တက္ကအိမ်တော်အရှင်မ မာရီ (မေ ၂၆ ၁၈၆၇ - မတ် ၂၄ ၁၉၆၃; အင်္ဂလိပ်: Mary of Teck) သည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံဗြိတိသျှရာဇ အိန္ဒိယတိုက်ငယ်ကိုလိုနီနှင့် ဗြိတိသျှဓနသဟာယနိုင်ငံများမိဖုရားခေါင်ဘုရင်မကြီးအဖြစ် သတ္တမမြောက် အက်ဒဝပ်ဘုရင် နတ်ရွာစံသည့် ၁၉၁၀ ခုနှစ်မှ သူမ၏ခင်ပွန်းဖြစ်သူ ပဉ္စမမြောက် ဂျော့ဘုရင် နတ်ရွာစံသည့် ၁၉၃၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သောသူဖြစ်သည်။ ၁၉၃၆ ခုနှစ်မှ သူမသေဆုံးခဲ့သော ၁၉၆၃ ခုနှစ်အထိ ဘုရင့်မယ်တော်ကြီး (ကွင်းမားသား) အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ဗြိတိသျှသမိုင်းတစ်လျှောက်တွင် နန်းသက်အရှည်ကြာဆုံး မိဖုရားများတွင် ‌တစ်ယောက်အပါအဝင်လည်းဖြစ်သည်။ ဂျာမနီနိုင်ငံ (ထိုစဉ်အခါက ဂျာမန်အင်ပါယာ)၏ တက္ကအိမ်တော် မြို့စားမျိုးရိုးမှ ဆင်းသက်လာခဲ့သူဖြစ်‌‌လေရာ တက္ကအိမ်တော်အရှင်မ မာရီ (Mary of Teck) ဟူ၍လည်းကောင်း၊ နန်းတက်လာသောအခါ ဘုရင့်မိဖုရားဖြစ်လာသောကြောင့် ဘုရင်မကြီး မာရီ (Queen Mary) ဟူ၍လည်းကောင်း လူသိများကြသည်။

တက္ကအိမ်တော်အရှင်မ မာရီ
ပဉ္စမမြောက် ဂျော့ဘုရင်၏ မိဖုရားအဖြစ် တီယာရာဝင်ဆင်ထားသော မာရီ့ကို တွေ့ရပုံ (၁၉၁၄ ခုနှစ်တွင် ရိုက်ကူးထား)
ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၊ ဗြိတိသျှရာဇ အိန္ဒိယတိုက်ငယ်ကိုလိုနီနှင့် ဗြိတိသျှဓနသဟာယနိုင်ငံများ၏ မိဖုရားခေါင်ဘုရင်မကြီး
နန်းသက်၆ မေ ၁၉၁၀ – ၂၀ ဇန်နုဝါရီ ၁၉၃၆
ထီးနန်းဆက်ခံခြင်း၂၂ ဇွန် ၁၉၁၁
ဒေလီ ဒူလ်ဘာ၁၂ ဒီဇင်ဘာ ၁၉၁၁
မွေးဖွား(၁၈၆၇-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၅"။-၂၆)၂၆ မေ၊ ၁၈၆၇
ကင်ဆင်ဂ်တန် နန်းတော်လန်ဒန်မြို့ယူနိုက်တက်ကင်းဒမ်းနိုင်ငံ
ကွယ်လွန်၂၄ မတ်၊ ၁၉၅၃(၁၉၅၃-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၃"။-၂၄) (အသက် ၈၅)
မာလ်ဘိုရော့ဂ် နန်းတော်လန်ဒန်မြို့ယူနိုက်တက်ကင်းဒမ်းနိုင်ငံ
ထာဝရ အိပ်စက်ရာ နေရာ၃၁ မတ် ၁၉၅၃ (မြေမြှပ်ခဲ့သောနေ့)
စိန့်ဂျော့ ချာလ်ပယ်ဝင်ဆာ ရဲတိုက်
အိမ်ထောင်ဖက်ပဉ္စမမြောက် ဂျော့ဘုရင် (လက်ထပ် အမှား။ မရေရာသော အချိန်။; died အမှား။ မရေရာသော အချိန်။)
သားသမီးများ
စံအိမ်တက္ကအိမ်တော်
ခမည်းတော်မြို့စားကြီး ဖရန့်စစ်
မယ်တော်ကိမ်းဘရစ်ချ်မင်းသမီး မာရီ အာဒါလင်း
လက်မှတ်တက္ကအိမ်တော်အရှင်မ မာရီ၏ တရားဝင်ထိုးမြဲလက်မှတ်

