ဇေယျဝတီမြို့
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
ဇေယျဝတီမြို့ (အင်္ဂလိပ်: Zeyawaddy) သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ မြို့ဖြစ်သည်။ ဇေယျဝတီမြို့သည် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် တည်ရှိပြီး ဧရိယာမှာ ၄.၄၁၇ စတုရန်းမိုင် (၁၁.၄၄ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းသည်။[၁]
ဇေယျဝတီမြို့ | |
---|---|
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 18°32′22″N 96°25′47″E / 18.53944°N 96.42972°Eကိုဩဒိနိတ်: 18°32′22″N 96°25′47″E / 18.53944°N 96.42972°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ပဲခူးတိုင်းဒေသကြီး |
ခရိုင် | တောင်ငူခရိုင် |
မြို့နယ် | ဖြူးမြို့နယ် |
တည်ထောင် | အေဒီ ၁၅၅၁ |
ဧရိယာ | |
• စုစုပေါင်း | ၄.၄၁၇ စတုရန်းမိုင် (၁၁.၄၄ စတုရန်းကီလိုမီတာ) |
လူဦးရေ (၂၀၂၀)[၁] | ၂၂၂၇၅ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
သမိုင်းကြောင်း
ပြင်ဆင်ရန်တောင်ငူခေတ်
ပြင်ဆင်ရန်ကေတုမတီ,တီ၉တီအပါအဝင်ဖြစ်သော ဇေယျဝတီမြို့ကို ဘုရင့်နောင်ကတည်ထောင်ခဲ့သည်။[ကိုးကားချက်လိုသည်] အေဒီ ၁၅၁၀ တွင် တပင်ရွှေထီးလုပ်ကြံခံခဲ့ရသည်။ ဟံသာဝတီတွင် မြို့စောင့်ထားခဲ့သော ဘုရင့်နောင်၏ ညီတော်သီဟသူသည် တောင်ငူကိုပြန်ပြီး သီးခြားထီးနန်းထူထောင်ခဲ့သည်။ ထိုအချိန်တွင် ဘုရင့်နောင်သည် ဒလ(ယခု တွံတေး)ကို စစ်ချီနေသည်။ မင်းတရားရွှေထီးလုပ်ကြံခံရသည်ကို သိသည့်အချိန်တွင် ဘုရင့်နောင်က မှူးမတ်များနှင့် တိုင်ပင်သည်။ အချို့က ဟံသာဝတီကို ပြန်လည်သိမ်းယူရန် အကြံပြုသည်။ အမတ်ရန်အောင်ဘီလူးက တောင်ငူသို့ ပြန်လည်အင်အားစုစည်းရန်လျှောက်သည်ကို နှစ်သက်သဖြင့် တောင်ငူကို ချီတက်သည်။ ရွာသစ်ကြီးအရှေ့တွင် တပ်ချ(စခန်းချ)ပြီး "ဇေယျဝတီ"ဟု အမည်ပေးသည်။ ယခုဇေယျဝတီမြို့သစ်၏ အရှေ့စူးစူးတွင်တည်ရှိသည်။ အင်အားစုဆောင်းပြီးမှ တောင်ငူကိုချီတက်ပြီး ခပေါင်းတွင်တပ်ချ၍ ကမ္ဘောဇသာဒီဟု အမည်ပေးသည်။ တောင်ငူကိုဝန်းရံထားပြီး ၄လအကြာတွင် ညီတော်မင်းခေါင်အညံ့ခံသဖြင့် အရေးတော်အောင်မြင်ခဲ့သည်။ ၁၅၅၁ ခုတွင် ကေတုမတီမြို့တွင် နန်းတက်သည်။ ထို့နောက် ပြည်မြို့ကို တိုက်ခိုက်သိမ်းယူသည်။ ၁၅၅၂ ခုနှစ်တွင် ဟံသာဝတီကို တိုက်ခိုက်အောင်မြင်သည်။ ၁၅၅၃ တွင် ဇေယျဝတီတပ်တည်ခဲ့သည့် နေရာတွင် အုတ်မြို့ရိုးနှင့် အခိုင်အမာမြို့တည်သည်။ ယခုထိတိုင် အုတ်မြို့ရိုးနှင့်ကျုံးများရှိသေးသည်။
