တပ်မတော်ဒရုန်းတပ်ဖွဲ့ သည် မြန်မာ့တပ်မတော်စစ်လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်သည်။ "ဒရုန်းတပ်ဖွဲ့" ဟူသည့် တပ်ဖွဲ့၏ အမည်နာမ၌ပင် အဓိကထမ်းဆောင်ရသော တာဝန်မှာ ပေါ်လွင်နေလေသည်။ ဖွဲ့စည်းပုံအရ တပ်မတော် (ကြည်း) နှင့် ပို၍ဆက်စပ်မှုရှိလေသည်။

တပ်မတော်ဒရုန်းတပ်ဖွဲ့
တပ်မတော်ဒရုန်းတပ်ဖွဲ့၏ လက်မောင်းတံဆိပ်
အမြောက်တပ်ဖွဲ့တံဆိပ်နှင့်တူသည်။
သစ္စာခံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
စစ်လက်ရုံးတပ်ဖွဲ့
အခန်းကဏ္ဍရွေ့လျားတိုက်ခိုက်ခြင်း
တပ်
အရွယ်အစား
၂၀၀၀~
အစိတ်အပိုင်းကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
အရာရှိချုပ်ရုံးတပ်မတော်ဒရုန်းတပ်ဖွဲ့အရာရှိချုပ်ရုံး၊ စစ်ရုံး၊ နေပြည်တော်
အမည်ပြောင်ဒရုန်းအဖွဲ့
အရောင်များ
  •   Olive green
  •   Light green
  •   Red
အုပ်ချုပ်သူများ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
အရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီး
ဒု-အရာရှိချုပ်ဗိုလ်ချုပ်

သမိုင်းကြောင်း

ပြင်ဆင်ရန်

တပ်မတော်သည် ၂၀၀၀ ပြည့်နှစ်၀န်းကျင်မှစ၍ တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ တို့ထံမှ ဒရုန်းများအား စတင်၀ယ်ယူခဲ့သည်။ တပ်မတော်(လေ)၏ လက်အောက်တွင်ထားရှိ၍ ကင်းထောက်လှမ်းခြင်းများ ပြုလုပ်ခဲ့သည်။ ၂၀၁၀ ၀န်းကျင်ခန့်တွင် တပ်မတော်ဒရုန်းတပ်ဖွဲ့အား ဗိုလ်ချုပ် တစ်ဦးဖြင့် ဖွဲ့စည်း၍ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ လက်အောက်တွင်ထားရှိခဲ့သည်။ ထိုသို့ဖွဲ့စည်းခဲ့သော်လည်း အသုံးပြုခြင်းမရှိခဲ့ပေ။

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမည်ခံတော်လှန်ရေး အင်အားစုအဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဒရုန်းများ၏ တိုက်ခိုက်မှုများကြောင့် တပ်မတော်မှ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့်တပ်မတော်မှ ၂၀၂၄ ခုနစ်၊ မေလ ၀န်းကျင်တွင် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံထံမှ ဒရုန်းပညာရှင်များ၏ အကူအညီဖြင့် တပ်မတော်ဒရုန်းတပ်ဖွဲ့များအား ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ဖွဲ့စည်းပုံ

ပြင်ဆင်ရန်

တပ်မတော်ဒရုန်းတပ်ဖွဲ့ကို တပ်မတော် (ကြည်း)၏ ဖွဲ့စည်းပုံအတိုင်းဖွဲ့စည်းထားသော်လည်း အချို့အစိတ်အပိုင်းများသည် ရုရှား တပ်မတော်ဒရုန်းတပ်ဖွဲ့နှင့်ဆင်တူသည်။

တပ်မတော်ဒရုန်းတပ်ဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်းထားသည်။

  • ဒရုန်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး
  • တန်ပြန်ဒရုန်း စစ်ဆင်ကွပ်ကဲရေးဌာန
  • ဒရုန်းလေ့ကျင့်ရေး သင်တန်ကျောင်းများ
  • ဒရုန်း၀ယ်ယူရေးနှင့် အဆင့်မြှင့်တင်ရေးဌာန
  • ဒရုန်းပြင်ဆင်ရေးဌာန
  • ဒရုန်းနည်းဗျူဟာ လေ့လာရေးရုံး

တပ်မတော်ဒရုန်းတပ်ဖွဲ့၏ သင်တန်းကျောင်းများကို တိုင်းစစ်ဌာနချုပ်အလိုက်ထားရှိထားသည်။ သင်တန်းကျောင်းများတွင် လေကြောင်း‌ရန်ကာကွယ်ရေးတပ်ဖွဲ့ နှင့် ရုရှားနိုင်ငံမှ ပညာရှင်များက လေ့ကျင့်သင်ကြားပေးသည်။