ညောင်စာရေးတိုက်နယ် သည် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ပြည်ခရိုင်ရွှေတောင်မြို့နယ် အတွင်း ရှိသမိုင်းဝင်စေတီပုထိုးများရှိရာတိုက်နယ်ဖြစ်သည်။

ညောင်စာရေးတိုက်နယ်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 18°31′7.28″N 95°8′49.95″E / 18.5186889°N 95.1472083°E / 18.5186889; 95.1472083ကိုဩဒိနိတ်: 18°31′7.28″N 95°8′49.95″E / 18.5186889°N 95.1472083°E / 18.5186889; 95.1472083
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး
ခရိုင်ပြည်ခရိုင်
မြို့ရွှေတောင်မြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ပထဝီဝင် ပြင်ဆင်ရန်

ညောင်စာရေးမြို့သည်ရွှေတောင်မြို့၏ တောင်ဘက်တွင်တည်ရှိသည်။ ရွှေတောင်မြို့ နှင့် (၁၂)မိုင်၊ ပြည်မြို့ နှင့်(၂၁)မိုင်ခန့်အကွာတွင်တည်ရှိသည်။ညောင်စာရေးမြို့သည် မြောက်လတ္တီတွဒ် (၁၈) ဒီဂရီ (၃၁) မိနစ် (၇.၂၈) စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် (၉၅) ဒီဂရီ (၈)မိနစ် (၄၉.၉၅) စက္ကန့် အကြားတွင် တည်ရှိ ပြီးရွှေတောင်မြို့သို့ဆက်သွယ်ထားသော ရွှေတောင် - ညောင်စာရေး - ကွေ့မလမ်းသည် လမ်းမိုင်အရှည် (၂၅ မိုင်၊ ၄ ဖာလုံ)ရှိသည်။[၁] (ထိုလမ်းသည် အင်္ဂလိပ်ခေတ် က စစ်ချီလမ်းမကြီး)

သမိုင်းကြောင်း ပြင်ဆင်ရန်

ရွှေတောင်မြို့ အဝင်(ဝါးတောဝါးလယ်) ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရွာ က သူခိုး ဖုန်းမယ်တက်ခါးနဲ့ ထုံးဘိုမြို့က သူကြီးသမီး တို့ ချစ်ခင်စုံမက်ကြတယ်။ ညဘက်ဆို ဖုန်း မယ်တက်ခါးက ထန်းကုန်း၊ ကျောက်အိုင်၊ ဆယ်ကြီးရွာတွေကို ဖြတ်ပြီး မြင်းနဲ့ လာ၊ ညောင်စာရေးဘက်ကမ်းကနေ ထုံးဘို့မြို့ကို ကူးပြီး ရည်းစားနဲ့ အမြဲချိန်းတွေ့နေကျ။ လင်းကြက် တွန်ချိန် လူလုံးမကွဲခင်ဆို ပြန်။ ဒီလိုနဲ့ မိုးကာလ၊ ဧရာဝတီမြစ် ရေကြီးချိန် တစ်ညမှာတော့ သူခိုး ဖုန်းမယ်တက်ခါးက သူကြီးသမီးကို ဒီ ည အပိုင်ခိုးယူရအောင်အလာ ရေကလည်း ကြီး၊ မိုးကလည်း ရွာ၊ လှိုင်းကလည်း ထန်နေလို့ ထုံးဘိုဘက်ကမ်းကို မကူးနိုင်ဖြစ်ခဲ့ရတယ်။ ဖုန်းမယ်တက်ခါးနဲ့ သူကြီးသမီးတို့ တစ်သက် လုံး ဝေးကြရဖို့ ကံကြမ္မာက ဖန်လာခဲ့လေပြီ။

ဧရာဝတီက အရင်ညတွေလို မျက်နှာ သာမပေးလို့ မကူးနိုင်ကြောင်း၊ သူ လာပါတယ် ဆိုတဲ့အကြောင်း၊ အလွန်ချစ်ခင်စုံမက်ကြောင်း လွမ်းတေးဖွဲ့စာကို ညောင်စာရေးဘက် ကမ်း နဖူးက ညောင်ပင်ကြီးမှာ စာရေးခဲ့ပါသတဲ့။ ထိုကြောင့်ညောင်စာရေးရယ် လို့ အမည်တွင်ခဲ့တာကို ရှေးလူကြီးသူမတွေ က အစဉ်အဆက် ပြောခဲ့သည်။ မြို့အလယ်တွင်တည်ထားကိုးကွယ်နေသောရှင်ဂေါတမဘုရားကြီးရဲ့ မူလ ဘုရားဒကာဟာ သူခိုး ဖုန်းမယ်တက်ခါး ဖြစ်ပြီး ဘုရားတည်စဉ်က ထုံးဘိုမြို့ သူကြီး သမီးကို လွမ်းမောတသခြင်း အထိမ်းအမှတ် ကိုးတောင်ပြည့် လွမ်းစေတီကိုတည်ထားခဲ့သည်။