၁၁၄၆ ခုနှစ် စစ်တမ်းတွင် မြို့သူကြီး ရဲလှကျော်ခေါင်ဒင်က ယခုကဲ့သို့အစစ်ခံသည်။
- နယုန်လဆန်း၅ရက် (23.5.1784)
- ဟံသာဝတီရောက်မင်းလက်ထက်တွင် အကိုဖြစ်သူ နန္ဒသူရ အုပ်ချုပ်သည်။
- သူမရှိလျှင် ညီတော် သိင်္ခအောင်က အုပ်ချုပ်သည်။
- သူမရှိလျှင် ညီတော် ရဲလှကျော်ခေါင်ဒင်၊တနင်္လာသား အသက်၄၅နှစ်ကဆက်ခံသည်။
နယ်နိမိတ်
ပြင်ဆင်ရန်တောင်ငူခေတ်၊ ဇေယျဝတီမြို့၏ နယ်နိမိတ်မှာ အရှေ့ ၃တိုင်ခွဲ ယောမင်းတန်း၊ ပဲဒိုင်၊ ကြက်တက်ညောင်ပင်၊ အရှေ့တောင် ၈ တိုင်ခွဲ ကျောက်မော်နယ်၊ကွန်းချောင်းဝ၊ တောင် ၇ တိုင်ခွဲ တုံကန်နယ်၊သစ်ခေါင်း၊ကွန်းချောင်းအထိ၊အနောက်တောင် တိုင်၄၀ သာယာဝတီနယ်သစ်ပုတ်ချောင်း၊ အနောက် တိုင်၄၀ သာယာဝတီ၊ ပြည်၊ ကုန်းခေါင်ရိုးမ၊ အနောက်မြောက် တိုင်၄၀ ပြည်၊ ကုန်းခေါင်ရိုးမ၊ မြောက် ၆တိုင် ရွာသစ်ကြီး ကရင်နယ် ကိုးခွရွဲကြား၊ အရှေ့မြောက် ၇တိုင် တပ်ပျောက်၊ မြို့ဒိုးကြီးအထိ ကျယ်ပြန့်သည်။[ကိုးကားချက်လိုသည်]
အခွန်ဘဏ္ဍာနှင့်ပဏ္ဏာလက်ဆောင်ဆက်သခြင်း
ပြင်ဆင်ရန်တောင်ငူခေတ်၊ ဇေယျဝတီမြို့၏ အခွန်စည်းကြပ်ရာတွင် လယ်ကျွဲတရှဉ်းထွန် စပါး ၁၀ တင်း၊ သစ္စေးခွန် ၁ကျပ်၊ အထွက်နဲလျှင် ၂မတ်၊ ရေလုပ်ငန်းငါးဖမ်းသည့်ရွာ ၁၂ ရွာမှာ လူတကိုယ်လျှင်၂ကျပ်၊ ကွန်းချောင်းနှင့် စစ်တောင်းမြစ်သောင်ခုံများမှာ လိပ်ဖမ်းသူများကို တဦးလျှင် အခွန်ငွေ ၁၀ ကျပ်ကောက်ခံခဲ့သည်။ ထိုရွာများမှာ ငဆီးလောင်၊ ပိန်းမိုင်းကြီး၊ ပိန်းမိုင်းငယ်၊ စရစ်ချောင်း၊ အင်းမ ၊ ကျွဲနံ ၊ မီးလောင်ချောင်း၊ သစ်ငုတ်တို၊ ဒင်ကျီးသိုက်၊ အငူစောင်း၊ ကညင်ဒိုင်း၊ မြပဲခူး၊ နှင့်တူးမြောင်းရွာတို့ ဖြစ်သည်။ ရွာအများစုမှာ ယခုထိတိုင်ရှိနေသေးသည်။
လက်ဆောင်ပဏ္ဏာမှာ တနှစ်လျှင် လိပ်ဥ ၂၀၀၀ မြို့ဆိုးကျီတော်မှ တဆင့်တောင်ငူမြို့ဝန်၊ ထိုမှအင်းဝသို့ ဆက်သရသည်။
ကိုလိုနီခေတ်
ပြင်ဆင်ရန်1870 Gazetterမှာ တောင်ငူခရိုင်တောင်ပိုင်း မြို့ပိုင်ရုံးကိုဇေယျဝတီနှင့် မြောက်ပိုင်းကို သာဂရတွင် ရုံးစိုက်သည်။ ဟိုးယခင်က ဖြူးသည် မြို့မဖြစ်သေးဘဲ ဇေယျဝတီမြို့အပိုင်သာ ဖြစ်သည်။ ရန်ကုန်မန္တလေးရထားလမ်းပေါက်ပြီးချိန်(1890)ခန့်မှသာ မြို့ဖြစ်လာသည်။
