင် ဆိပ်ဖြူသို့ ရုံးစိုက်လာသည်။

ယခု မြေသတ်မှတ်ချက်များမှာ ၁၉၇၂ ခု၊ ဇူလိုင်လ ၂၁ ရက်ပါ အမိန့်စာဖြင့် ဖွဲ့ထားခြင်းတည်း။

စီးပွားရေး ပြင်ဆင်ရန်

စိုက်ပျိုးရေးမှာ မြို့နယ်၏ အဓိကစီးပွားရေး ဖြစ်သည်။ ဆိပ်ဖြူကြက်သွန်နီမှာ မြန်မာ့ကြက်သွန်ဈေးကွက်တွင် နာမည်ရသည်။ ကြက်သွန်ကို ယောချောင်းတလျှောက်နှင့် မြေနုကျွန်းပေါ်ရာ ဧရာဝတီမြစ်တလျှောက်တွင် မိုးနည်းသော ဒီဇင်ဘာမှ ဧပြီအတွင်း စိုက်လေ့ရှိသည်။

အခြားထွက်ကုန်များမှာ စပါး၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ကုလားပဲတို့ဖြစ်သည်။ ထွက်ကုန်တို့ကို ရန်ကုန်သို့ ပို့၏။

မြို့ဖွဲ့စည်းပုံ ပြင်ဆင်ရန်

ဆိပ်ဖြူမြို့ကို အောက်ပါရပ်ကွက်များဖြင့် ဖွဲ့ထားသည်။

  • ယောဝရပ်ကွက်
  • အလယ်ပိုင်းရပ်ကွက်
  • အနောက်ပိုင်းရပ်ကွက်
  • ရွာသစ်ရပ်ကွက်

ဆင်ဖြူကျွန်းစလင်းသို့သွားသော အနော်ရထာလမ်း၊ ပခုက္ကူသို့သွားသော ဗိုလ်ချုပ်လမ်းတို့ကို အခြေတည်ကာ မြို့ဖွဲ့ထားခြင်းတည်း။

သယ်ယူပို့ဆောင်ရေး ပြင်ဆင်ရန်

ကုန်းလမ်း ပြင်ဆင်ရန်

ဆိပ်ဖြူမှ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ စလင်း၊ ပေါက်၊ ဂန့်ဂေါ စသည်တို့အထိ သွားနိုင်သော ခရီးသည်တင်ကားများ ရှိသည်။ အနောက်ဘက် စလင်း၊ ပေါက်၊ ဂန့်ဂေါ စသည်တို့သို့ သွားသောယာဉ်များမှာ ကားငယ်များဖြစ်၏။

ရထား ပြင်ဆင်ရန်

ခရီး ၂၂ မိုင်ရှိသော ပခုက္ကူသို့သွားသည့် ရထားလမ်းရှိသည်။

ရေကြောင်း ပြင်ဆင်ရန်

ယခင်က ဇက်ဖြင့် ချောက်နှင့်ဆိပ်ဖြူသို့ ကူးနိုင်သည်။ ၁၉၉၆ ခု၌ အနော်ရထာတံတား ဆက်ပြီးသည်နောက် ကားလမ်းဖြင့်သာ လူသွားလူလာများသည်။ ရေကြောင်းဖြင့် သွားလိုက ချောက်မှသည် ဆိပ်ဖြူ ယောဝရပ်ကွက်သို့ ကူးသော မော်တော်၊ သမ္ဗန်များ ရှိသေးသည်။

ရောင်းဝယ်ရေး ပြင်ဆင်ရန်

အနောက်ပိုင်းရပ်ကွက်ရှိ ပတ္တမြားဈေးသည် တခုတည်းသော ဈေးကြီးဖြစ်သည်။

ငွေကြေးဆိုင်ရာလုပ်ငန်းများ ပြင်ဆင်ရန်

မြန်မာ့စီးပွားရေးဘဏ်၏ ဘဏ်ခွဲရှိသည်။

ပညာရေး ပြင်ဆင်ရန်

အခြေခံပညာအထက်တန်းကျောင်း (ဆိပ်ဖြူ) မှာ အနောက်ပိုင်းရပ်ကွက်၊ အနော်ရထာလမ်းဘေးတွင် ရှိသည်။

အခြေခံပညာမူလတန်းကျောင်းမှာ ယောဝ၊ အလယ်ပိုင်း၊ အနောက်ပိုင်းရပ်ကွက် နှင့် ရွာသစ်ရပ်ကွက်တို့တွင် အသီးသီးရှိသည်။

ကျန်းမာရေး ပြင်ဆင်ရန်

ကုတင် ၅၀ ဆန့် ပြည်သူ့ဆေးရုံရှိသည်။

အားကစားနှင့်ဖျော်ဖြေရေး ပြင်ဆင်ရန်

ဘောလုံးကွင်းနှင့် ဘောလီဘောကွင်း ရှိသည်။ ၎င်းကွင်းများမှာ ဘုရားစူးကွင်းများဖြစ်ပြီး ဘောလုံးကွင်း၌ မြေကွက်လပ်နှင့်ဂိုးတိုင်၊ ဘောလီဘောကွင်းတွင် ပိုက်မရှိသော တိုင် ၂ ချောင်းမှအပ ဘောလုံးကွင်း၊ ဘောလီဘောကွင်းဟု သိသာစေသော အခြားအရာ မရှိ။

ဗိုလ်ချုပ်လမ်းကို မေးတင်ထားသော အလယ်ပိုင်းရပ်ကွက်ရှိ တခုတည်းသောပန်းခြံမှာ အထိန်းအသိမ်းနည်းသဖြင့် လူသွားလူလာမရှိလှ။

ဘာသာရေးအဆောက်အဦများ ပြင်ဆင်ရန်

ဗုဒ္ဓဘာသာ ပြင်ဆင်ရန်

ယောဝရပ်ကွက်၌ ရွှေမင်းဝန်ဘုရား၊ ရွာသစ်ရပ်ကွက်၌ ရွှေမုဋ္ဌောဘုရားတို့ ရှိသည်။ ဘုန်းကြီးကျောင်း ၅ ကျောင်း ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)