ညောင်ပင်ကြီးသည်မင်းလမ်းနဲ့ နတ်စဉ်လမ်းအကြား ရွာတော့်ယဉ်နတ်နန်းတောင်ဘက်၊ အင်္ဂလိပ်ခေတ် အရေးပိုင်မင်းလာရင် တည်းခိုတဲ့ ဗိုလ်တဲ (ဗိုလ်ရုံ) အနောက်ဘက် ကုန်းမို့မို့မှာ ရှေးတုန်းက ညောင်ပင် ကြီးတည်ရှိခဲ့သည်။ အဲဒီနေရာနဲ့ မလှမ်းမကမ်း အခု ပျက်ယွင်းနေတဲ့ ခြင်္သေ့ကြီးနှစ်ကောင်က ဧရာဝတီကို မျက်နှာမူပြီး ထီးတည်းကြီး လေးဖက် ထောက်လို့ လှေဆိပ်ဖြစ်ခဲ့တယ်ဟိုတစ်ချိန်ကတော့ ဆိပ်ကမ်းပေါ့။ ပြည်မြို့ရန်ကုန်မြို့ အစုံအဆန်သင်္ဘောတွေ စုန်ချည်ဆန်ချည် သွားခဲ့ကြတယ်။ ကြံခင်းမြန်အောင်ဟင်္သာတမြို့ တွေကို မော်တော် တွေနဲ့ သွားလာခဲ့ကြသည်။ မြို့မှ ထွက်တဲ့ ကုန်တွေကို မအူပင်၊ ရန်ကုန် အထိ ပို့ခဲ့ကြတယ်။ အခုတော့ ဧရာဝတီမြစ် ကြီးက ထုံးဘိုမြို့ အကောက်တောင်ခြေအထိ ဆုတ်ခွာသွားလို့ ရေလမ်းကို အသုံးမပြုနိုင်တော့သည်။[၂]

ယဉ်ကျေးမှု ပြင်ဆင်ရန်

ရှင်ဂေါတမဘုရားကြီးရဲ့ မူလ ဘုရားဒကာဟာ သူခိုး ဖုန်းမယ်တက်ခါး ဖြစ်ပါသည်။ ဘုရားတည်စဉ်က ထုံးဘိုမြို့ သူကြီး သမီးကို လွမ်းမောတသခြင်း အထိမ်းအမှတ် ကိုးတောင်ပြည့် လွမ်းစေတီလို့ ဆိုကြတယ်။ ပြန်လည်ပြုပြင်မှူများကြောင့်ဉာဏ်တော်၅၅ တောင်ခန့်မြင့်သည်။[၃]


ညောင်စာရေးမြို့၏ မြောက်ဘက်(၈)မိုင်ခန့်အကွာတွင် သမိုင်းဝင် ရွှေနတ်တောင်ဘုရား၊အနောက်ဘက်တွင် သမိုင်းဝင် အကောက်တောင် ရှိ ရွှေမြင်းတင်စေတီတော် သို့သွားရောက်ဖူးမြော်နိုင်ပါသည်။ ရှင်ဂေါတမ ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်၊ တန် ဆောင်တိုင် အရပ်ပြဇာတ်တွေ ကကြလို့ ပြာ သိုလဆန်း (၁၃/၁၄/ ၁၅) ရက် ရှင်ဂေါတမ ဘုရားဗုဒ္ဓပူဇနိယပွဲတော်ပွဲမှာ နှစ်စဉ် ဇာတ်သွင်းလေ့ရှိသည်။သီတင်းကျွတ်အခါကြီးရက်ကြီးနေ့များတွင် နိဗ္ဗာန်ဈေးပွဲတော်များကျင်းပလေ့ရှိသည်။​​​​​​​

လူဦးရေ ပြင်ဆင်ရန်

မြန်မာနိုင်ငံရှိ၂၀၁၄ခုနှစ်သန်းခေါင်စာရင်း အရ ညောင်စာရေးအုပ်စုတွင် ကျား ၁၀၉၄ ဦး၊ မ ၁၃၇၁ ဦး၊ လူဦးရေ စုစုပေါင်း ၂၄၆၅ ဦးနေထိုင်သည်။[၄]

စီးပွားရေး ပြင်ဆင်ရန်

ညောင်စာရေးမြို့သည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်သောမြို့ဖြစ်သည်။စပါးစက်၊ ပဲခွဲစက်၊ ဆီကြိတ်စက်များရှိကျသည်။မြေနုကျွန်းကိုင်းတွေ ပေါ်ပြီ မို့ မြေပဲ၊ ဆေးရွက်ကြီး၊ ပြောင်း၊ နှမ်း၊ ပဲကြီး၊ ခရမ်းချဉ်ပင် စသည်ဖြင့်အမျိုးမျိုးစိုက်ပျိုးကျသည်။လယ်၊ကိုင်း၊တောင်ယာ များတွင်မြေဩဇာကောင်းမွန်သဖြင့် အသီးအနှံ ပန်းမာန်များ စိုက်ပျိုး၍ အလွန်ဖြစ်ထွန်းသည်။ချောင်း၊အင်းအိုင်များပေါများသောကြောင့်ငါးများကိုစျေးတွင်ရောင်းချကျသည်။[၅]

ကိုးကား ပြင်ဆင်ရန်

  1. ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရွှေတောင်မြို့နယ် ရွှေနတ်တောင် - ညောင်စာရေး-ကွေ့မလမ်းကတ္တရာခင်းခြင်း (Pyay Aung Tagon Co. Ltd) မှတာဝန်ယူဆောင်ရွက်သည်။ ၂၀၁၈-၂၀၁၉
  2. ​​​​​​​အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)(27 APRIL 2019)
  3. ရှင်ဂေါတမဘုရားကြီးရှိ ဂေါပကလူကြီးများ
  4. မြန်မာနိုင်ငံရှိသန်းခေါင်စာရင်း၂၀၁၄ ခုနှစ်
  5. ညောင်စာရေးမြို့တွင်နေထိုင်သောသူများ၊​ကျေးလက်ဒေသရှိရွာသားများ