တောင်သာမြို့
မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီးရှိ မြို့ငယ်
မြင်းခြံခရိုင် တောင်သာမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ တောင်သာမြို့သည် သာစည်-မြင်းခြံ မီးရထားလမ်းနှင့် မော်တော်ကားလမ်းပေါ်၌ တည်ရှိ၍ မြင်းခြံမှ ၁၄ မိုင် ကွာဝေးသည်။ မြို့ပင်ငယ်သော်လည်း အရောင်းအဝယ် အလွန်စည်ကားသည်။ ထင်ရှားသော ထွက်ကုန်များမှာ ထန်းလျက်၊ ဆီ၊ ဝါ၊ နှမ်း၊ ပြောင်းတို့ဖြစ်သည်။ တောင်သာထန်းလျက်သည် ကုန်သည် လောကတွင် ထင်ရှားသည်။
တောင်သာမြို့ | |
---|---|
မြို့ | |
မြို့လယ်နာရီစင် | |
တောင်သာမြို့တည်နေရာ | |
ကိုဩဒိနိတ်: 21°16′44″N 95°26′48″E / 21.27889°N 95.44667°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | မြင်းခြံ |
မြို့နယ် | တောင်သာမြို့နယ် |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၂၁၆,၃၉၉ [၁] |
• ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
တောင်သာမြို့နယ်၏ အကျယ်အဝန်းသည် စတုရန်းမိုင် ပေါင်း ၅၁၆ မိုင်မျှရှိ၍၊ ၁၉၅၃ မိုင်မျှရှိ၍၊ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၄၁၈ ယောက်ရှိသည်။ [၂]
ကိုးကား ပြင်ဆင်ရန်
- ↑ Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၉၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 26, 2015 တွင် ပြန်စစ်ပြီး
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ ၅