ဇေယျဝတီဂါတ်တဲများ ကြည့်ရှုမှုသတင်း
ပြင်ဆင်ရန်၂၇-၆-၁၈၇၄ ရက်စွဲပါ မြန်မာသံတော်ဆင့် သတင်းစာ၌ အောက်ပါသတင်း ပါ၏။
"ကျွန်တော်တို့ တောင်ငူမြို့နယ်များကို အုပ်စိုးကြည့်ရှုတော်မူသော ရာဇဝတ်ဝန်မင်း အင်ဒါစင် သခင်ဘုရားသည် ဝတ္တရားရှိသည့်အတိုင်း တောင်လက်ဇေယျဝတီမြို့နယ်ရှိ ဂတ်များကို ကြည့်ရှုတော်မူရန် ၁၈၇၄ ခု၊ ဖေဖော်ဝါရီလ၊ ၁၈ ရက် (၁၂၃၅ ခု တပေါင်းလဆန်း ၇ ရက်)နေ့ ထွက်သွား၍ ၎င်းလ ၂၂ ရက်၊ ၎င်းလဆန်း ၇ ရက်နေ့တွင် ပြန်ရောက်ကြောင်းများကို ကြားသိရသည်" ဟူ၍ ဖြစ်သည်။[၂]
ယခုအခြေအနေ
ပြင်ဆင်ရန်ယခုဇေယျဝတီမြို့သစ်သည် ကိုလိုနီခေတ်မှ မြို့ဖြစ်လာပြီး အိန္ဒိယနိုင်ငံမှ ဟိန္ဒူလူမျိုးများကို လယ်စိုက်ရန်နှင့် သကြားစက်အတွက် ကြံစိုက်ပျိုးရန်ခေါ်ဆောင်လာသူများက ဆင်းသက်လာကြသည်။[ကိုးကားချက်လိုသည်]
စက်ရုံများ
ပြင်ဆင်ရန်ဇေယျဝတီတွင် ဇေယျဝတီသကြားစက်ရုံ နှင့် အရက်ချက်စက်ရုံ များရှိသည်။ယခင်က မေ့ဆေးစက်ရုံများလည်း ရှိခဲ့ဖူးသည်။
လူမှုရေးနှင့်အစိုးရဌာနများ
ပြင်ဆင်ရန်ဇေယျဝတီမြို့တွင် ဇေယျဝတီနယ်မြေရဲစခန်း၊ ဇေယျဝတီနယ်မြေအရန်မီးသတ်စခန်းနှင့် ဇေယျဝတီ တိုက်နယ်ဆေးရုံတို့တည်ရှိသည်။ ဇေယျဝတီမြို့မှူးရုံးလည်းတည်ရှိသည်။
ကျောင်းများ
ပြင်ဆင်ရန်ဇေယျဝတီမြို့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ဂျေပူ)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ဈေးပိုင်း)၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း(တောင်ပိုင်း)နှင့် အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းများ တည်ရှိသည်။ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းများလည်း ရှိသည်။
ကိုးကွယ်ယုံကြည်မှု
ပြင်ဆင်ရန်ဇေယျဝတီမြို့တွင် အများစုက ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာကိုးကွယ်ကြပြီး အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာကိုးကွယ်သူ အနည်းအကျဉ်းရှိသည်။ ကိုးကွယ်သူဘာသာရေးဆိုင်ရာ အဆောက်အအုံများအားဖြင့် ဗုဒ္ဓဘာသာဆိုင်ရာ ဘုန်းကြီးကျောင်း (၈)ကျောင်းခန့်တည်ရှိသည်။ ၎င်းတို့မှာ မြနန်းတော်မြို့ဦးကျောင်းတိုက်၊ မြစိမ်းကျောင်းတိုက်၊ ကမ္မဌာန်းကျောင်းတိုက်၊ ဇောတိကာရုံကျောင်းတိုက်၊ နန္ဒသီရိဈေးကျောင်းတိုက်၊ ဓမ္မာရုံကျောင်းတိုက်၊ ရွာလယ်ကျောင်းတိုက်နှင့် ဗောဓိကျောင်းတိုက်တို့ ဖြစ်သည်။ ဘုရားစေတီအားဖြင့် ဇေယျဝတီမြို့ဟောင်းရှိ တောင်ငူခေတ်ကတည်းက တည်ထားသော သမိုင်းဝင် အဘယမုနိဘုရားကြီးမှာ ထင်ရှားသည်။ ဟိန္ဒူဘာသာဆိုင်ရာ အဆောက်အအုံအားဖြင့် ဂန္ဒီဘုရားရှိခိုးကျောင်းတိုက်နှင့် အခြားဘုရားရှိခိုးကျောင်း(၂)ခု၊ အစ္စလာမ်ဘာသာရေးဆိုင်ရာ ဗလီ(၁)ခုတို့ တည်ရှိသည်။ ခရစ်ယာန်ဘာသာဝင်မှာ မရှိသလောက်နည်းပါးသဖြင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းမရှိပေ။
အားကစား
ပြင်ဆင်ရန်ဇေယျဝတီမြို့တွင် ဇေယျဝတီ၊ လွတ်လပ်ရေးအထိမ်းအမှတ် အားကစားကွင်း၊ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)နှင့် အမှတ်(၄)ဟူ၍ ဘောလုံးကွင်းများ တည်ရှိသည်။ ပုဂ္ဂလိက ဖူဆယ်ဘောလုံးကွင်းလည်း တည်ရှိသည်။
လမ်းပန်းဆက်သွယ်ရေး
ပြင်ဆင်ရန်ရန်ကုန်မန္တလေးလမ်းဟောင်းနှင့် ရန်ကုန်မန္တလေး ရထားလမ်းသည် ဇေယျဝတီမြို့လယ်မှ ဖြတ်သန်းသွားသည်။
ယဉ်ကျေးမှုအမွေအနှစ်များ
ပြင်ဆင်ရန်ဇေယျဝတီမြို့သည် သက်တမ်းရှည်ကြာသော ရှေးဟောင်းမြို့တစ်မြို့ဖြစ်သည့်အလျောက် တန်ဖိုးဖြတ်မရသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များလည်း ရှိနေသည်။ မြို့ရိုးများ၊ ကျုံးများ၊ နန်းတော်ရာဟောင်းနေရာများနှင့် ရှေးဟောင်းဘုရားများလည်းရှိနေလေသည်။
ထိန်းသိမ်းစောင့်ရှောက်ရေး
ပြင်ဆင်ရန်ဇေယျဝတီမြို့ဟောင်းဧရိယာကို မြန်မာနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေအဖြစ် သတ်မှတ်ကာကွယ်ပေးထားသည်။[ကိုးကားချက်လိုသည်] မြို့ရိုးများ၊ ကျုံးများပေါ်နှင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသောအရာများကို ထွန်ယက်စိုက်ပျိုးခွင့်နှင့် ဖျက်ဆီးခွင့်ကို တားမြစ်ထားသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ဖြူးမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ (PDF)။ ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန။ ၃၀ စက်တင်ဘာ ၂၀၂၀။ ၈ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs named:0