ငယ်ဘဝအကြောင်း ပြင်ဆင်ရန်

မာရီ့ကို မေလ ၂၆ ရက် ၁၈၆၇ ခုနှစ်တွင် ဖခင် မြို့စားကြီး ဖရန့်စစ်နှင့် မိခင် ကိမ်းဘရစ်ချ်မင်းသမီး မာရီ အာဒါလင်း တို့မှ အင်္ဂလန်နိုင်ငံလန်ဒန်မြို့ရှိ ကင်ဆင်ဂ်တန် နန်းတော်အတွင်း၌ ဖွားမြင်ခဲ့သည်။ ဖခင်ဖြစ်သူမှာ ဂျာမန်စာဆိုတော်ဖြစ်ပြီး ဂျာမန်နန်းတွင်းအမတ်မျိုးဆက်မှ လာခဲ့သည့် မျိုးရိုးသန့်ပညာတတ်တစ်ဦးဖြစ်သည်။ မိခင်ဖြစ်သူသည်လည်း ဝိတိုရိယ ဘုရင်မကြီး၏ ဝမ်းကွဲညီအစ်မတော်စပ်သူဖြစ်ကာ ကိန်းဘရစ်ချ်မြို့ကို အပိုင်စားရသည့် တော်ဝင်မင်းသမီးကြီးဖြစ်သည်။

သူမမွေးခါစက တော်ဝင်မိသားစုဝင်များက လာရောက်ကြည့်ရုကာ လှပသောမျက်ဝန်း၊ ဖြူစင်သောအသွင်နှင့် နူးညံသောဆံကေသာတို့ကို ပိုင်ဆိုင်သည့်နတ်သမီးငယ်လေးဟု မှတ်ချက်ပေးခဲ့ကြောင်း နန်းတွင်းမှတ်တမ်းတို့အရ သိရှိရသည်။ ဖခင်ဖြစ်သူက မွေးခါစအရွယ် မာရီကလေးကို နတ်သက်ကြွေထားသူဟူသလားထင်ရ‌‌သော်လည်း ကျပ်တည်းသည့် အသွင်ရှိ‌‌ကြောင်း ‌ဆိုခဲ့‌သည်။ သူမ၏မွေးလဖြစ်သည့် မေလကိုအစွဲပြုကာ ငယ်စဉ်အခါက သူမကို "မေ" ဟုခေါ်တွင်ခဲ့ကြသည်။ သူမ၏အမည်ဖြစ်သည့် "မာရီ" ဟူသော အမည်ကို သူမ၏မိခင်အား ရည်ညွှန်း၍ အမည်တပ်ခဲ့ခြင်းဖြစ်သည်။ သူမ၏ ငယ်ဘဝအချိန်အများစုကို နော့ဖော့လ်ဒေသနှင့် ဂလောက်စတာဒေသတို့တွင် အချိန်ကုန်လွန်၍ ကြီးပြင်းခဲ့သည်။

သူမသည် တတိယမြောက် ဂျော့ဘုရင်၏ မြစ်တော်ဖြစ်သော်လည်း သူမသည်ဗြိတိသျှတော်ဝင်မိသားစု၏အသေးစားမိသားစုဝင်တစ်ဦးမျှသာရှိခဲ့သည်။ ဖခင်ဖြစ်သူသည် အကြွေးထူသောသူဖြစ်ရာ စီးပွားရေးလုပ်ငန်းများပြုလုပ်ရန်အတွက် ၁၈၈၃ ခုနှစ်တွင် သူ၏မိသားစုသည် ပြည်ပသို့ ပြောင်းရွှေ့ခဲ့ရသည်။ ဥရောပတိုက်တခွင်ကို ခရီးထွက်ပြီး သူမတို့မိသားစု၏ ဆက်ဆံရေးကိုပြုပြင်ကာ ငွေကြေးပြေလည်‌‌စေရန် ဒေသအမျိုးမျိုးသို့လည်ပတ်ခဲ့ရသည်။ သူမသည် အနုပညာပြခန်းများ၊ ဘုရားကျောင်းများနှင့် ပြတိုက်များသို့ သွားရောက်လည်ပတ်ခြင်းကို နှစ်သက်သည့်အတွက် အီတလီနိုင်ငံဖလောရန့်စ်မြို့တွင် နှစ်အနည်းငယ်ကြာ‌အောင် ခေတ္တ‌‌အ‌‌ခြေချ‌နေထိုင်ခဲ့သည်။ သူမသည် အင်္ဂလိပ်စကားကိုသာမက ဂျာမန်ဘာသာစကားနှင့် ပြင်သစ်ဘာသာစကားတို့ကိုလည်း ကျွမ်းကျွမ်းကျင်ကျင်နားလည်သိရှိခဲ့သည်။

 
နာမည်ကျော် ဓာတ်ပုံဆရာ အလက်ဇန်းနား ဘာစာန်နို ဓာတ်ပုံရိုက်ကူးထားသော မာရီ့၏ မိသားစုဓာတ်ပုံ (၁၈၈၄ ခုနှစ်တွင် ရိုက်ကူးထား)

သတို့သားလောင်းများ ပြင်ဆင်ရန်

ကွင်းချားလော့ဘောလ် အခမ်းအနားတွင် မာရီ့ကို ပထမဦးဆုံးအကြိမ် တင်ပြမိတ်ဆက်ပြီးနောက် ဗြိတိသျှတော်ဝင်မိသားစု၏ အရေးပေးမှုကို ခံလာရသည်။ ထို့နောက် ဝိတိုရိယ ဘုရင်မကြီးနှင့်တကွ မိသားစုဝင်များကပါ မာရီ့ကို အိမ်ထောင်ပြုရန် တွန်းအားပေးမှုများ စတင်လာခဲ့သည်။

၁၈၉၁ ခုနှစ်တွင် လူတန်ဟိုတိုက်တော်ဟုခေါ်သော သံအမတ်တစ်ဦး၏ နေအိမ်၌ မင်းသား အဲလ်ဘတ်ဗစ်တာသည် မာရီ့ကို လက်ထပ်ခွင့်တောင်းခဲ့ရာ မာရီက သဘောတူလက်ခံခဲ့သည်။ သို့သော်လည်း အဲလ်ဘတ်ဗစ်တာသည် လက်ထပ်ခွင့်တောင်းပြီး ခြောက်ပတ်အကြာတွင် ကမ္ဘာတစ်ဝှမ်းရှိတုပ်ကွေးရောဂါကူးစက်မှုတွင် ဖြစ်ပွားကာ သေဆုံးသွားခဲ့သည်။

မင်းသား အဲလ်ဘတ်ဗစ်တာ၏ညီအငယ် ယောက်မြို့စား မင်းသား ဂျော့ (ပဉ္စမမြောက် ဂျော့ဘုရင် လောင်းလျာ)သည် ၁၈၉၃ ခုနှစ်တွင် မာရီ့ကို လက်ထပ်ခွင့်တောင်းခဲ့ရာ မာရီက ပြေပြေလည်လည်သဘောတူလက်ခံခဲ့ပြန်သည်။ ဂျော့သည် မာရီ့ကို လွန်စွာချစ်မြတ်နိုးပြီး လက်ထပ်ခွင့်တောင်းပြီးသည်မှစ၍ ကိုယ်လုပ်တော်များထားရှိခြင်း မပြုလုပ်တော့ပေ။

 
မင်းသား အဲလ်ဘတ်ဗစ်တာနှင့် မာရီ (၁၈၉၁ ခုနှစ်တွင်ရိုက်ကူးထား)